Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ကစားသမား ဦးခေါင်းထိခိုက်ပါက ဘောလုံးပွဲ ၃ မိနစ် ရပ်နားမည်



ကစားသမား ဦးခေါင်းထိခိုက်ပါက ဘောလုံးပွဲ ၃ မိနစ် ရပ်နားမည်
ဘောလုံးပွဲအတွင်း ကစားသမားများ ဦးခေါင်း ထိခိုက်ဒဏ်ရာရင် ဆေးကုသမှု ပေးနိုင်ဖို့ ပြိုင်ပွဲကို သုံးမိနစ် ရပ်နား မယ်လို့ ဖီဖာဆေးဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မိုက်ကယ် ဒီဟူဂီက ပြောဆို လိုက်ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ ညီလာခံမှာ ပြောကြား ခဲ့တာဖြစ်ပြီး ဦးခေါင်းထိခိုက်သွားတဲ့ ကစားသ မား ဆက်လက်ကစားဖို့ အတွက် ဆရာဝန်တဦးတည်းရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်မယ်လို့ ဆိုပါ တယ်။

“ဦးခေါင်းထိခိုက်တယ်လို့ သံသယရှိတဲ့အခါ ပွဲကို သုံးမိနစ်ရပ်နားဖို့ ဒိုင်လူကြီးကို အမိန့်ပေးထားပါမယ်။ ကစားသမားရဲ့ အခြေအနေကို ကြည့်ရှုစစ်ဆေးဖို့အတွက် အသင်းက ဆရာဝန်ကို အချိန်ပေးဖို့ပါ။ အာရုံကြောနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့၊ ကစားသမားနဲ့ စကားပြောဖို့အတွက် ဆရာဝန်မှာ အခွင့်အရေး ရှိနေပြီး ဆရာဝန်က လက်ခံမှသာ ဒိုင်လူကြီးက အဲဒီကစားသမားကို ဆက်လက်ကစားစေမှာပါ” လို့ ဒီဟူဂီ က ပြောပါတယ်။

ဒီအစီအစဉ်ကို စက်တင်ဘာ ၁ ရက်နေ့က ယူအီးအက်ဖ်အေ ဆေးဘက်ဆိုင်ရာ ကော်မတီကို တင်ပြခဲ့ပြီး၊ တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။

ဒါ့အပြင် လာမယ့် သီတင်းပတ်မှာ ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီနဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဖီဖာအမှုဆောင်ကော်မတီတွေကို ပေးပို့တင်ပြသွားမယ်လို့ ဒီဟူဂီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးခေါင်းထိခိုက်ခဲ့တဲ့ ကစားသမား ၅ ဦးအထိ ရှိခဲ့ပြီး သူတို့ဟာ ပြည့်ဝတဲ့ ကျန်းမာ
ရေးစောင့်ရှောက်မှု မရရှိခဲ့တဲ့အတွက် ဖီဖာက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ