Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

ဆင်ပေါင်ဝဲမြေသိမ်းမှု ဆန္ဒပြလယ်သမားခေါင်းဆောင်ကို အမှုဖွင့်အရေးယူ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်က လယ်ယာမြေဧက ၃ သောင်းကျော်မှာ မှတ်ပုံတင်ခွင့်ရရှိဖို့အတွက် မနေ့က မကွေးမြို့သစ်တောရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ တောင်သူတွေထဲက ဦးဆောင်သူတစ်ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ပုဒ်မ ၁၉နဲ့ မကွေးမြို့ အမှတ် ၂ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

ရဲစခန်းက ခွင့်ပြုချက်ပေးတဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဆန္ဒမပြဘဲ မနေ့က ဆန္ဒပြခဲ့တဲ့အတွက် အမှုဖွင့်ခံရတာဖြစ်တယ်လို့ အမှုဖွင့်ခံရတဲ့ ဆန္ဒပြပွဲဦးဆောင်သူ ကိုတင်ထွန်းအောင်က ပြောပါတယ်။

"ကျနော်တို့ကဒေသမှာ တောင်သူတွေနဲ့ စီစဉ်ပြီးသားဖြစ်နေတဲ့အတွက် ကျနော်တို့က ရက်ပြောင်းလို့မရတော့ဘူး၊ ဒါကြောင့် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပွဲလုပ်ခဲ့တယ်"

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘို၊ ကုန်းသာ၊ ကန်ကျောင်းနဲ့ ငှက်ပျောကျင်းစတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာမြေဧက ၃ သောင်းကျော်ကို သစ်တောဦးစီးဌာနက ဘရုံသစ်တော ကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ဒေသခံလယ်သမား တစ်ထောင်ခန့်က မနေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြလယ်သမားတွေက ဘရုံသစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့တာကို ပယ်ဖျက်ပေးဖို့နဲ့ အဲ့ဒီလယ်ယာမြေတွေကို မှတ်ပုံတင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မနေ့ကဆန္ဒပြနေစဉ်မှာ မကွေးမြို့ ရဲစခန်းက တားမြစ်ခဲ့သလို ဆန္ဒပြပွဲအပြီးမှာ ဦးဆောင်သူ ကိုတင်ထွန်းအောင်ကို အမှုဖွင့်ကြောင်း အကြောင်းကြားစာပေးလိုက်တာဖြစ်ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ