Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

မြန်မာဒုက္ခသည်နောက်ဆုံးအသုတ် ဂျပန် ရောက်ရှိ

ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက လူဦးရေ ၂၃ ယောက်ပါဝင်တဲ့ မိသားစုငါးစုဟာ တတိယနိုင်ငံမှာ အခြေချနေထိုင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သောကြာနေ့ညနေပိုင်းက ရောက်ရှိခဲ့ကြပါတယ်။

ကရင်တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ အဲဒီ ၂၃ ယောက်အသုတ်ဟာ ဂျပန်နိုင်ငံ အစီအစဉ်အတွက် နောက်ဆုံးအသုတ်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ရေးအစီအစဉ်ကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ခဲ့တာပါ။ နှစ်စဉ် ဒုက္ခသည်အရေအတွက် ၃ဝ လက်ခံဖို့ဖြစ်ပေမဲ့၊ အဲဒီအရေအတွက်မပြည့်မီခဲ့ဘူးလို့ ဆိုပါတယ်။
၂ဝ၁၄ ခုနှစ်အထိ အစီအစဉ်တစ်ခုလုံးအတွက် ဒုက္ခသည် စုစုပေါင်း ၈၆ ယောက်သာ ဂျပန်ကိုရောက်ရှိလာခဲ့ကြ တာပါ။ ၂ဝ၁၂ ခုနှစ်ကဆိုရင် တစ်ယောက်မှရောက်မလာကြဘူးလို့ သိရပါတယ်။

လာမယ့်နှစ်ကစပြီး ဂျပန်အစိုးရဟာ မလေးရှားမှ မြန်မာနိုင်ငံသားဒုက္ခသည်တွေကို ခေါ်ယူမှာဖြစ်ပါတယ်။
ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေဟာ ဂျပန်ဘာသာစကားနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ တက်ရောက်သင်ယူကြရမှာဖြစ်ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ