Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

တောင်တက်သမားနှစ်ဦးကို ကူညီရှာဖွေ ပေးနေသော ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံးနေ

"ပျောက်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ကြိုးပမ်းရှာဖွေစဉ် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ်တစ်စီး အခြေစိုက်စခန်းသို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွား"

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသော သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေ ကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့ သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစ်စီးသည် လမ်းခရီးတွင် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိပါသည်။

၎င်း ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့အခြေစိုက် စခန်းတည်ရာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက်ရိက္ခာပို့ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းမှ နာယကကြီး ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါ သွားခဲ့ကြသည်။

ရိက္ခာပို့ဆောင်ရင်း အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခု အချိန်အထိ အဆက်အသွယ်ပြန်လည် ရရှိခဲ့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ် ပြတ်တောက်နေသော ရဟတ်ယာဉ်နှင့် ပြန်လည် အဆက်အသွယ်ရနိုင်စေရန် အချိန်နှင့် တပြေးညီ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ လည်းကောင်း ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေး ပစ္စည်းရိက္ခာများလည်း ပါသွားခဲ့ပါသည်။

ထပ်မံရရှိသော သတင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ