Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

အမျိုးသားပညာရေး ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်တွေနဲ့ ပြန်လည် ပေးပို့ ထားတဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုထားတဲ့ အတိုင်း ပြင်ဆင်ပြီး နိုင်ငံတော် သမ္မတထံ ပေးပို့သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက အခုလို ပြောပါတယ်။

"ဥပဒေကြမ်း၏ အခန်းခေါင်းစဉ် အပိုဒ်ခွဲအလိုက် အမှတ်စဉ်များကို လွှတ်တော်က အတည်ပြုပေးထားသည့်အတိုင်း ပြန်လည်အမှတ်စဉ်သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေတစ်ရပ်နဲ့အညီ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရေးအတွက် ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်""

အမျိုးသားပညာရေး ဥပဒေကြမ်းမှာ အချက် ၂၅ ချက်ကို ပြင်ဆင်ဖို့ နိုင်ငံတော်သမ္မတက သဘောထားပေးပို့ခဲ့ပေမဲ့ ပြည်ထောင်စုလွှတ်တော်က ၁၉ ချက်ကို သဘောတူပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုရာမှာ ပုဒ်မ ၂၆ ပါ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်တဲ့ကျောင်းတွေမှာ လွတ်လပ်စွာ သင်ကြားသင်ယူမှုနဲ့ စီမံခန့်ခွဲရေးစနစ် ကျင့်သုံးဖို့ဆိုတဲ့အချက်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ