Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 21, 2014

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ


ငွေကြိုးနှင့် ကြာပန်းပုံရေစာ ပါဝင်နေပြီး မျက်နှာပြင်ပါ ကြမ်းတမ်းနေမှုကြောင့် ခွဲခြားရခက်သော်လည်း ကြာပန်းပုံရေစာ ပိတ်နေမှုကြောင့် အတုအဖြစ်ခွဲနိုင်ကာ ပုဂ္ဂလိကဘဏ်တစ်ခုမှ အပေါက်ဖောက်လိုက်သည့် ငွေတုနှင့် အစစ်ပုံအား ယှဉ်တွဲတွေ့ရစဉ်

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။


“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး သိမ်းမယ်လုပ်တယ်။ ကျွန်တော်က သိမ်းတော့မသိမ်းပါနဲ့။ သုံးမရအောင်လုပ်ပြီး ပြန်ပေးပါပြောမှ အပေါက်ဖောက်ပြီး ပြန်ပေးတယ်။ ဒီပိုက်ဆံကို ဘယ်အချက်ကြောင့် အတုဆိုတာသိအောင် နှစ်ရက်လောက် စဉ်းစားလိုက်ရတယ်။ ကျွန်တော်တို့ နည်းမျိုးစုံကိုင်ကြည့်တယ်။ အကုန်နီးပါးတူတယ်။ ၁ဝဝဝဝ လို့ရေးထားတဲ့ စာလုံးကလည်း ဖောင်းကြွပါပါတယ်” ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအား တွေ့ရှိခဲ့သူတစ်ဦးက ရှင်းလင်းပြောကြားသည်။


အစစ်နှင့် အလွန်တူသည့် တစ်သောင်းကျပ်တန် အတုများတွင် ရေစာ (water-mark) ပါဝင်ခြင်း၊ ငွေကြိုးပါဝင်ခြင်းနှင့် ယခင်ကထွက်ရှိသည့် ငွေတုများကဲ့သို့ မျက်နှာပြင် ချောမွေ့နေခြင်းမရှိဘဲ နေရာတိုင်းနီးပါးတွင် အစစ်နှင့် ခွဲရခက်အောင် ကြမ်းတမ်းနေခြင်း စသည့်အချက်များကြောင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အစစ်နှင့် ခွဲရခက်လာခြင်းဖြစ်ကြောင်း Myanmar Property Market place လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။


“ကျွန်တော်က ဘဏ်လောကက မဟုတ်ပေမယ့် ကျွန်တော့်အစ်ကိုက ဘဏ်လောကကပါ။ ဒီပိုက်ဆံအတုကို တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ဝိုင်းစစ်ဆေးတော့ ဒီပိုက်ဆံမှာ ငွေကြိုးနဲ့ ကြာပန်းပုံရေစာကပဲ သိသိသာသာ ကွာခြားနေတယ်။ ကျွန်တော်တို့ ဒီပိုက်ဆံကို တွေ့ခဲ့တာက လှည်းတန်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ခဲ့တာပါ” ဟု Myanmar Property Market place မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။


အဆိုပါ ငွေအတုနှင့် အစစ်အား နှိုင်းယှဉ်ကြည်မှုအရ အရှေ့မျက်နှာတွင်ပါဝင်သည့် ရောင်ပြန်ကြိုးမှာ ဘယ်ညာရှုထောင့်ပြောင်း၍ လှုပ်ပြီးကြည့်ပါက အစစ်တွင် အရောင်ပြောင်း၍ ငွေစက္ကူအတုတွင် အရောင်ပြောင်းလဲမှုမရှိကြောင်း သိရသည်။


“ဘဏ်ဝန်ထမ်းတွေ အနေနဲ့တော့ အခုအချိန်ထိ ခွဲခြားနိုင်နေတုန်းပါပဲ။ သာမန်လူတွေကတော့ သတိထားသင့်တယ်” ဟု ဘဏ်နှင့်ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။


ထို့ပြင် ကြာပန်းပုံ ရေစာနေရာတွင် အထူအပါး ကွာခြားခြင်း၊ အချောအကြမ်းကွာခြားခြင်းကို တွေ့ရှိရပြီး ငွေစက္ကအစစ်မှာ ပါး၍ကြမ်းတမ်းပြီး အတုမှာထူထဲ၍ ချောမွေ့နေသည်။ ယင်းအပြင် ငွေစက္ကူအတု၏ရေစာမှာ ပိုမိုကြီးမားနေပြီး အလင်းရောင်တွင်ကြည့်ရှုပါက အတုမှာ ပို၍အလင်းပိတ်သည်ဟု Myanmar Property Marketplace တွင် ဖော်ပြထားချက်အရ သိရသည်။


“သာမန်လူတွေကတော့ သိချင်မှသိမှာလေ။ ကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေကတော့ သိတယ်။ အစစ်လားအတုလားဆိုတာ ချက်ချင်းခွဲနိုင်အောင် ကျွမ်းကျင်တယ်လေ။ ဗဟိုဘဏ်ကိုလည်း လှမ်းမေးကြည့်ပါ။ သူတို့မှာ အတုအစစ်ခွဲတဲ့ နည်းတွေက အများကြီးပါ။ သူတို့က ပင်တိုင်ပဲလေ။ သူတို့ဆီမှာ သတင်းအစုံအလင် ရောက်တယ်။ အတုနဲ့အစစ် ခွဲရခက်တယ်ဆိုတာတော့ အခုမှကြားဖူးတယ်။ ကျွန်တော်တို့ကတော့ မခက်ဘူးထင်တာပဲ။ အရင်တုန်းက စူပါဒေါ်လာတောင် ပေါ်ဖူးတယ်။ ဒါကလည်း စစ်လိုက်ရင်သိတာပဲ။ အတုအစစ်ခွဲတဲ့ စက်တွေလည်း ရှိနေတာပဲ။ အတုက အတုပါပဲ။ အခု ကျွန်တော်တို့ ငွေစက္ကူတွေ ထုတ်နေတာကလည်း ဂျာမနီနည်းပညာနဲ့ ထုတ်နေတာပါ။ အဆင့်မြင့်ပါတယ်။ နောက်ပြီး အတုက ဘယ်လိုမှ စက္ကူ နှစ်ထပ်နဲ့ မဖြစ်နိုင်ဘူး။ စက်ကြီးတွေက အကြီးကြီးတွေ၊ ကုန်ကျစရိတ်က အရမ်းများသွားမယ်” ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးသန်းလွင်က စက်တင်ဘာ ၂၀ ရက်က ပြောကြားသည်။


    ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း . . . . .


ထိုသို့ သုံးသပ်ချက်အရ ငွေတုငွေစစ် ခွဲခြားရာတွင် ပြည်သူများအတွက် အသိပညာပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာဆက်အောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသည့်အပြင် စာဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုမှု မရှိချေ။


ထိုသို့ ဘဏ်ဝန်ထမ်းများသာ အတုနှင့်အစစ် ခွဲခြားနိုင်နေပြီး သာမန်ပြည်သူများအနေနှင့် ခွဲခြားနိုင်မှုမရှိပါက နစ်နာမှုများနှင့် စိတ်မကောင်းစရာအဖြစ်များ တွေ့ကြုံရနိုင်ပြီး ကျပ်တစ်သောင်းတန်များအား သေချာစွာစစ်ဆေးသင့်ကြောင်း ဦးသန်းလွင်က ပြောကြားသည်။


“ကျွန်တော်တို့ ဗဟိုဘဏ်ကိုမေးကြည့်တော့ နယ်စပ်တွေမှာ နွားတွေဘာတွေ သွားရောင်းပြီး ငွေတုတွေရတယ်။ အဲဒါကို ဗဟိုဘဏ်သွားအပ်တဲ့အခါမှာ ပြဿနာလေးတွေ ဖြစ်တယ်ဆိုတာမျိုးတော့ ပြောဖူးတယ်။ အဲဒီလိုဆိုတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌလာတော့ မေးကြည့်တယ်။ ဗဟိုဘဏ်မှာတော့ ငွေစက္ကူ အတုနဲ့အစစ် ခွဲတဲ့စက်ကြီးတော့ ဝယ်ထားတယ်လို့ သိရတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့မှာ ဆန်ရှင်ရှိနေတော့ ကျွန်တော်တို့ ဂျာမနီကဝယ်ထားတဲ့ စက်တွေရဲ့ ဆေးတွေရော၊ အပိုပစ္စည်းတွေရော ဆယ်နှစ်လောက် ဝယ်လို့မရတာ ဖြစ်ခဲ့ဖူးတယ်။ ၂ဝ၁၁ နောက်ပိုင်းလွှတ်တော်တွေ ပြန်စချိန်မှာ အမေရိကန်ရဲ့ ဆန်ရှင်ကလည်း တဖြည်းဖြည်း လျော့လာတဲ့အချိန်မှာ ဆေးတွေ အပိုပစ္စည်းတွေ ပြန်ဝယ်လို့ရလာတယ်။ နိုင်ငံတကာအဆင့်မီ ငွေထုတ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့ထပ်ပြောတာက အမေရိကန်ဒေါ်လာမှာတောင် အတုအစစ်ဆိုတာ ရှိတာပဲ။ တုတယ်ဆိုတာကတော့ အဖိုးတန်တဲ့ပစ္စည်းမှာ တုတာပဲလေ။ တစ်သောင်းတန်၊ ငါးထောင်တန်ပဲ တုတာပေါ့လေ။ တစ်ထောင်တန်တို့ ငါးရာတန်တို့ကတော့ တုခဲတာပေါ့။ ၁ဝဝ ကျပ်တန်ဆိုရင် အတုတောင် မလုပ်ဖူးလို့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအား ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ပြည်သူများအကြား လှည့်လည်သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။


ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများ မကြာခဏတွေ့ရှိပြီးနောက် အစစ်နှင့်ခွဲခြားရခက်လာသည့် ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။


ထို့ပြင် ငွေစက္ကူအတုသည် သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားသဖြင့် စာလုံးဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား သိပ်သည်းကျစ်လျစ်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ်မခံနိုင်ခြင်း၊ ငွေစက္ကူပါနံပါတ်များမှာ နေရောင်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်အောက်တွင် ကြည့်ရှုပါက ပေါ်လွင်ပြတ်သားမှု မရှိခြင်း၊ လုံခြုံရေးကြိုးမှာလည်း ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည့် ငွေစက္ကူအတုနှင့်အစစ် ခွဲနည်းအရ သိရသည်။ ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို ကျပ် ၂၈ဝဝ ဘီလျံကျော်အထိ ထုတ်လုပ်ထားပြီး ပြင်ပလောကနှင့် စီးပွားရေးလောကတွင် ငွေတုများ ပျံ့နှံ့နေနိုင်သဖြင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ အမှုဖွင့်တိုင်ကြား အရေးယူခြင်းများ ပြုလုပ်နေကြောင်း ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးထားသည်။


မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိထောင်ဒဏ်ကို ဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ