“”ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင်
လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက်
တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက် သထက်ရောက်ပြီး
လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့ ရောက်သွားတယ် . . .””
ဗိုလ်ချုပ်အောင်ဆန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)
ဘာလင်တံတိုင်းလို့ဆိုရင် နဂိုက ဂျာမနီ နိုင်ငံကြီးကို နှစ်ခြမ်းခွဲထားတဲ့
ကွန်ကရစ်ပြားကြီးတွေကို ပြေးမြင် မိမှာပါ။ အရှေ့ဂျာမနီနဲ့ အနောက်~
ဂျာမနီကို နှစ်ခြမ်းခွဲပြီး တစ်ဖက်တစ်ခြမ်းစီမှာ တိုးတက်နေတဲ့ တိုင်းပြည်
မှာ နေထိုင်ရသူနဲ့ တစ်ဖက်မှာတော့ မတိုးတက်မှုတွေကို ခံစားနေရတဲ့ ပြည်သူတွေ
ရှိပါတယ်။ ဒါပေမဲ့လည်း ဂျာမနီပြည် သူတွေ ပြန်ပေါင်းစည်းလို့
ဘာလင်တံတိုင်းလည်း မြေခခဲ့ရပါတယ်။ တချို့ကဆိုရင် ဘာလင် တံတိုင်းနဲ့ ဂလိုဘယ်
လိုက်ဇေးရှင်း (ကမ္ဘာ့ရွာ)ကိုတောင် ချိတ်ဆက်လို့ ပြောသူကပြော၊
ရေးသူကရေးလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သေချာ တာ တစ်ခုကတော့ ပြည်သူ့အလိုကျ
ဘာလင်တံတိုင်းကြီး ပြိုလဲလို့ ဂျာမနီ ဟာလည်း တစုတစည်း ဖြစ်ခဲ့ပါတယ်။
ဟော အခုလာပြန်ပါပြီ။ ဘာလင်တံတိုင်းမှာ အသုံးပြုခဲ့တဲ့ ကွန်ကရစ်
ပြားကြီးတွေပေါ်မှာ ကမ္ဘာအရပ်ရပ်က အကြမ်းမဖက်လမ်းစဉ်ကို ကျင့်သုံးခဲ့၊
ကျင့်သုံးဆဲ ဖြစ်တဲ့ ပုဂ္ဂိုလ်ငါးဦးရဲ့ ပုံတွေကို ရေးဆွဲပြီး ဂုဏ်ပြုသတဲ့။
ဂုဏ်ပြု ခံရတဲ့သူတွေကတော့မှာ လက်ဝဲ၀ါဒကနေ လက်ယာဝါဒကို ဂျာမန်နိုင်ငံရေး
သမားကြီး ၀ီလီဘရန့် Willy Brandt၊ တိဗက် ဒလိုင်းလားမား၊ အိန္ဒိယ
လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူ မဟတ္တမဂန္ဒီ၊ တောင်အာဖရိကရဲ့
ငြိမ်းချမ်းရေးရှင်ကြီးလို့ တင်စားခံရတဲ့ နယ်လ်ဆင် မင်ဒဲလားနဲ့ မြန်မာပြည်က
ဒေါ်အောင်ဆန်းစုကြည်တို့ပါ။
ဘာလင်တံတိုင်းအဖြစ် အသုံးပြုခဲ့တဲ့ ကွန်ကရစ်ပြားကြီးတွေပေါ်မှာ
လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ မတူညီတဲ့ အမြင်တွေနဲ့ ပန်းချီပုံတွေ၊
စာတန်းတွေကို ရေးထိုး ထားပေမယ့်လည်း ထူးထူးခြားခြား လူပုဂ္ဂိုလ် ငါးဦးရဲ့
ပုံတွေကိုပဲ ထည့်သွင်းရေးဆွဲ ဂုဏ်ပြုထားတာပါ။ ဒီကွန်ကရစ်ပြားတွေ ကို
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ၀ယ်ယူပြီး အခုလို ပြုလုပ် ခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဒေသ အသီးသီးက ငြိမ်းချမ်းရေးအတွက် အကြမ်းဖက် လမ်းစဉ်ကို စွန့်လွှတ်၊
ငြိမ်းအေးတဲ့ လမ်းစဉ်နဲ့ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲပုဂ္ဂိုလ်တွေကို
ဂုဏ်ပြုခြင်း တစ်ရပ်လည်း ဖြစ်ပါ တယ်။ နောက်တစ်ခုက အဲဒီဘာလင်တံတိုင်း
ကျောက်ပြားတွေဆိုတာ ခွဲခြား ခံထားရခြင်းရဲ့သင်္ကေတ အမှတ်အသားတစ်ခု၊
ပြည်သူတွေရဲ့ ညီညွတ်ခြင်းနဲ့ ပေါင်းစည်းခြင်း အချိန်မှာ စွန့်ပစ် ခံရတဲ့
ပစ္စည်း တစ်ခုပါ။ အခုတော့ ဒီစွန့်ပစ်ခံ အရာတွေရဲ့အပေါ်မှာ အကြမ်းမဖက်ခြင်း၊
လွတ်လပ်ခြင်းတို့နဲ့ ပတ်သက်လို့ အမျိုးမျိုး ရေးဆွဲ ခံရနေရသလို
ဒီလမ်းစဉ်ကို တစိုက်မတ်မတ် ကျင့်သုံးခဲ့သူ၊ ကျင့်သုံးနေဆဲ သူတွေရဲ့
ရုပ်ပုံတွေဟာ ခမ်းနားထည်ဝါစွာ ရှိနေပါပြီ။
မြန်မာနိုင်ငံသား ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို
အခုလိုမျိုး ဂုဏ်ပြုခံရတာ မြင်တော့ နိုင်ငံသား တစ်ယောက်
အနေနဲ့““ဒါမှတို့ဗမာ””ကွလို့ စိတ်ထဲမှာ ကြုံးဝါးမိတယ်။ ကိုယ့်တိုင်းပြည်က
ပါတီတစ်ခုရဲ့ ခေါင်းဆောင်၊ အများက လူထုခေါင်းဆောင်လို့ အမည်တပ် ဂုဏ်ယူ
ပြောဆို ခံနေရသူတစ်ဦးကို အခုလို ဂုဏ်ပြုတာဟာ ကိုယ့်နိုင်ငံအတွက်
လက်ခမောင်းခတ် ဂုဏ်ယူရမယ့် ကိစ္စပါ။
အခုလိုမျိုး ကန့်သတ်ခြင်း သင်္ကေတ ဘာလင်တံတိုင်းပေါ် မှာ မြန်မာနိုင်ငံသားတွေ
အနေနဲ့ ရုပ်ပုံရေးဆွဲခံရတာ ဒုတိယအကြိမ်ပါ။ ၂၀၁၃ ခုနှစ်တုန်း အတွင်းမှာ
ပထမအကြိမ်ရေးဆွဲ ခံရတာကတော့ သမ္မတ ဦးသိန်းစိန်ပါ။ ဒါပေမဲ့ ရေးဆွဲခံရတဲ့
အကြောင်းအရာ ကတော့ မတူပါဘူး။ ရေးဆွဲခံရတဲ့ အကြောင်းအရာက Dictator’s Wall
တဲ့။ Dictator ဆိုတာ မြန်မာလိုဆို အာဏာရှင်လို့ အဓိပ္ပာယ် ရပါတယ်။သမ္မတ
ဦးသိန်းစိန်နဲ့အတူ ဖော်ပြ ခံရတဲ့သူတွေက အီရန်သမ္မတ မာမွတ် အာမက်ဒီနေဂျက်၊
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ၊ လစ်ဗျား ခေါင်းဆောင် ကဒါဖီ၊
ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ၊ ဆူဒန်သမ္မတ Omar Al-bashir၊ ဆီးရီးယားသမ္မတ
ဘက်ရှာအယ်လ် အာဆတ်စတဲ့ အာဏာရှင်တွေနဲ့တွဲပြီး ဖော်ပြထားတာပါ။
သမ္မတဦးသိန်းစိန်ကို ဘာရည်ရွယ် ချက်နဲ့ အာဏာရှင်စာရင်းမှာ ထည့်သွင်းထားတယ်
ဆိုတာကတော့ ရုပ်ပုံဖော်ညွှန်းတဲ့ သူတွေပဲ သိနိုင်မှာပါ။
သေချာတာ တစ်ခုကတော့ အရပ်ဝတ်လဲ အစိုးရခေါင်းဆောင် သမ္မတ ဦးသိန်းစိန်ကို
အာဏာရှင်စာရင်းမှာ ထည့်သွင်း ရေးဆွဲခဲ့တာကတော့ အမှန်တကယ်ပါ။ ဒီနေရာမှာ
ကျွန်တော့်အနေနဲ့ တွေးမိတာက မြန်မာနိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်နဲ့
အတိုက်အခံ ခေါင်းဆောင်လို့ ခေါ်ရမယ့် သူနှစ်ဦးဟာ စည်းခြားခြင်း သင်္ကေတ ဘာလင်
တံတိုင်းပေါ်မှာ မတူညီတဲ့ ခေါင်းစဉ်နှစ်ခု နဲ့ ဖော်ပြခံရတာဟာ နိုင်ငံတကာနဲ့
နိုင်ငံတကာက အနုပညာရှင် တွေရဲ့ စိတ်နှလုံးကို ဖော်ပြလိုက်တယ် ဆိုတာပါ။
တစ်ယောက်က အာဏာရှင်၊ တစ်ယောက်က ငြိမ်းချမ်းရေး သမား။ မတူညီမှုတွေနဲ့
တွဲစပ်ခံထားရတဲ့ အနုပညာ တစ်ရပ်ကို ဖော်ညွှန်း ထားသလိုပါပဲ။
တွေးမိတာလေးတစ်ခုကို ထပ်ပြီး ဖောက်သည်ချပါရစေ။
ပြည်ပက အနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးသမား၊
သမ္မတဦးသိန်းစိန်ကို အာဏာရှင်လို့ ပြောနေ၊ ပုံတွေရေးဆွဲ ဖော်ညွှန်းနေတဲ့
အပေါ် ကျွန်တော်တို့ ပြည်သူတွေကကော အဲဒီအတိုင်း မြင်ကြသလား၊ ဘယ်လိုမြင်ကြသလဲ
ဆိုတာက တွေးတော ရတော့မှာပါ။ အဘက်ဘက်က ကျပ်တည်းမှုတွေနဲ့ ဘ၀ကိုဖြစ်သလို
ရုန်းကန်နေရလို့ တွေးတော ချိန်တွေ ပျောက်ဆုံးလို့၊ မရှိလို့များ
မတွေးတောမိကြတာလား။
ဒါဆိုရင် ကျွန်တော်တို့ အချက်အလက်တွေနဲ့ စဉ်းစားကြည့်ရအောင်။
စာဖတ်သူတို့လည်း ကျွန်တော် မေးချင်တဲ့ မေးခွန်းလေးကို ကိုယ့်ဘာသာကိုယ်
ဖြေဆိုရင်း စဉ်းစားကြရအောင်။ အချိန်ရတယ် ဆိုရင်ပေါ့။
သမ္မတ ဦးသိန်းစိန်ကို နိုင်ငံ့ရဲ့ခေါင်းဆောင်အနေနဲ့ လက်ခံသလား။
ကျွန်တော့်အတွက် အဖြေက နှစ်ခု ထွက်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေအရတော့ လက်ခံတယ်။
ဒါပေမဲ့ လူထုက တင်မြှောက်တဲ့ သမ္မတ အဖြစ်တော့ လက်မခံနိုင်ဘူး။
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုကော အကြမ်းမဖက် ငြိမ်းချမ်းရေး လမ်းစဉ်ကို
ကိုင်စွဲထားသူအဖြစ် လက်ခံသလား။ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၉၀
ရွေးကောက်ပွဲကို ကြည့်လို့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး
စစ်အစိုးရက အာဏာ မလွှဲပေးတဲ့အပေါ် ကြားဖြတ်အစိုးရဖွဲ့ဖို့ တိုက်တွန်းမှုတွေ
ရှိပေမယ့် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချင်လို့
အတိုက်အခံတွေကြား အကွဲအပြဲတွေ ဖြစ်ကုန် ဖူးပါတယ်။
အကြောင်းအမျိုးမျိုးပြပြီး နေအိမ်အကျယ်ချုပ် ချခံရပေမယ့် စစ်တပ်ကို
မမုန်းပါဘူး၊ တွေ့ဆုံ ဆွေးနွေးရေး လုပ်ပါ့ရစေလို့ ကမ်းလှမ်းခဲ့သူပါ။
ဒါဆိုရင် ကျွန်တော်တို့ အလိုရှိတဲ့နိုင်ငံ ခေါင်းဆောင်နဲ့ အစိုးရဆိုတာက
ဘယ်လိုမျိုးလဲ။ ထပ်ပြီး စဉ်းစား ရအောင်။ ဒီနေရာမှာ ကျွန်တော် ကတော့
ခေါင်းဆောင်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတွေကို
ပြန်ကိုးကားချင်ပါတယ်။
““ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင်
ပြောရဲရမယ်။ ညွှန်ပြရဲ ရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင် မဖြစ်စေရဘူး။
ကျွန်တော်ကတော့ လူတိုင်းအကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့်
လူထု အကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ”” (ဗိုလ်ချုပ်အောင်ဆန်း
– ၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
နောက်ပြီး ဗိုလ်ချုပ်ပြောခဲ့တဲ့ အစိုးရနဲ့ ပတ်သက်တဲ့ စကားတစ်ခုကိုလည်း ထပ်ပြီး ကိုးကားပါရစေ။
““အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမ
ခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့ တယ်။ ယခုခေတ်မှာတော့
ကားလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘော တရားဟာ တဖြည်းဖြည်း
ခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံးတရား မဟုတ်သေးဘူး။ ရှာတုန်း၊
ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလို သဘောအမျိုးမျိုး ဆိုပေမယ့်
နိုင်ငံရေးဟာ စီးပွားရေး အုတ်မြစ်ပေါ်မှာ တည်တယ် ဆိုတာကတော့ ဘယ်သူမှ
မငြင်းတော့ပါဘူး။
လူရယ်လို့ ဖြစ်လာရင် လူဟာ စားရမယ်၊ ၀တ်ရမယ်၊ နေရမယ်။ အဲဒီအစား အ၀တ်၊
အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ ၀တ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့
အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်း လုပ်ငန်းစနစ်တွေ
ပေါ်လာတဲ့အခါ လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းမှု စနစ်ဟာ ပေါ်လာတယ်။ လူတန်းစား
ခြားနားလာကြတယ်။ အဲဒီလိုခြားနား လာကြရာက အကျိုးချင်း ကွဲပြားပြီး ပဋိပက္ခ
ဖြစ်လာကြတယ်။ ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု
ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။
တင်မြှောက်တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက်သထက်
ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့
ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေက အာဏာအပ်လို့ ဖြစ်လာတာပါကလား
ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။ အဲ ရှင်ဘုရင် စနစ်လို
သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာ ရှိတော့မလဲ””
(ဗိုလ်ချုပ်အောင်ဆန်း (၂၀-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင်
မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)
ကဲ . . .ကျွန်တော်ကတော့ ဗိုလ်ချုပ် ပြောခဲ့သလို နိုင်ငံ့ခေါင်းဆောင်မျိုး
ဦးဆောင်တဲ့၊ ပြည်သူက ယုံယုံ ကြည်ကြည် လေးလေးစားစား အားကိုးတကြီး
တင်မြှောက်ခွင့်ရတဲ့ အစိုးရအဖွဲ့မျိုးသာ ရခဲ့မယ်ဆိုရင်ဖြင့် အတိတ်က
ရွှေထီးဆောင်းခဲ့ရတဲ့ မြန်မာပြည်မျိုး ပြန်လည်ရရှိမှာ မလွဲဧကန်ပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Saturday, September 27, 2014
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
September
(1389)
- DVB - ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် တွံတေးလယ်သမာ...
- DVB - မူးယစ်ဆေးဝါးပြသနာ ထိရောက်စွာ ဖြေရှင်းပေးဖို့...
- DVB -30-09-2014 VoxPop
- သီချင်းနားထောင်ရတာဝါသနာပါသူများအတွက် Rocket Player...
- သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်...
- အိင်္ကျီဒီဇိုင်းလေးလုပ်မယ်
- မိမိဓါတ်ပုံလေးကို အနားထောင့်လေးမှာကော်လံစတိုင်ဒီဇိ...
- 3D ဒီဇိုင်းလုပ်နည်းနဲ့ အလင်းတန်းထည့်နည်း
- photoshop နဲ့ အပုံဖြတ်နည်းလေးနဲ့ နောက်ခံပုံပြောင်း...
- Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
- Folder Highlight For PC
- ★★ Modern Combat 5 - Blackout v1.0.1c {Android Gam...
- ♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေး...
- တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်
- မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသ...
- ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီ...
- လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒ...
- ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး...
- မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် မျ...
- ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ...
- မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည...
- အထက်အညာဒေသ ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအံ...
- ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်...
- ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး...
- နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့...
- အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို
- ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး
- ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်
- ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ
- မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စော...
- လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သ...
- အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန...
- ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသ...
- ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်
- ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ
- တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအာ...
- ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ
- ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
- မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ
- တိုက်ပွဲတွေကြောင့် မြ၀တီ နယ်စပ်လုံခြုံရေး တင်းကြ...
- ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ
- ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်...
- ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားမျာ...
- DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်
- ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ
- ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား
- အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း ...
- မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အြေ...
- ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီ...
- ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ
- အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်
- DVB - မြေနုကျွန်း နယ်နမိတ်သတ်မှတ်နိုင်ရေး ကိုင်းတေ...
- DVB - သိမ်ဖြူမီးရထားဝန်ထမ်းအိမ်ရာ ဖယ်ရှားဖို့ ညွှန်...
- DVB -29-09-2014 လယ်ယာမြေသိမ်းရုပ်သံ
- Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှ...
- တစ်ရက်အတွင်း Facebook မှာ Friend တွေ အများကြီးရအော...
- Hacking with Expert 3 (Facebook Hacking)
- Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လု...
- Facebook Lock မကျအောင်ကာကွယ်နည်း
- Facebook ရဲ့ Status ကို မမြင်အာင်ဝှက်ထားမယ်
- Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ
- မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာြ...
- Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက...
- Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖ...
- Facebook Auto Like လုပ်ပေးသည့် Site Lists များ
- အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ...
- Facebook Bug ( Hacking Facebook with 1 SMS Only )
- Facebook မှာ သင်ရှာထားသမျှကို သူများမသိအောင်ဖျက်ပစ...
- SAYTYA Facebook Caller (Facebook ပေါ်ကနေ FreeCallေ...
- Gmail နှင့် Facebook ကိုစတိုင်သစ်လေးနဲ့ လုပ်မယ် ..
- Facebook ပေါ်တွင် လှုပ်ရှားနေသောပုံတွေကိုတင်ကြမယ် [...
- Facebook ကို Pro တစ်ယောက်ကြီးလိုအသုံးပြုနည်း (နည်း...
- Facebook လော့ချင်ချင်သူများအတွက် Facebook Lock v.2...
- ♪ ဖုန်းတစ်ခုလုံးကိုရွှေရောင်များဖြင့်အလှဆင်ထားမယ့် ...
- FB Downloader v.1.3 APK (Facebook ပေါ်မှ ပုံ၊ ဗီဒီယ...
- Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆ...
- Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း (၁)
- သခင်သိန်းမောင်(ဝါးခယ်မ)ဈာပန အခမ်းအနား
- ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
- ခါကာဘိုရာဇီတွင် အဆက်အသွယ် ပြတ်တောက်သွားသော ကယ်ဆယ်ေ...
- ဆွဲကြိုးချသေဆုံး
- ပြေးပြေးလွှားလွှား နေ့ရက်များ
- Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ...
- တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေ...
- ရန်ကုန် စတော့အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုဖြ...
- အမျိုးသား (၁)ဦးယာဉ်တိုက်ခံရ၍ သေဆုံးမှုဖြစ်
- ဘီးလူးစီးသည် ဟုထင်မှတ်ပြီး အဖိုးဖြစ်သူက မြေးကို ရေ...
- ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ...
- DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ...
- ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အ...
- ကျောင်းခန်း မလုံလောက်မှုကြောင့် ကျောင်းသား အင်အားေ...
- ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
- အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေ...
- ဆောက်လုပ်ခွင့်လိုင်စင်မရှိသော အဆောက်အအုံများ ဆောက်...
- ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ
- ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံ...
- မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွား...
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အစုရှယ်ယာ ငါး...
- အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခ...
- ၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦး...
-
▼
September
(1389)















No comments:
Post a Comment