
ဒါပေမဲ့ အမေဇုန်သစ်တောတွေ ဖုံးလွှမ်းနေတဲ့ ဒီနေရာရဲ့ ပတ်ဝန်းကျင်ရှုခင်းတွေဟာ ရင်သပ်ရှုမောဖွယ် ကောင်းလှအောင် လှပနေတာကြောင့် ခရီးသွားကုမ္ပဏီတွေက ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်သင့်တဲ့ နေရာတွေမှာ ထည့်သွင်းထား ပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်ရာမှာ အန္တရာယ် မဖြစ်စေဖို့ စက်ဘီးနဲ့သာ သွားရောက်စေခဲ့ပါတယ်။
မိုင် (၄၀) ကွာဝေးတဲ့ခရီးကို စက်ဘီးနဲ့ လာရောက်တဲ့ ခရီးသွား အရေအတွက်က တစ်နှစ်ကို (၂၅၀၀၀) ခန့်ရှိတယ်လို့ သိရပါ တယ်။ တောင်တက် စက်ဘီးကို စီးနင်းကာ လှပတဲ့ ရှုခင်းတွေကို မြင်တွေ့ရတဲ့ ခံစားမှုမျိုးဟာ တစ်သက်မှာ တစ်ကြိမ်သာ ရနိုင်တယ်လို့ ဘိုလီးဗီးယား ခရီးသွားကုမ္ပဏီတွေက ဖွင့်ဟထား ကြပါတယ်။ ဒါပေမဲ့ ခရီးသွားတွေဟာ ဧည့်လမ်း ညွှန်တွေ သတ်မှတ်ထားတဲ့ စည်းကမ်းကို တိကျစွာ လိုက်နာဖို့လို ပါတယ်။ အန္တရာယ်များတဲ့ ခရီးစဉ်မှာ ခရီးသွားတွေ လိုက်နာဖို့ စည်းမျဉ်းတွေ ထုတ်ပြန်ပေးထားပြီး ခရီးအကွာအဝေး အပေါ် မူတည်ကာ ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကို အမြဲတမ်း သတိပေးလေ့ရှိပါတယ်။ အမြင့်ပေ မီတာ (၁၁၀၀) ကို ရောက်တဲ့အခါ ဒေသခံတွေရဲ့ ရွာတွေကို ရောက်ရှိမှာဖြစ်ပြီး လတ်ဆက်တဲ့ ဘီယာတွေကို သောက်သုံးခွင့်ရမှာ ဖြစ်ပါတယ်။ စက်ဘီးစီးနင်းရာမှာ ညာဘက် ကနေ မောင်းနှင်ခြင်း မပြုဖို့ တားမြစ်ထားပြီး ဒီလမ်းကို ၁၉၉၄ ခုနှစ် ကတည်းက သေမင်း တမန်လမ်းအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။



































No comments:
Post a Comment