Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

စစ်သွေးကြွများကို နည်းလမ်းစုံသုံးပြီး ဖြေရှင်းမည်ဟု အာရတ်အဖွဲ့ချုပ်ပြော

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ သူပုန်အဖွဲ့ကို ရင်ဆိုင်တဲ့နေရာမှာ လိုအပ်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ အာရတ်အဖွဲ့ချုပ် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဆုံးဖြတ်လိုက်ပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုင် မှာ တွေ့ဆုံဆွေးနွေးပြီး အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်တိုက် ခိုက်ဖို့ နို်င်ငံ တကာ၊ ဒေသတွင်းနဲ့ တနိုင်ငံချင်းအလိုက် ပူးပေါင်းဆောင် ရွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။


အာရတ် အဖွဲ့ချုပ် နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အီရတ်နဲ့ ဆီးရီးယား မြေပေါ်မှာ တိုက်ခိုက်နေတဲ့ အစ္စလာမ္မစ် သူပုန်အုပ်စုအတွက် ရန်ပုံငွေအကူအညီ၊ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ အပါအ၀င် အထောက်အပံ့တွေကို တားဆီးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ဆောင်ရွက်ကြဖို့ တိုက်တွန်းချက်ကိုလည်း ထပ်ဆင့်ထောက်ခံလိုက်ပါတယ်။

အစည်းအဝေးအပြီး နိဂုံးချုပ် မိန့်ခွန်းမှာ အာရတ်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး နာဘီ အယ်ရာဘီက အာရတ်နိုင်ငံတွေရဲ့ ညီညွတ်ရေးနဲ့ လုံခြုံရေး အကျိုးစီးပွားအတွက် အစွန်းရောက်ဝါဒ အားလုံးကို ညီညီညွတ်ညွတ် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်၊

အစည်းအဝေးအပြီး ကြေညာချက်မှာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ သူပုန်အဖွဲ့ကို အီရတ် အစိုးရတပ်တွေ တိုက်ခိုက်နေတာနဲ့ အမေရိကန်ရဲ့ ထိုးစစ်ကို ထောက်ခံတယ်လို့ တိုက်ရိုက်ဖော်ပြမထားပေမယ့် သံတမန်တွေကတော့ စကားလုံးအသုံးနှုန်းအရ ထောက်ခံတဲ့ သဘော၊ ပူးပေါင်းဆောင်ရွက်မယ့် သဘော သက်ရောက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိုင်အက်စ် သူပုန်တွေနဲ့ တခြား စစ်သွေးကြွ အုပ်စုတွေကို လိုအပ်တဲ့ နည်းလမ်းအားလုံး သုံးပြီး နှိမ်နင်းသွားမယ်ဆိုတဲ့ နေရာမှာ စစ်ရေးနည်းလမ်း ပါသလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

အရင်တပတ်ကပဲ အမေရိကန် သမ္မတ အိုဘားမားက  အိုင်အက်စ် သူပုန်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့ အမေရိကန်က အဆင်သင့် ဖြစ်နေသလို၊ အနောက်ကမ္ဘာ့အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေတဲ့ စစ်သွေးကြွအဖွဲ့ကို စစ်ရေးနည်းလမ်းနဲ့ တိုက်ခိုက်ဖို့ နေတိုး မဟာမိတ်တွေကလည်း ပြင်ဆင်ထားတယ်လို့ ကြေညာခဲ့ပါတယ်။


အာရတ်အဖွဲ့ချုပ် နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - AFP)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ