Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Friday, September 26, 2014
" ရောင်စုံကမ္ဘာထဲမှာ"
“ ပဲပြုတ် ….ပဲပြုတ် ”
မနက်ခင်း တိုင်းကြားနေကျ ခင်မမ ရဲ့ နှိုးစက် အသံလေးကို နားထောင်ရင်း အိပ်ယာပေါ်မှ လူးလဲ ထလိုက်ပါသည်။ဒီနေ့  ပဲပြုတ်ထမင်းကြော်လေးနဲ့ ကော်ဖီလေးသောက်မယ်လို့ တွေးပြီး မီးဖိုချောင်ဘက်ထွက်လာတော့ ဒေါ်အေးက ထမင်းကြော်နေပါပြီ။
ဒါပေမယ့် ခင်မမ စားချင်နေတဲ့ ပဲပြုတ်မပါပါဘူး...
“ ဒေါ်အေး…ခုန မနီ အော်သံကြားလိုက်ပါတယ်..ပဲပြုတ် မ၀ယ်လိုက်ဘူးလား ”
“ ကြက်ဥထမင်းကြော်ပဲစားတော့မမရေ…မနီပဲပြုတ် တမင်မ၀ယ်တာ ”
“ ဘာဖြစ်လို့ လဲ … ခါတိုင်း သူ့ ဆီက၀ယ်နေကျပဲလေ..သူ့ ပဲပြုတ်လေး ထွေးထွေးအိအိလေး
မမ သိပ်ကြိုက်တာ..သူများပဲပြုတ် တွေ နဲ့ ကို မတူဘူး”
“ အေး…အဲ့ လို သူများနဲ့ဘာလို့ မတူတာလဲဆိုတာ ဒေါ်အေးသိသွားပြီမမရေ”
“ ဟင်..ဘာတွေ့ တာလဲ..”
“ မနေ့ ညနေက မနီသမီးလေး နဲ့ လမ်းထိပ်ကဆိုင်မှာဆုံတယ် …သူ လာဝယ်တာ အ၀တ်လျှော်ဆော်ဒါအေ့ …အရင်က ဆို ရင်တော့ အမှုမဲ့ အမှတ်မဲ့ပါပဲ…
အရင်လ ညည်းတူမ မီမီ လာတုန်းက သေချာရှင်းပြထားလို့ …ပဲပြုတ်တွေပွအိနူးလာအောင် ဒီအ၀တ်လျှော်ဆော်ဒါတွေ ထည့်ကြတယ်ဆိုတာသိလို့  မနီသမီးလေးကို ဒီဆော်ဒါတွေ ဘာလုပ်ဖို့ လည်းလို့  မေးလိုက်တော့ အမေ ပဲပြုတ်တဲ့ အိုးထဲထည့်မလို့ တဲ လေ… စားသောက်ကုန်တွေ သေချာစစ်ပြီးမှ စားပါလို့ မီမီပြောတုန်းက ပိုလိုက်တာထင်နေတာ.. ခု လက်တွေ့ ပဲ”
“ဟုတ်လား…မမတော့မသိဘဲမနီပဲပြုတ်နေ့ တိုင်းစားလာတာနှစ်ချီနေတာ.. မမအစာအိမ်ထဲဘာတွေဖြစ်နေပြီလဲပဲ.. စိတ်ညစ်တယ်”
ပြောရင်း ရင်တွေတုန်လာပါသည်။
ခင်မမ တစ်ယောက် ခုတလော နေရတာမကောင်းပါ။
ရင်တွေလည်းအရမ်းတုန်ကာတလှပ်လှပ်နဲ့ မောနေပါသည်။
ဒေါ်အေး က ဆေးခန်းသွားပြဖို့ ပြောပေမယ့် သူ က မလှုပ်ပါ။
“ မမရယ်..ညည်းနှယ်ရောဂါကိုမွေးထားတယ်... ဆေးခန်းသွားပြလိုက်ပါလားအေ”
“ ပြလည်းမထူးပါဘူးအဒေါ်ရယ်..အရင်အပတ်က သွားပြတာအဓိက က အစားသိပ်မစားလို့  အားနည်းနေတာတဲ့  ”
“ အေး..ငါလဲအဲ့ ဒီကိစ္စပြောမလို့ ..ခုတလောညည်းဘာဖြစ်နေတာလဲမမ ၊ ထမင်းစားရင်လည်း တို့ ကနန်းဆိတ်ကနန်း ၊ အချိုပွဲသစ်သီးလည်းမစား ၊ အရင်က ကြိုက်လှချည်ရဲ့ ဆိုတဲ့  လက်ဖက်လည်းလှည့်မကြည့်တော့ဘူး.. အို..ဘာမှကိုမစားတော့တာပါ။
အရင်ကဆိတ်ပါးစပ်လို တတွတ်တွတ် နဲ့  နန်းစတော့ စားနေရာကဘာဖြစ်လို့ လဲ .. စားချင်စိတ်ကိုမရှိတာလား ”
“ ရှိတာပေါ့ ဒေါ်အေးရယ်…ကျမ အဲ့ ဒါတွေသိပ်စားချင်တာပါ ”
“ ဟဲ့ ..စားချင်စားပေါ့ ”
“ စားချင်ပေမယ့် စားလို့ မဖြစ်တော့ဘူး ဒေါ်အေးရယ်၊စိတ်ထဲ မသတီတော့ဘူး ”
“ ဘာလဲ..မီမီပြောသွားတာတွေကြောင့် လား…အေးဟယ်..ငါလည်ဈေးသွားရတာစိတ်ညစ်တယ်။
ဒီနေ့  တကယ်ဆို ညည်းစားချင်တဲ့ မျှစ် နဲ့  ချဉ်ပေါင်ဟင်းချက်မလို့ …ဒါပေမယ့်  ဆိုင်တွေပေါ် တင်ထားတဲ့ မျှစ်နီနီရဲရဲတွေ ၀ါဝါထိန်ထိန်.တွေ မြင်ပြီး မီမီပြောတဲ့ ဓာတုဆိုးဆေး တွေ ဆိုးထားတာနေမှာဆိုပြီးမ၀ယ်တော့ဘူး..
ဒါနဲ့  ပဲဝါလေး နဲ့ ကြာဇံရောပြီးအရေသောက်ချက်မဟဲ့ ဆိုပြီး ပဲဝါလေးဝယ်ဖို့ ကြည့်လိုက်တော့လည်း ၀ါထိန်နေတာပဲအေ…အရင်က ၀ယ်ပြီးရေဆေးလို့  အ၀ါရောင်တွေကျွတ်သွားရင် သူ့ သဘာဝလို့ ထင်ထားတာ..ခုမှ ဆိုးဆေးမှန်းသိတယ်..
ဒါနဲ့ ပဲ ရွေးရင်းရွေးရင်း ဆိုးဆေးမပါတဲ့ ကန်စွန်းရွက် ပဲ ကြော်တော့မယ်ဆိုပြီး ၀ယ်လိုက်တာ ”
“ကန်စွန်းရွက်လည်းရေစင်အောင်ဆေးမှ အဒေါ်ရေ၊ ပိုးသတ်ဆေးတွေ ရန် က ရှိသေးတယ်”
“ ဆား နဲ့ သေချာ ပွတ်ဆေးထားပါတယ်အေ..
အင်း… ငါတို့ လည်း ဘယ်ဟာစားစား မလွတ်ပါလား…မစားလို့ လည်းမရ ၊ စိတ်တွေလည်းညစ်ပါရဲ့ ..ကိုယ်မြတ်စွန်းဖို့  လုပ်တာလည်းလုပ်တာပေါ့ အေ…ဒါပေမယ့် စားတဲ့ သူတွေ အတွက်လည်းပြန်ကြည့်သင့် ပါတယ်။ အော်..လူတွေများ မတော်လောဘ ကြီးလိုက်ကြတာနော်...အင်း..ဒုက္ခ … ဒုက္ခ ”
ပြောပြောဆိုဆို ထသွားတဲ့ ဒေါ်အေး နောက်ကျောကို ကြည့် ပြီး ခင်မမ သက်ပြင်းမောကြီး ချလိုက်မိပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အရင်လက မြို့ ထဲမှာနေတဲ့ တူမချောလေး မီမီ ခင်မမအိမ်လာကာ တပတ်လောက်နေသွားပါသည်။
ခင်မမ အိမ်က လှိုင်သာယာမြို့ သစ်မှာပါ။မိဘတွေဆုံးသွားကြပြီး ဆွေနီးမျိုးစပ်တော်တဲ့ ဒေါ်အေး နဲ့ နေကာ အိမ်မှာပဲ အလှပြင်ဆိုင်လေး ဖွင့် ထားပေမယ့် သိပ်မပြင်ရဘဲ ခင်မမ ရဲ့ အဓိက စီးပွားရေးကအိမ်ငှားခတွေပါ။
ခင်မမ တို့  ခြံ ကအကျယ်ကြီးပါ။ လက်ရှိနေတဲ့ တိုက် အိမ်ကြီးနောက် မှာ ၀ါးခင်း ၊ ထရံကာ ၊ သွပ်မိုး နှင့်  သုံးပင်တပင် အိမ်လေးတွေ ၅ လုံးဆောက် ထားကာ ငှားထားပါသည်။
လှိုင်သာယာဘက် မို့  လာငှားနေကြသူတွေက ပန်းရံသမား ၊ ကုန်ထမ်းသမားစတဲ့ နေ့ စား အလုပ်သမား တွေများပါသည်။ ဒါပေမယ့် ခင်မမ က အိမ်ငှားနေသူတွေကိုသေချာကြပ်မပ်ပြီးမှ လက်ခံတာမို့  ဆိုးဆိုးဝါးဝါးမူးရူးသောက်စားနေသူတွေတော့မပါပါ။
သူတို့ ဘာသာ မနက်ဆို အလုပ်ထွ က်လုပ် ၊ညနေစောင်းမှ ရလာတဲ့ ငွေနဲ့ ဝယ်လာချ က်စား ၊မနက် အလုပ်ပြန်ဆင်း နဲ့  သံသရာလည်နေ သူတွေ ပါ။
မီမီ ကတော့ သူတို့ ဘ၀တွေ ကို သနားသတဲ့ …
“ သူတို့ ခမျာ တနေ့ တနေ့ ထမင်းလေး၂နပ် စားဖို့ ပဲ ရုန်းနေရတာနော်.သနားစရာ ”
“ အမလေး..မီမီရယ် ..သမီးသာသနားနေတာ..သူတို့ ဘ၀ သူတို့ ပျော်နေတာပါ ”
“ အော်..ဒါတော့ဒါပေါ့  တီလေးရယ်..ဒါပေမယ့် သူတို့ ရဲ့  ကျန်းမာရေး ၊ လူမှုရေး ၊ ကလေးတွေပညာရေး ..တွေ ရှိသေးတယ်လေ..
ကလေးလေးတွေ ကလဲ ပိန်လှီနေတာပဲ..အာဟာရ မပြည့်လို့ နဲ့တူတယ် ”
လေးလေးန က်န က်ပြောနေတဲ့ မီမီ့  ကိုကြည့်ပြီး ခင်မမ အံ့ သြမိပါသည်။
အတ္တကြီးတယ်လို့ ပဲဆိုဆို သူတို့ တွေအကြောင်း ခင်မမ တစ်ခါမှ မစဉ်းစားပေးဖူးပါဘူး။
အချိန်တန်အိမ်လခ မှန်မှန်ရပြီး ခြံဝန်းထဲမှာ မဆူပူ ရင်ပြီးရော ဆို ပြီး နေလာတာ ဘယ်မိသားစုနဲ့ မှလည်း ခင်မမ မရင်းနှီးပါ။ ဘယ်အိမ် မှာ ဘယ်အရွယ်ကလေးရှိမှန်းတောင် မသိပါ။မီမီလာမှ သူတို့ ဘ၀ အကြောင်းတွေးပူတာကြားရတာပါ။
မီမီ က ကျောင်းပြီးကတည်းက ဗဟိုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့  ( FDA ) မှာ အလုပ်ဝင်နေတာ တစ်နှစ်ကျော်ပါပြီ။ အလုပ်ကြိုးစားပြီး ထ က်ထ က်မြ က်မြ က်ရှိတဲ့တူမလေးမို့  ခင်မမ က မီ့မီ့  ကို ချစ်ခင်သဘောကျပါသည်။
အသက်ချင်းကွာပေမယ့် အပျိုကြီးခင်မမ က မီမီ့ ကို သူငယ်ချင်းပေါင်း ပေါင်းသလို အရာရှိမလေးမီမီ ကလည်း အဒေါ်ကို ဆရာလုပ်တတ်ပါသည်။
“ တီလေး…ဒီ အသားချောင်းတွေ ၊ ပုဇွန်ချဉ်တွေမစားနဲ့ လေ..အဲ့ ဒီထဲမှာ ယမ်းစိမ်းနဲ့  ဆိုးဆေးတွေပါတယ်..”
“ ဟယ်..အရင်လည်းစားနေ ကျပါ မီမီရယ်…ဆိုးဆေးဆိုတာလည်း စားလို့ ရတဲ့ ဆိုးဆေးမှတ်လား ”
“ မတူတော့ဘူးတီလေး… ခု လူတွေ ကစည်းမရှိတော့ဘူး.. စားတဲ့သူတွေအတွက်ဘာမှ ထည့်မစဉ်းစားတော့ဘူး…လွယ်လွယ်ရတဲ့ ဓါတုဆိုးဆေးတွေလည်း အစားအစာထဲ ထည့် တာပဲ.. ၀ယ်တဲ့သူတွေ ကလည်း အရောင်လှလှ ကြို က် ကြတယ်၊အရောင်လှရင် ပိုရောင်းရတယ်ဆိုပြီး ဆိုးကြတာ.. ”
“ ဟုတ်လား…ဒါဆို တို့ စားနေတဲ့ အရောင်လှလှလေးတွေ က အန္တရယ်ရှိတယ်ပေါ့  ”
“ ဟုတ်တယ်..တီလေး..မီမီ အလုပ်ဝင်ကတည်းက ဒီဆိုးဆေးထည့်တာတွေ လိုက်စစ်ရတာ …တော်တော်ဆိုးတယ် ၊ အစားအ စာ ထဲ မထည့်ပါနဲ့ လို့ ပိတ်ပင်ထားတာတွေလည်း ခိုးထည့်တယ်.. တီလေး ခုန က လက်ဖက်နယ်ပြီး တော့လက် မှာအရောင်တွေစွန်းနေတယ် မှတ်လား ”
“ ဟုတ်ပါရဲ့ ..ခုထိ လ က်ဖျားမှာ ၀ါနေတုန်းပဲ.. ”
“ အဲ့ ဒါ Auramie O လို့ ခေါ်တဲ့ ဓါတုဆိုးဆေးပါလို့ ..ဒီဆေးက တကယ်ဆို ချည်ထည်တွေ သားရေထည်တွေ သိုးမွှေးတွေ မှာ ဆိုးတာ…လူတွေရဲ့ အစာအိမ်ထဲ ရော က်တဲ့  အစားအစာတွေ ထဲ ထည့်ရင် အရမ်းအန္တရယ်များတယ်..
ချ က်ချင်း မသိသာပေမယ့်  ကြာကြာစားမိရင် အသည်းနဲ့ ကျောက်ကပ်ထိတယ် ၊ တကယ်တော့ အသည်းနဲ့ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ရေစစ် ပဲလေ..ဒီမသန့် တဲ့ ဆိုးဆေးတွေပါလာရင် အသည်းနဲ့ ကျောက်ကပ်မှာ သွားပုံနေပြီး ပျက်စီးစေတယ်၊ ကင်ဆာရောဂါအမျိုးမျိုးတောင်ဖြစ်နိုင်တယ်”
“ အမလေး…ဒီလောက်တောင်ဆိုးလားဟယ် ၊ ကြောက်စရာကောင်းလိုက်တာ
ဘာလို့ များ ဒီလို ထည့်ကြတာပါလိမ့်  ”
“ လောဘပေါ့ တီလေးရယ်.. ကိုယ်အမြတ်များများရရင်ပြီးရော.. စားတဲ့ သူတွေဘာဖြစ်ဖြစ်ဆိုတဲ့  ညစ်ညမ်းတဲ့ စိတ်ဓါတ်တွေကြောင့်ပေါ့ ...
ခု နောက်ဘက်အိမ် က ကလေးတွေ ကြည့်ရတာ ပိန်ပိန်လှီလှီလေးတွေများတယ်မှတ်လား
သူတို့ တနေ့ တနေ့ စားနေရတာ ဒီဆိုးဆေးပါတဲ့ ဈေးပေါတဲ့အစားအစာတွေလေ
နောက်ပြီး..ထမင်းနဲ့ သူတို့ အဓိကစားတာ ငါးပိရည်နဲ့ တို့ စရာပဲတွေ့ တယ် ”
“ဟယ်… ငါးပိရည်နဲ့ တို့ စရာဆိုတာ တို့ ရိုးရာ စားစရာပါ ၊ ရှေးလူကြီးတွေများ ဒီငါးပိရည်နဲ့ တို့ စရာ စားပြီးအသက်ရှည်သလားမမေးနဲ့ …ငါးလေးတွေ နဲ့ သိပ်ထားတာကယ်လ်စီယမ် အပြည့်ပါ လို့ အရိုးတွေတောင်သန်မာသေး..”
“အော်..တီလေးလည်း..ဟုတ်ပါတယ် ..ငါးပိသန့် ရင် ဒီ ကယ်လ်စီယမ် ဓါတ်ရမှာပါ..ဒါပေမယ့် ခု ငါးပိထဲမှာ ဓါတ်မြေသြဇာတွေ ရောထည့်နေတာ”
“ ဘုရားရေ..ဒီငါးပိထဲ ဓါတ်မြေသြဇာ ထည့်တယ်ဟုတ်လား..ကြားသားမိုးကြိုးအေ..
လုပ်ရက်လှချည်လား…တခြားဟာလုပ်တာထားပါ..ငါးပိ ထဲ ထည့်တာတော့ ရက်စက်လွန်းပါတယ်.. ”
“ဟုတ်တယ်..သမီးတို့ ညောင်ပင်လေးဈေးမှာ သွားစစ်တုန်းကများ တော်တော် ဆိုးတာ.. ဓါတ်ခွဲကြည့်လိုက်ရင် တွေ့ ရတာ လူတွေအန္တရယ်ဖြစ်စေတဲ့ ဓါတုပစည်းတွေအမြဲတွေ့ ရတယ်….
ကလေးတွေစားတဲ့ သကြားလုံးတွေ ၊ ဂျယ်လီ တွေ ၊ Snack ထုပ်တွေထဲမှာလည်း ဆိုးဆေးနဲ့ ဆေးသကြားတွေအများကြီးထည့်ထားတာတွေ့ တယ်.. ”
“ ဟယ်..ကလေးတွေစားမိရင် ဘာတွေဖြစ်မလဲ ”
“ ဖြစ်တာပေါ့ …ကျောက်ကပ်ပျက်စီးလာတယ် ၊ နှလုံးသွေးကြော ဖွဲ့ စည်းမှု ထိခိုက်လာ တယ်.. သက်တမ်းတိုလာတယ်…”
“ ဆိုးလိုက်တာနော်…ဒါတွေကို ဘယ်လိုတားမြစ်မှာလဲ မီမီရယ် ”
“ လုပ်ငန်းရှင်တွေနားလည်ဖို့ လိုတာပေါ့ တီလေးရယ်.သူတို့ မှာတာဝန်အရှိဆုံးလေ..
သူတပါးအသက် နဲ့ ရင်းပြီးရတဲ့ အမြတ်အစွန်းကို မမက်ဖို့  ၊ သူတို့ စိတ်ဓါတ်တွေ မညစ်နွမ်းဘဲ
သူများအသက်တွေကိုကိုယ့်အသက်လို သဘောထားနိုင်ဖို့  လိုတာပေါ့  ”
“ ဟင်း… သူတို့ လောဘ ကို သတ်ဖို့ လွယ်ပါ့မလား..ခုထိ တော့ မလုပ်နိုင်သေးဘူးမှတ်လားမီမီ ”
“ အကုန်လုံးမတတ်နိုင်သေးပမယ့် ဒီလိုပဲတားမြစ်သွားရမှာပဲတီလေး
ရောင်းတဲ့ သူတွေချည်းပဲပြောနေလို့ လည်းမရဘူး...စားသုံးသူတွေအသိတရားရှိပြီး အန္တရယ်ရှိစေမယ့် အစားအစာတွေကို ရှောင်ဖို့ လိုတယ်...
စားတဲ့သူတွေ မ၀ယ်တော့ရင် သူတို့ လည်း ရောင်းလို့ မရဘူးလေ
ဒါကြောင့် တီလေး တို့ လည်း တတ်နိုင်သလောက် ဆိုးဆေးပါတဲ့ ရောင် စုံ လေးတွေကို သတိထားနော်”
မီမီ ပြောပြီး က တည်း က ခင်မမ သတိထားနေပါသည်။ နောက်ဘက် က တဲအိမ်လေးက လူတွေကိုလည်း တတ်နိုင်သလောက် ပြောပြပေးပါသည်။
ဒါပေမယ့် သူတို့ ရဲ့ တနေ့ တာ ၀င်ငွေနဲ့ ဝယ်ယူ စားသောက်နေကြရတဲ့ဘ၀ထဲ သူတို့ မှာ ရွေးချယ်ဖို့ သိပ်အခွင့် အရေးမရှိသေးပါ။
ဘယ်လိုပဲ ခင်မမသတိပေးနေပေမယ့် သူတို့ ဝယ်လာတာ က ဈေးပေါတဲ့ ငါးပိ ၊ ဘာမှုန့် တွေရောထား မှန်းမသိတဲ့ ငရုတ်သီးမှုန့်  ၊ နီရဲရဲ ၀ါထိန်ထိန် မျှစ်တွေ ၊သူတို့ ကလေးတွေ စားနေတာတွေလည်း ရောင် စုံ မုန့် တွေပါ…
ဒါတွေ မြင်တိုင်း ခင်မမ ရင်လေးမိပါတယ်။ဒါတွေဘယ်သူ့ မှာတာဝန်ရှိပါသလဲ…
ပြောရရင်တော့ အားလုံးမှာတာဝန်ရှိမယ်လို့ ထင်ပါတယ်။
အခြေခံလူတန်းစားရဲ့  လုပ်အားခ ၀င်ငွေတွေ မမြင့်တက်လာသေးသရွေ့  ….
အသိတရားတွေ မမြှင့် ပေးနိုင်သရွေ့ ….
ညစ်ညမ်းတဲ့ စိတ်ဓါတ်နဲ့ အလိုလောဘကြီးပြီး စာနာစိတ် မရှိတဲ့ အရောင်ဆိုးထားတဲ့  စားသောက်ကုန် ထုတ်လုပ်ရောင်းချသူတွေ ရှိနေသရွေ့ …
အဆိပ်တွေ နဲ့  ရောင် စုံ ကမ္ဘာလေးထဲ မှာပဲ ကျင်လည်နေကြရဦးမှာပါပဲလေ…
အားလုံး ဆိုးဆေးကင်းပြီး အဟာရ ရှိသော အစားအစာများ သာ စားစေချင်သောစေတနာဖြင့် 
Labels:
ဝတ္တုတို
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
September
(1389)
- DVB - ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် တွံတေးလယ်သမာ...
- DVB - မူးယစ်ဆေးဝါးပြသနာ ထိရောက်စွာ ဖြေရှင်းပေးဖို့...
- DVB -30-09-2014 VoxPop
- သီချင်းနားထောင်ရတာဝါသနာပါသူများအတွက် Rocket Player...
- သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်...
- အိင်္ကျီဒီဇိုင်းလေးလုပ်မယ်
- မိမိဓါတ်ပုံလေးကို အနားထောင့်လေးမှာကော်လံစတိုင်ဒီဇိ...
- 3D ဒီဇိုင်းလုပ်နည်းနဲ့ အလင်းတန်းထည့်နည်း
- photoshop နဲ့ အပုံဖြတ်နည်းလေးနဲ့ နောက်ခံပုံပြောင်း...
- Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
- Folder Highlight For PC
- ★★ Modern Combat 5 - Blackout v1.0.1c {Android Gam...
- ♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေး...
- တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်
- မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသ...
- ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီ...
- လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒ...
- ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး...
- မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် မျ...
- ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ...
- မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည...
- အထက်အညာဒေသ ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအံ...
- ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်...
- ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး...
- နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့...
- အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို
- ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး
- ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်
- ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ
- မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စော...
- လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သ...
- အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန...
- ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသ...
- ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်
- ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ
- တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအာ...
- ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ
- ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
- မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ
- တိုက်ပွဲတွေကြောင့် မြ၀တီ နယ်စပ်လုံခြုံရေး တင်းကြ...
- ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ
- ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်...
- ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားမျာ...
- DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်
- ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ
- ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား
- အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း ...
- မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အြေ...
- ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီ...
- ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ
- အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်
- DVB - မြေနုကျွန်း နယ်နမိတ်သတ်မှတ်နိုင်ရေး ကိုင်းတေ...
- DVB - သိမ်ဖြူမီးရထားဝန်ထမ်းအိမ်ရာ ဖယ်ရှားဖို့ ညွှန်...
- DVB -29-09-2014 လယ်ယာမြေသိမ်းရုပ်သံ
- Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှ...
- တစ်ရက်အတွင်း Facebook မှာ Friend တွေ အများကြီးရအော...
- Hacking with Expert 3 (Facebook Hacking)
- Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လု...
- Facebook Lock မကျအောင်ကာကွယ်နည်း
- Facebook ရဲ့ Status ကို မမြင်အာင်ဝှက်ထားမယ်
- Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ
- မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာြ...
- Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက...
- Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖ...
- Facebook Auto Like လုပ်ပေးသည့် Site Lists များ
- အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ...
- Facebook Bug ( Hacking Facebook with 1 SMS Only )
- Facebook မှာ သင်ရှာထားသမျှကို သူများမသိအောင်ဖျက်ပစ...
- SAYTYA Facebook Caller (Facebook ပေါ်ကနေ FreeCallေ...
- Gmail နှင့် Facebook ကိုစတိုင်သစ်လေးနဲ့ လုပ်မယ် ..
- Facebook ပေါ်တွင် လှုပ်ရှားနေသောပုံတွေကိုတင်ကြမယ် [...
- Facebook ကို Pro တစ်ယောက်ကြီးလိုအသုံးပြုနည်း (နည်း...
- Facebook လော့ချင်ချင်သူများအတွက် Facebook Lock v.2...
- ♪ ဖုန်းတစ်ခုလုံးကိုရွှေရောင်များဖြင့်အလှဆင်ထားမယ့် ...
- FB Downloader v.1.3 APK (Facebook ပေါ်မှ ပုံ၊ ဗီဒီယ...
- Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆ...
- Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း (၁)
- သခင်သိန်းမောင်(ဝါးခယ်မ)ဈာပန အခမ်းအနား
- ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
- ခါကာဘိုရာဇီတွင် အဆက်အသွယ် ပြတ်တောက်သွားသော ကယ်ဆယ်ေ...
- ဆွဲကြိုးချသေဆုံး
- ပြေးပြေးလွှားလွှား နေ့ရက်များ
- Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ...
- တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေ...
- ရန်ကုန် စတော့အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုဖြ...
- အမျိုးသား (၁)ဦးယာဉ်တိုက်ခံရ၍ သေဆုံးမှုဖြစ်
- ဘီးလူးစီးသည် ဟုထင်မှတ်ပြီး အဖိုးဖြစ်သူက မြေးကို ရေ...
- ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ...
- DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ...
- ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အ...
- ကျောင်းခန်း မလုံလောက်မှုကြောင့် ကျောင်းသား အင်အားေ...
- ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
- အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေ...
- ဆောက်လုပ်ခွင့်လိုင်စင်မရှိသော အဆောက်အအုံများ ဆောက်...
- ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ
- ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံ...
- မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွား...
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အစုရှယ်ယာ ငါး...
- အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခ...
- ၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦး...
-
▼
September
(1389)













No comments:
Post a Comment