Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

လူဟန့်စ် လေဆိပ်ကို ယူကရိန်းတပ်တွေ လက်လွှတ်ရ

ယူကရိန်း အရှေ့ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ အပြီးမှာ ယူကရိန်း တပ်ဖွဲ့တွေ အနေနဲ့ လူဟန့်စ်မြို့ လေဆိပ်ကို လက်လွှတ် လိုက်ရကြောင်း ယူကရိန်း အစိုးရက ပြောပါတယ်။

သူတို့အဆို ရုရှား တင့်ကားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အခုလို လက်လွှတ် ဆုတ်ခွာခဲ့ရတာလို့ ပြောပါတယ်။

အနီးအနားက မြို့တွေမှာလည်း ရုရှား တပ်တွေကို တပ်ဖြန့်ထားတယ်လို့ ယူကရိန်း ပြောခွင့်ရသူက ဆိုပါတယ်။

အစောပိုင်းကတော့ ရုရှားဟာ သူ့တပ်ဖွဲ့တွေကို ယူကရိန်း နယ်မြေထဲ စေလွှတ်ပြီး ပေါ်ပေါ်တင်တင် ကျူးကျော်နေတယ်လို့ ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုက စွပ်စွဲထားပြီး မော်စကိုကတော့ သူ့တပ်ဖွဲ့တွေ စေလွှတ်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ယူကရိန်း အစိုးရ၊ ရုရှားနဲ့ ဥရောပ လုံခြုံရေးအဖွဲ့ OSCE တို့ ဘယ်လာရုစ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်း လူ ၂၆၀၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။



လူဟန့်စ် မြို့ပြင်က ယူကရိန်း တပ်ဖွဲ့တွေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ