Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ဆရာတော် ဦးဝီရသူကို မပင့်ဖိတ်ရေး သီရိလင်္ကာ မွတ်စလင်ကောင်စီ တောင်းဆို

သီရိလင်္ကာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မဟာသံဃာ့ ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံက အမျိုးသား ဘာသာ သာသနာအဖွဲ့က ဆရာတော်ဦးဝီရသူကို ပင့်ဖိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြောကြား လိုက်တယ်လို့ သိရပါတယ်။

သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်စေထံ လိပ်မူပြီး ရေးသားထားတဲ့ပေးစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာအောင် လှုံ့ဆော်သူလို့ ထင်ရှားသူတစ်ဦးကို သီရိလင်္ကာမြေပေါ်ကို ဖိတ်ခေါ်တာမျိုးဟာ သီရိလင်္ကာနိုင်ငံက ငြိမ်းချမ်းရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီက ထောက်ပြကန့်ကွက်ထားပါတယ်။

သီရိလင်္ကာက မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီးများအဖွဲ့ Bodu Bala Sena က ဘုန်းတော်ကြီး ဂဏစာရ သီရို Gnanasara Thero နဲ့ အရှင်ဝီရသူတို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ခဲ့တယ်လို့လည်း ပေးစာမှာဖော်ပြထားပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ