Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

"တရုတ်လူမျိုး နှစ်ဦးအား ဖမ်းဆီးသည့်အမှုတွင် ပါဝင်သူဟု စွပ်စွဲဖမ်းခံ ထားရသည့် ဗကသ ကျောင်းသူ မဖြူနှင်းထွေး အား တရားရုံးမှ အာမခံပယ်ချ"

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မှ တရုတ်လူမျိုး နှစ်ဦးအား ပြီးခဲ့သည့် မေလ(၁၈)ရက်နေ့ နံနက်ပိုင်း က ဖမ်းဆီး ခေါ်ဆောင် ခဲ့မှုတွင် ပါဝင်ခဲ့သည် ဟု စွပ်စွဲပြီး စက်တင်ဘာလ(၁၃)ရက်နေ့ နေလည်ပိုင်းတွင် ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ(၁)ရပ်ကွက်နေအိမ် မှာ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး ယနေ့ နေ့လည် ပိုင်းတွင် ယင်းမာပင် ခရိုင်တရားရုံး ခရိုင်တရားသူကြီး ဒေါ်နွယ်နွယ်ရီ ၏ တရား ခွင်တွင် ဒုတိယမြောက်ရုံးချိန်း အဖြစ်ဆင့်ခေါ်စစ်ဆေးခဲ့ပြီး အာမခံ ရယူနိုင်ရေး လျှောက်ထားခဲ့ရာ အာမခံအား ပယ်ချခဲ့ကြောင်း သိရသည်။

"အခုကိစ္စရပ်မှာအစိုးရအနေနဲ့ပြဿနာမဖြစ်ဖြစ်အောင် တစ်မင်ဖန်တီးနေ တယ်လို့ မြင်တယ်။ ဥပဒေ ပုဒ်မတစ်ခုထဲတရားစွဲတင်ပြီး ဟိုလူကျတော့ တစ်မျိုး ဒီအဖွဲ့အပေါ်ကျတော့ တစ်ဖုံ ဖြစ်နေတာ က ဥပဒေရဲ့အထက်မှာဘယ်သူရှိ နေတာလဲဆိုတာ စဉ်းစားရာဖြစ်နေတယ်။ ရိုင်းရိုင်းပြောရရင် ကျွန်တော် နိုင်ငံ က တရားရုံးတွေ မှာ ကျင့်သုံးနေတဲ့ ဥပဒေက ပြည်တန်ဆာမတစ်ယောက် ရဲ့ စကားလောက်ကို အတည်ယူလို့မရတော့ဘူးဖြစ်နေတာ။ဝန်ကြီးချုပ် ကလည်း တရားစီရင်ဆိုင်ရာကိစ္စရပ်တွေကို ၀င်ရောက်စွက်ဖက်နေတယ် ဆိုတာလည်း မပြတ်တန်းကြားနေရတယ် ။" ဟု ရုံးချိန်းသို့လာရောက်သည့် လူမှုရေးအဖွဲ့ တစ်ဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

"ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ရဲ့ ဗကသ ရဲဘော် ဖြူနှင်းထွေး အမြန်ပြန်လည်လွတ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး တောင်းဆို သွားမယ်။အရှိန်အဟုန်မြင့်ပြီးတောင်းဆိုမှုတွေဆက်တိုက်လုပ်သွားမယ်။ ဗကသ ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ချိုးနှိမ်ပစ်ချင်လို့ အခုလိုမျိးတွေ ဆောင် ရွက်နေတာလို့ မြင်တယ်" ဟု ဗကသ ကျောင်သားတစ်ဦး က ပြောသည်။

"လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၀မ်ပေါင်ကုမ္ပဏီအနေနဲ့ ဒီကိစ္စရပ်ကို တရားစွဲဆိုတာတွေ ဆက်လုပ်မယ် ဆိုရင် ဒေသခံတွေနဲ့ကုမ္ပဏီအကြား မှာ ယခင်ထက် ဆက်ဆံရေးပိုမိုတင်းမာမှုတွေ ဆက်တိုက်ဆိုသလိုထပ်မံဖြစ်ပေါ် လာမှာသေချာတယ်။ပြဿနာတစ်ရပ်ကို မီးခွက်ထွန်းရှာနေသလိုဖြစ်မှာ။ "ဟု လက်ပံတောင်းတောင်ဒေသခံတောင်သူတစ်ချို့ က သုံးသပ်ပြောကြားသည်။

မဖြူနှင်းထွေး အား ၄င်းနေထိုင်ရာ ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ(၁)ရပ် ကွက် မှ စက်တင်ဘာလ(၁၃)ရက်နေ့ တွင် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ပြစ်မှု သေး ၁/၂၀၁၄ ပုဒ်မ ၃၆၄/၃၆၈ ကျင့် ၅၁၂ အရဖမ်းဆီးပြီး စက်တင်ဘာလ(၁၅) ရက်နေ့တွင် ပထမအကြိမ် ရုံးချိန်းဆင့်ခေါ်ခဲ့ပြီး ယခုစက်တင်ဘာ(၂၃)ရက်နေ့ တွင် ဒုတိယအကြိမ်ရုံးချိန်း အဖြစ်ထပ်မံခေါ်ယူပြီး စက်တင်ဘာ(၃၀)ရက်နေ့ နှင့် အောက်တိုဘာ(၃၀)ရက်နေ့တို့တွင် ထပ်မံရုံးချိန်းဆင့်ခေါ်ထားကြောင်းလည်း သိရသည်။

ယခုအကြိမ် ရုံးချိန်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မြန့်မာစီးပွား ရေးဦးပိုင်လီမီတက် မှ စီမံကိန်းတာဝန်ခံ ဦးလှစိန် တရားလို အား စစ်ဆေးပြီး တရာလိုပြသက်သေများဖြစ်သည့် ၀မ်ပေါင်ကြေးနီစီမံကိန်း မှ ဥပဒေအကြံ ပေး ဦးအောင်မြင့် နှင့် ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် တို့အား စစ်ဆေးခဲ့ကြောင်းသိရသည်။

တရားရုံးသို့ စတင်ဝင်ရောက်ချိန်တွင် ခရိုင်အသီးသီး မှ ဗကသ များက မဖြူနှင်းထွေး အား ပြန်လည်လွတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။





No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ