Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

မဒေးကျွန်းရွာသားများ တောင်းဆိုချက် အာဏာပိုင်များ ဖြေရှင်း

ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရွာက ဒေသခံတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်အာဏာပိုင်တွေ လာရောက်ဖြေရှင်းသွားပါတယ်။


ကျောက်ဖြူခရိုင်ရဲမှူးကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး  မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းနဲ့ ဆည်မြောင်းဌာနတို့က တာဝန်ရှိသူတွေဟာ  စက်တင်ဘာလ ၁ ရက်နေ့က မဒေးကျွန်းရွာ ကို ရောက်ရှိလာပြီး ရွာသားတွေဘက် က တောင်းဆိုထားတဲ့ အချက်တွေကို လာရောက်ဖြေရှင်းပေး သွားတာဖြစ်ပါတယ်။

ဒါပေမယ့် လျော်ကြေးပေးဖို့ အပါအ၀င် ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကိုတော့ လာမယ့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်ကျမှ  ထည့်သွင်းပေးမယ်လို့  ပြောဆိုခဲ့တဲ့အတွက် ရွာသားတွေ ကျေနပ်လောက်တဲ့ အဖြေမရခဲ့ဘူးလို့ တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူ မဒေးကျွန်း လူမှုကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောပါတယ်။

“ကျနော်တို့ ဆန္ဒမပြခင်ကတည်းက အဲဒီကိစ္စကို အရေးယူပေးဖို့ တောင်းဆိုထားတာလေ၊ ၂၀၁၄- ၂၀၁၅ ဘတ်ဂျက်မှာ ပါသင့်တာပေါ့၊ အဲဒါကို နောက်နှစ်မှတင်ပေးမယ့် ပုံစံမျိုးလာပြောတယ်။ အစိုးရဘတ်ဂျက်ကို ကျနော်တို့တောင်းတာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရဘတ်ဂျက်ကို စောင့်နေရင်လည်း ကျနော်တို့ မဒေးကျွန်းက ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဓိက ကျနော်တို့ စီအန်ပီစီကုမ္ပဏီကိုတောင်းတာ၊ စီအန်ပီစီကုမ္ပဏီကြောင့် ကျနော်တို့ အလုပ်တွေပျက်ရတာ၊ အခွင့်အရေးတွေ ဆုံးရှုံးရတာ၊  ဒါကြောင့် စီအန်ပီစီကုမ္ပဏီက ကျနော်တို့ကို လုပ်ပေးရမယ်လို့ ပြန်ပြောခဲ့တယ်။”

မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက တာဝန်ရှိသူတွေကတော့   စီအန်ပီစီကုမ္ပဏီ ကို ပြောပေးမယ့်အကြာင်း ပြောသွားတယ်လို့  ဆိုပါတယ်။

သူတို့တောင်းဆိုထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင်တော့ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေမယ်လို့ ရွာသားတွေဘက်က ပြောပါတယ်။

ရွာသားတွေဘက်က သူတို့ရွာလမ်းကို ကွန်ကရစ်လမ်းအဖြစ် ခင်းပေးဖို့၊ လျှပ်စစ်မီတာတွေ အိမ်တိုင်း အခမဲ့ တပ်ဆင်ပေးဖို့၊ မြေအသိမ်းခံရတဲ့သူတွေကို ထိုက်တန်တဲ့ လျော်ကြေးပေးဖို့၊ စီအန်ပီစီ ကုမ္ပဏီမှာ ဒေသခံတွေကို တရားဝင် အလုပ်ခန့်ထားပေးဖို့ စတဲ့ အချက် ၅ ချက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးရုံး၊ ဌာနဆိုင်ရာတွေနဲ့  စီအန်ပီစီ တရုတ်ကုမ္ပဏီကိုပါ ပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မနေ့က မဒေးရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ အဲဒီတွေ့ဆုံပွဲမှာ ရွာသား ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

မဒေးကျွန်းရွာသားတွေဟာ သူတို့လိုလားချက်တွေအတွက် ပြီးခဲ့တဲ့နှစ်က ဆန္ဒပြခဲ့ကြပြီး ဦးထွန်းကြည် အပါအ၀င်  ဆန္ဒပြခေါင်းဆောင် ၁၀ ဦး ထောင်ဒဏ် ၃ လ ကျခံခဲ့ရပါတယ်။



ပြီးခဲ့တဲ့နှစ် ဧပြီ ၁၈ ရက်နေ့က စီအန်ပီစီ ကုမ္ပဏီကို ဒေသခံများ ဆန္ဒပြခဲ့စဉ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ