Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

သတင်းစာရှင်းလင်းပွဲ ပြောကြား ချက် ပီနန်ဆရာတော်ကြီး ငြင်းဆို


ပီနန်ဆရာတော် ဦးပညာဝံသပုံ (Photo: RFA)
 ဇွန်လ ၁၀ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးပြီး သိမ်းပိုက်လိုက်တဲ့ မဟာသန္တိသုခကျောင်းနဲ့ ပတ်သက် ပြီး သတင်းစာရှင်းပွဲမှာ အာဏာပိုင်တွေက ဒီကျောင်းမှာ ပီနန်ဆရာတော်ကြီးဟာ တရားမ၀င်နေထိုင်တယ် လို့ ပြောဆိုချက်ကို ပီနန် ဆရာတော်ကြီးက ငြင်းဆို လိုက်ပြီး ဒီကျောင်းကို အစိုးရက ဆရာတော်ကြီးကို လှူဒါန်းထားတာ ဖြစ်ကြောင်း ဆရာတော် ဦးပညာဝံသက RFA မိန့်ပါတယ်။

သတင်းစာရှင်းပွဲမှာ ဆရာတော် ဦးပညာဝံသနဲ့ နောက် လိုက်သံဃာ လူပုဂ္ဂိုလ်တွေဟာ ကျောင်းတော်ကြီးပေါ်မှာ အင်အားသုံး နေထိုင်နေတာဖြစ်တယ်လို့ အာဏာ ပိုင်တွေက ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပီနန်ဆရာတော်က ခုလိုမိန့်ပါတယ်။

"ဒီကျောင်းကို သံဃာ့နာယကကို ခဏအပ်ထားတာပါတဲ့၊ နောက်ပြီး ဒီကျောင်းကိုလည်း အစိုးရက သိမ်းတာ မဟုတ်ပါဘူးတဲ့၊ အဲ့လိုပြောတယ်၊ အစိုးရက ဘုန်းကြီး နာမည်နဲ့ ပေးထားတာ အဲလိုဆို သံဃာ့နာယက တရားဝင်တာ မဟုတ်ဘူး၊ တရားမဝင်တဲ့ အပြင် သူတို့က အက သင်တန်းတွေလုပ်၊ မင်္ဂလာဆောင်တို့ ကုန်သည်တွေကို ငှားစားပြီးတော့ အဲဒီ့ သာသနပြုကျောင်းကြီးကို သာသနာနဲ့ ပတ်သက်တာ ဘာမှ မလုပ်ပဲနဲ့ ဟိုတယ်လို လုပ်ပြီးတော့ ငှားစား ပစ်တာ"

ဆရာတော် နိုင်ငံခြားမှာ သီတင်းသုံး နေစဉ် ကျောင်းဥက္ကဌ အဖြစ် တာဝန်ယူထားသူ ကွယ်လွန်သူ ဗိုလ်မှူးကြီးစောမြင့်က ဗိုလ်ချုပ် ခင်ညွန့်ထံ ကျောင်းမှာ ဖြစ်ပျက်နေတာတွေကို တိုင်ကြားပြီး ကျောင်းကို သံဃာ့နာယကအဖွဲ့ကို အပ်လိုက်တာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ခုလိုကျောင်းနဲ့ပတ်သက်ပြီး အငြင်းပွား နေစဉ် လွန်ခဲ့တဲ့လက သမ္မတရုံးက ဆရာတော်ကြီးထံ လာရောက်ပြီး သမ္မတဦးသိန်းစိန်က ဆရာတော်ကြီး အနေနဲ့ ကျောင်းမှာ စိတ်အေးချမ်းသာစွာ သီတင်းသုံး နေထိုင်ပြီး သာသနာပြုဖို့ ပြောဆိုကြောင်း လာရောက် လျောက်ထားခဲ့တယ်လို့ မိန့်ပါတယ်။

ဂျပန်နိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ ဆရာတော် ဦးပညာဝံသကို ဦးတင်အောင်ခိုင်က ဆက်သွယ် လျှောက်ထား မေးမြန်း ထားပါတယ်။

မဟာသန္တိသုခကျောင်းသိမ်းယူမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ စုစည်း တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

မဟာသန္တိသုခကျောင်းသိမ်းယူမှု နောက်ဆက်တွဲဖြစ်ရပ် အသံဖိုင် နားဆင်ရန်

ဆရာတော် ဦးပညာဝံသ မိန့်ကြားချက် အသံဖိုင် နားဆင်ရန်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ