Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Friday, September 26, 2014
“ ညှို့ ငင် …လွမ်း ” (၀တ္တုတို)
လပြည့်ည ဆိုတော့ လမင်းကြီးကရွှန်းရွှန်းမြမြ သာနေပါရဲ့ ….
ပြူတင်းမှန်ချပ်တွေကိုထိုးဖောက်ပြီး နွယ့်ကုတင်ပေါ် ဖြာကျလင်းပလာတဲ့
လရောင်ကို ဘယ်လိုတားရပါ့ …
မလိုချင်ပါ ..မမြင်ချင်ပါ…
လူတစ်ကာ မျှော်လင့် တောင့် တတတ်တဲ့ လရောင်ကို နွယ်မုန်းပါတယ်…။
ညမိုက်ညတွေချည်းသာရှိနေပါတော့…လို့နွယ်ဆုတောင်းရင်လမင်းမျှော်သူ
အပေါင်းက နွယ့် ကို ငြူ စူကြမှာပါ…။
ည ဆိုတာ လ မရှိရင် မပြည့်စုံတော့ဘူးတဲ့ လား..
မဟုတ်ပါဘူး…ကြယ်လေးတွေရှိသားပဲလေ….
ညရေ…ကြယ်လေးတွေနဲ့ နေပေးပြီးလမင်းကြီးကိုမခေါ်ပါနဲ့ လား ဟင် …
လရောင်ကို…နွယ်ကြည့်မြင်နိုင်စွမ်းမရှိလို့ ပါ…။
လရောင်ဟာ..ဒီရေကိုတင်မကဘဲနွယ့်နှလုံးသားတွေကိုလည်းလွမ်းဆွတ်အောင်
ညှို့ ငင်နေလို့ ပါ…
တစ်ခြားအချိန်တွေမှာမေ့ထားလို့ရပေမယ့်လရောင်ကိုမြင်ရရင်နွယ့် နှလုံးသားထဲက
အလွမ်း တွေ ဟာ နွယ်ဘယ်လိုမှထိန်းချုပ်လို့ မရဘဲ ယိုစိမ့် စီးဆင်းလာတော့တာပါပဲ…
လမင်းကြီး ကို ငေးမော့ကြည့်ရင်း နွယ့် မျက်ဝန်းထဲမှာ အလွမ်းရဲ့ တမန်တော်မျက်ရည်စတွေ ခိုတွယ်လာပြီ…။
ငိုကြွေးခြင်းနဲ့အရှုံးမပေးချင်တဲ့နွယ်ဟာ..သူ့ရှေ့မှာဘယ်တော့မှမငိုမိအောင်
မာန်တင်းနိုင်ခဲ့  လို့ လို့ နွယ့် မျက်ရည်တွေကို သူမမြင်ဖူးပါဘူး…
သူသိတဲ့နွယ်ဟာ….စကားတစ်ခွန်းကအစအတင်စီးမခံ..အကြောမခံတဲ့ 
မိန်းမတစ်ယောက် ပေါ့ ….တကယ်တော့နွယ်ဟာရင်ထဲက ချစ်ခြင်းမေတ္တာ ကို တိတ်တိတ်လေးသိမ်းခဲ့ ရသူဆိုတာတော့သူ မသိခဲ့ပါဘူး..။
သိအောင်မကြိုးစားခဲ့ တာလည်းပါမှာပါ..လို့ နွယ် စွပ်စွဲရင် ခနဲ့ တဲ့ တဲ့  နဲ့  သူ ပြုံးဦးမှာပါ…
ကိုယ်မနှစ်သက်တဲ့  အကျင့် စရိုက်တွေရှိတဲ့  သူတစ်ယောက်ကို မကြိုက်တဲ့ ကြားကနေ သံယောဇဉ်မကုန်နိုင်သေးတာ နွယ့် ရဲ့ ဘ၀ပေး ကုသိုလ်များလား…
နွယ် မနှစ်လို တဲ့ သူ့ ကိုမမေ့နိုင်သေး ဘဲ နင့် နင့် သည်းသည်း လွမ်းမိပြန်လေတော့ နွယ့် နှလုံးသား တွေ နာကျင်ကြေကွဲရပါပြီ။
တကယ်တော့…သူ လည်းသိခဲ့ တာပဲလေနွယ် ဟာ သူ့ ရဲ့ မထိတထိ ၊ ခနိုးခနဲ့ ပြောတာတွေကို တခွန်းမှ အကြောမခံပေမယ့်  သူ့ ဖြစ်ချင်တာတွေကို တတ်နိုင်သလောက် ဖြည့် ဆည်းပေးခဲ့ တယ်ဆိုတာ သူ နိုင်ငံခြားထွက်မသွားခင်ကတည်းက သိမှာပါ…။
သူ နဲ့ နွယ် လုပ်ငန်းခွင်တခု မှာ စတွေ့ တုန်းကတည်းက အလုပ်ကြိုးစားပြီး တိုးတက်အောင်မြင်ချင်တဲ့ သူ့ ကို နွယ် သဘောကျမိပါတယ်..။
လုပ်ဖော်ကိုင်ဖက်အနေနဲ့ခင်မင်လာကြတော့လည်း သူ့ ရဲ့ အိပ်မက်တွေကို နားထောင်ပေးရင်း သူ့ လိုအင်ဆန္ဒတွေပြည့်လာဖို့ ဘယ်လို လုပ်ပေးရမလဲလို့ တွေးပေးခဲ့ တယ်…။
မိဘမရှိ တော့ ဘဲ လောကကြီးထဲမှာ တစ်ယောက်တည်း ရုန်းကန်ကြိုးစားနေရတဲ့ သူ့ အပေါ် သနားမိတယ်…။
လိုတာဖြည့်ပေးချင်မိတယ်…။အချိန်ကြာလေ..သူ့အပေါ်သံယောဇဉ်တွေတိုး
လာလေမို့နွယ်ဟာ နွယ့် ဘ၀အတွက်ထက် သူ့ ဘ၀အတွက်ပဲ အမြဲစဉ်းစားပေးခဲ့ပါတယ်…။
ပြောရရင်…သံယောဇဉ် နှောင်ကြိုးကို ငင်ခဲ့သူက နွယ်ပါ …။
သူဟာ သူ့ အတွက်အမြဲဦးစားပေးပြီး သူ့ အပေါ်ကောင်းလွန်းလို့ သာ နွယ့် ကို ခင်တွယ်လာပေမယ့်တကယ်တော့အတ္တကြီးတတ်သူပါ…။သူဖြစ်ချင်တာ၊
သူလိုချင်တာတွေနဲ့ လုံးထွေးရစ်ပတ်ပြီးနွယ့် စိတ်ကို နားလည်မပေးတတ်သူပါ….။
ဒါပေမယ့်လည်းလေ.. ကမ္ဘာဦးအစကနေ ခုထိလည်း အမြဲ ဖြစ်တည်နေတဲ့ 
အမှန်တရား….အချစ်ကြီးသူဟာ ရှုံးစမြဲပါ…။
နွယ် ဟာ သူ့ ဘ၀အတွက်ပဲခေါင်းထဲထည့် ပြီး သူသွားချင်တဲ့ နိုင်ငံ သွားရဖို့  ၊ သူသင်ချင်တဲ့ ပညာသင်ရင်း သူလုပ်ချင်တဲ့ အလုပ်ရအောင် အသိမိတ်ဆွေတွေ အကူအညီနဲ့  လိုက်စုံစမ်းပေးခဲ့တယ်…။သူအွန်လိုင်းကနေစာမေးပွဲဖြေဖို့ အတွက်
ဘာတွေလေ့လာရမလဲသိအောင်မေးပေးခဲ့တယ်…
သူ ၀င်ခွင့်အောင်ပြီးသွားဖို့ ဗီဇာကျလာတော့ သူ့ ထက်ပိုပျော်ခဲ့ တယ်….။
သူသွားခါနီးလိုတာတွေလိုက်ဝယ်ပေးပြီးရေခြားမြေခြားမှာဘယ်လိုနေ..
ဘယ်လိုထိုင်ဆိုပြီး တစ်တွတ်တွတ်ပြောနေတဲ့ နွယ့် ရင်ထဲကသံယောဇဉ်ကို
သူ သိမှာပါ…။
ဒါပေမယ့် …သူ မသိချင်ယောင်ဆောင်ခဲ့ တယ်….။
နွယ့်စေတနာကိုအသိအမှတ်ပြုတဲ့စကားတစ်ခွန်းမှသူမဆိုဖူးဘူး…နွယ့်ကိုညင်သာနူးညံ့ တဲ့  လေသံနဲ့ သူ တခါမှမပြောဖူးဘူး…သူ့ ကိုလိုက်ပို့ တဲ့ နေ့  …. လေဆိပ်ထဲမှာ သူ့ ကိုအကြာကြီးခွဲရတော့မှာမို့ နွယ် ၀မ်းနည်းနေပေမယ့် သူကတော့ နောက်ပြောင် ရယ်မောနေနိုင်ခဲ့ တယ်..။
သူ..ရေခြားမြေခြားမှာအဆင်ပြေနေရာကျတဲ့အထိနွယ်လှမ်းပူပင်ပေးခဲ့တယ်…။
ကျောင်းလည်းတက်ရပြီ၊အလုပ်လည်းရပြီဆိုတော့မှနွယ့်မှာဟင်းချနိုင်ပါတော့တယ်..။ သူ့ အပေါ်လေးနက်တဲ့ မေတ္တာ ၊ စေတနာ တွေ ထားနေတဲ့ နွယ်ဟာ သူ့ ဆီက စကားတစ်ခွန်းကိုတော့  လိုချင်မျှော်လင့် မိတာအမှန်ပါ …။
နွယ် စောင့်ခဲ့ပါတယ်…။
နွယ့် .. ကိုချစ်တယ်..ဆိုတဲ့ စကား သူပြောလာမယ့်အချိန် နွယ် စောင့်ခဲ့ပါတယ်…
ဒါပေမယ့် …. သူ ကျောင်းတက်ရင်း အလုပ်လုပ်ရင်း သုံးနှစ်ကျော် ကြာလာပေမယ့်  နွယ်ထင်သလို ဖြစ်မလာခဲ့ ဘူး…
နွယ့် ဆီကဂရုစိုက်တာပဲ ခံချင်ပြီး နွယ့် ကို ဂရုစိုက်ကြင်နာတဲ့ စကား သူမပြောခဲ့ဘူး..။
အွန်လိုင်းမှာဆုံကြရင်း…တစ်ဖြည်းဖြည်းနဲ့နွယ့်ကိုသူပိုင်စိုးပိုင်နင်းစကားတွေ
ပြောဆိုလာတော့ ရင်နာလိုက်တာ…နွယ်လိုချင်တာ ဒီလိုစကားတွေမှမဟုတ်တာ…
ချစ်ခြင်းမေတ္တာကိုနူးညံ့သိမ်မွေ့စွာခံစားရင်ခုန်ချင်တဲ့နွယ်ဟာသူ့ ရဲ့ သားပြောမယားပြော
ပုံစံနဲ့ ပြောတတ်တဲ့ ကြမ်တမ်းတဲ့ စကားလုံးတွေကို လုံးဝ မနှစ်မြို့ ဘဲ စိတ်တိုဒေါသဖြစ်ရမြဲပါ…။
နွယ့်ရင်ထဲမှာအမြတ်တစ်နိုးနဲ့သိမ်းဆည်းထားတဲ့အချစ်ဆိုတဲ့အမြုတေ
ရတနာလေးက.. သိပ်အဖိုးတန်ပါတယ်…။
ခေတ်တွေဘယ်လိုပြောင်းပြောင်း….မိန်းကလေးတစ်ယောက်ကိုမြတ်မြတ်နိုးနိုးနဲ့ 
ချစ်ခွင့် ပန်တတ်မှ..တန်ဖိုးထားပြီးဘ၀ခရီးဖော်ဖြစ်ခွင့်တောင်းတတ်မှ ...
အမျိုးကောင်းသားယောင်္ကျားတစ်ယောက်လို့ နွယ်သတ်မှတ်ပါတယ်…။
ဒီလို သတ်မှတ်တဲ့ နွယ့် ဆန္ဒတွေကို ပြောပြနေရဲ့ သားနဲ့  မသိချင်ယောင်ဆောင်နေ တာဟာ နွယ့် ကိုမြတ်နိုးမှုမရှိတာလို့ ပဲ နွယ်ယူဆပါတယ်….။
နွယ်..ဟာသူဘယ်အချိန်ခူးခူးခြွေခြွေအလွယ်တကူကြွေကျလာမယ့် ပန်းတစ်ပွင့် ...လို့  သူမှတ်ယူထားပုံပါ..။နွယ့်ကိုချစ်ခွင့်မပန်ဘဲနဲ့…ချစ်သူရည်းစားလိုပိုင်စိုးပိုင်နင်းပြောတတ်တာဟာစည်းကျော်တာမို့ နွယ် အပြောမခံတော့ပါဘူး။ ဒီလိုကျပြန်တော့ သူပြောတာမခံတဲ့ နွယ့် ကို ကြီးကျယ်ပါသတဲ့ ။
နွယ်အပြောမခံပေမယ့် သူဒီလိုပြောတာကိုရယ်မောပြီးသဘောကျတဲ့ကောင်မလေးတွေ.. အွန်လိုင်းမှာ အများကြီး ရှိပါသတဲ့ … သူတို့ တွေနဲ့ ပြောရတာပျော်ရပါသတဲ့ .
.နွယ့် လို သူ ပြောသမျှဆင်ဆာလိုက်ဖြတ်နေတဲ့ မိန်းကလေး နဲ့  ပြောရတာ စိတ်ကျဉ်းကျပ်ပါသတဲ့ ….။
သူပြောတာတွေနားထောင်ရင်းနွယ်နားလည်လိုက်တာက….
သူ..နွယ့် ကို တန်ဖိုးမထားဘူးဆိုတာပါပဲ…။
နောက်ဆုံး အွန်လိုင်းမှာ တွေ့ ရပြောရတာ ဘယ်လိုမှအဆင်မပြေတဲ့ အခါ
နွယ်ရင်နာနာ နဲ့  သူ့ ကိုဘလော့လုပ်လိုက်ပါတယ်..။
ဒီလို သူ့ ကိုဘလော့လုပ်လိုက်တဲ့ နွယ့် ကိုလည်း သူ ဆတ်ဆတ်ခါ နာသွားပါတော့တယ်…။နောက်ဆုံး နွယ့် ဆီ သူပို့ တဲ့ မေးလ် မှာ ရေထားတာက…
နွယ် အဖြစ်သည်းနေပေမယ့်  အွန်လိုင်းမှာသူပိုင်စိုးပိုင်နင်းပြောသမျှခံမယ့်
မိန်းကလေးတွေ ၊ သူ နဲ့ ချက်တင်ပြောရရင် ပျော်နေတဲ့ မိန်းကလေးတွေ ရှိပါသတဲ့ …၊ သူတို့ နဲ့ ပဲ ပြောပါတော့မယ်တဲ့ ….။
ဒီလိုနဲ့ …နွယ်တို့ …တကယ်ဝေးသွားပါတယ်…
နွယ့် ကို သူ ပြန်မဆက်သွယ်ခဲ့ပါဘူး…။
နေပါတော့လေ….၊ ကိုယ့်ကိုတန်ဖိုးမထားတဲ့ ယောင်္ကျားတယောက်ကို နွယ့် ဘက်က ဘယ်တော့မှ အရင် စပြီးမခေါ်တော့ပါဘူး။
ဇာတ်သိမ်းသွားပြီလို့ပြောရမယ့်နွယ်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းမှာဓါးစာခံဖြစ်သွားရတာက တော့သူ့ ကို ချစ်တဲ့ နွယ့် နှလုံးသားပါ…။
နှလုံးသားလေးရေ..အားနာပါတယ်
မင်း..နာကျင်ပင်ပန်းမယ်ဆိုတာသိပေမယ့် နွယ် မလျှော့ နိုင်ခဲ့ဘူးကွယ်….။
သိမ်မွေ့ တဲ့  ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလွန်းလို့  သူ့ ကိုစွန့် ခွာ ခဲ့ တဲ့ နွယ့် ကို နားလည်ပေးပါနော်…။
ခုလိုညဥ့်နက်ချိန်ဆို…အွန်လိုင်းမှာသူပိုင်စိုးပိုင်နင်းပြောသမျှသဘောကျနေတဲ့ ကောင်မလေးတွေနဲ့ အီစီကလီလုပ်ရင်းသူပျော်နေမယ်နဲ့ တူပါရဲ့ ….။
ဒီလိုလူမျိုးကို လွမ်းရတာ မတန်လို့ နွယ် မလွမ်းချင်ပါဘူး ….မေ့ ပစ်နေပါတယ်…။
ထာဝရ ဘယ်တော့မှ သတိမရဘဲမေ့ နိုင်အောင် ကြိုးစားနေတဲ့ နွယ့် ကို ကျေးဇူးပြု ပြီး မနှောင့် ယှက်ပါနဲ့ လား လမင်းကြီးရေ…
လွမ်းအောင်ညှို့ ငင်တတ်တဲ့လရောင်တွေ ပြန်သိမ်းဆည်းပေးပါ
လွမ်းစေတတ်တဲ့  လရောင်မရှိတဲ့ ကမ္ဘာလောက မှာ နွယ် နေပါရစေ
လရောင်ရေ…နွယ့် ဆီ ကို ဘယ်တော့မှ မလာပါနဲ့ တော့နော်
လွမ်းဆွတ်ခြင်းဆိုတာ… ကို နွယ့် ဘ၀ထဲကနေအပြီးအပိုင်မောင်းထုတ်ချင်လို့ ပါ….။
Labels:
ဝတ္တုတို
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
September
(1389)
- DVB - ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် တွံတေးလယ်သမာ...
- DVB - မူးယစ်ဆေးဝါးပြသနာ ထိရောက်စွာ ဖြေရှင်းပေးဖို့...
- DVB -30-09-2014 VoxPop
- သီချင်းနားထောင်ရတာဝါသနာပါသူများအတွက် Rocket Player...
- သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်...
- အိင်္ကျီဒီဇိုင်းလေးလုပ်မယ်
- မိမိဓါတ်ပုံလေးကို အနားထောင့်လေးမှာကော်လံစတိုင်ဒီဇိ...
- 3D ဒီဇိုင်းလုပ်နည်းနဲ့ အလင်းတန်းထည့်နည်း
- photoshop နဲ့ အပုံဖြတ်နည်းလေးနဲ့ နောက်ခံပုံပြောင်း...
- Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
- Folder Highlight For PC
- ★★ Modern Combat 5 - Blackout v1.0.1c {Android Gam...
- ♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေး...
- တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်
- မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသ...
- ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီ...
- လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒ...
- ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး...
- မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် မျ...
- ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ...
- မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည...
- အထက်အညာဒေသ ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအံ...
- ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်...
- ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး...
- နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့...
- အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို
- ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး
- ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်
- ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ
- မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စော...
- လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သ...
- အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန...
- ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသ...
- ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်
- ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ
- တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအာ...
- ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ
- ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
- မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ
- တိုက်ပွဲတွေကြောင့် မြ၀တီ နယ်စပ်လုံခြုံရေး တင်းကြ...
- ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ
- ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်...
- ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားမျာ...
- DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်
- ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ
- ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား
- အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း ...
- မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အြေ...
- ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီ...
- ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ
- အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်
- DVB - မြေနုကျွန်း နယ်နမိတ်သတ်မှတ်နိုင်ရေး ကိုင်းတေ...
- DVB - သိမ်ဖြူမီးရထားဝန်ထမ်းအိမ်ရာ ဖယ်ရှားဖို့ ညွှန်...
- DVB -29-09-2014 လယ်ယာမြေသိမ်းရုပ်သံ
- Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှ...
- တစ်ရက်အတွင်း Facebook မှာ Friend တွေ အများကြီးရအော...
- Hacking with Expert 3 (Facebook Hacking)
- Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လု...
- Facebook Lock မကျအောင်ကာကွယ်နည်း
- Facebook ရဲ့ Status ကို မမြင်အာင်ဝှက်ထားမယ်
- Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ
- မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာြ...
- Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက...
- Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖ...
- Facebook Auto Like လုပ်ပေးသည့် Site Lists များ
- အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ...
- Facebook Bug ( Hacking Facebook with 1 SMS Only )
- Facebook မှာ သင်ရှာထားသမျှကို သူများမသိအောင်ဖျက်ပစ...
- SAYTYA Facebook Caller (Facebook ပေါ်ကနေ FreeCallေ...
- Gmail နှင့် Facebook ကိုစတိုင်သစ်လေးနဲ့ လုပ်မယ် ..
- Facebook ပေါ်တွင် လှုပ်ရှားနေသောပုံတွေကိုတင်ကြမယ် [...
- Facebook ကို Pro တစ်ယောက်ကြီးလိုအသုံးပြုနည်း (နည်း...
- Facebook လော့ချင်ချင်သူများအတွက် Facebook Lock v.2...
- ♪ ဖုန်းတစ်ခုလုံးကိုရွှေရောင်များဖြင့်အလှဆင်ထားမယ့် ...
- FB Downloader v.1.3 APK (Facebook ပေါ်မှ ပုံ၊ ဗီဒီယ...
- Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆ...
- Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း (၁)
- သခင်သိန်းမောင်(ဝါးခယ်မ)ဈာပန အခမ်းအနား
- ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
- ခါကာဘိုရာဇီတွင် အဆက်အသွယ် ပြတ်တောက်သွားသော ကယ်ဆယ်ေ...
- ဆွဲကြိုးချသေဆုံး
- ပြေးပြေးလွှားလွှား နေ့ရက်များ
- Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ...
- တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေ...
- ရန်ကုန် စတော့အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုဖြ...
- အမျိုးသား (၁)ဦးယာဉ်တိုက်ခံရ၍ သေဆုံးမှုဖြစ်
- ဘီးလူးစီးသည် ဟုထင်မှတ်ပြီး အဖိုးဖြစ်သူက မြေးကို ရေ...
- ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ...
- DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ...
- ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အ...
- ကျောင်းခန်း မလုံလောက်မှုကြောင့် ကျောင်းသား အင်အားေ...
- ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
- အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေ...
- ဆောက်လုပ်ခွင့်လိုင်စင်မရှိသော အဆောက်အအုံများ ဆောက်...
- ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ
- ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံ...
- မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွား...
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အစုရှယ်ယာ ငါး...
- အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခ...
- ၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦး...
-
▼
September
(1389)














No comments:
Post a Comment