Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

အလုပ်​ဖိအားများတဲ့မိဘများ သားသမီးကို စိတ်​​ရောဂါမ​ပေးမိဖို့သတိထားပါ



အခန်း​ထောင့်​မှာငြိမ်​သက်​စွာ ထိုင်​​နေကာ မျက်​လုံး​တွေက သူကိုင်​ထားတဲ့ တက်​ဘလက်​ကလွဲပြီး ဘယ်​ကိုမှမကြည့်​တဲ့ က​လေးကို​စောင့်​ကြည့်​နေတဲ့ မိခင်​ ​ဒေါ်မိုးမိုးရဲ့ မျက်​နှာမှာ ​နောင်​တ တရား​တွေကို အထင်းသားမြင်​​တွေ့ ​နေရပါတယ်​။

' သားရဲ့ အနာဂတ်​အတွက်​ ​ငွေရှာဖို့ထွက်​ခွာသွားခဲ့တာပါ၊ ဒီလို သူ့ဘ၀တစ်​ခုလုံး ပြန်​အဖတ်​ဆယ်​လို့မရ​အောင်​ မှားယွင်းသွားဖို့ မဟုတ်​ပါဘူး' လို့ ထိုင်းနိုင်​ငံမှာ ၁၄ နှစ်​ကြာ အလုပ်​လုပ်​ခဲ့တဲ့ ​ဒေါ်မိုးမိုးက ​ပြောပါတယ်​။

မွေးကင်းစက​လေးငယ်​ကို ရှမ်းပြည်​နယ်​ ​တောင်​ပိုင်းက မြို့ တစ်​မြို့ မှာ အဘိုးအဘွား​တွေနဲ့ ထားခဲ့ကာ ထိုင်းနိုင်​ငံမှာ ၁၄ နှစ်​ကြာ အလုပ်​လုပ်​ခဲ့ပြီး သားဖြစ်​သူကို နှစ်​ကြိမ်​သာ ပြန်​လာ​တွေ့ ဖြစ်​ခဲ့တဲ့ ​ဒေါ်မိုးမိုးရဲ့ သားငယ်​ဟာ အခုဆိုရင်​ ရန်​ကုန်​မြို့ ကစိတ်​​ရောဂါအထူးကုဆရာဝန်​တစ်​ဦးဆီမှာ အချိန်​မှန်​ပြသ​နေရပါတယ်​။

မြန်​မာနိုင်​ငံမှာ ​မွေးကင်းစ က​လေးငယ်​​တွေ၊ အရွယ်​မ​ရောက်​​သေးတဲ့ က​လေးငယ်​​တွေကိုထားပြီး မိဘနှစ်​ပါးစလုံး ပြည်​ပနိုင်​ငံ​တွေမှာ အလုပ်​သွားလုပ်​တဲ့ဦး​ရေတိုးမြင့်​လာပြီး ငယ်​စဉ်​ကတည်းက မိဘနဲ့​ဝေးကွာခဲ့တဲ့ က​လေးငယ်​​တွေမှာ စိတ်​​ရောဂါစွဲကပ်​မှု​တွေ များလာတာ​တွေ့ ရတယ်​လို့ စိတ်​​ရောဂါအထူးကုဆရာဝန်​​တွေက ​ပြောပါတယ်​။

'အရင်​တုန်းက ဒါကို သိပ်​အ​ရေးမကြီးဘူးထင်​ကြတယ်​၊ ခဏ ခဏကိုယ့်​ကိုယ်​ကို ​သေ​ကြောင်းကြံလို့ ​ဆေးစွဲလို့လာတဲ့ ဆယ်​​ကျော်​သက်​ နှစ်​​ယောက်​စလုံးရဲ့ မိဘ​တွေဟာ နိုင်​ငံခြားမှာနှစ်​​ပေါင်းများစွာအလုပ်​လုပ်​ပြီး သားသမီးကို ဒီမှာ အဘိုးအဘွား​နဲ့ ထားတဲ့သူ​တွေဖြစ်​​နေတယ်​' လို့ စိတ်ပိုင်းဆိုင်​ရာကုထုံးနဲ့ ပတ်​သက်​ပြီး မိသားစုကြား ပဋိပက္ခ​တွေကို နှစ်​သိမ့်​​ဆွေး​နွေး​တဲ့ စိတ်​​ရောဂါပညာရှင်​ ​ဒေါက်​တာ သိင်္ဂီ​ကျော်​က ​ပြောပါတယ်​။

လျစ်​လျူရှုခံရ

ဆယ်​​ကျော်​သက်​ လူငယ်​​တွေ ကိုယ့်​ကိုယ်​ကို ​သေ​ကြောင်းကြံစည်​မှု မြင့်​တက်​တာ၊ ​လူသတ်​မှုကျူးလွန်​တာ၊ အစွန်း​ရောက်​အ​တွေး​အ​ခေါ်​တွေရှိလာတာ၊ လူမှု​ရေးကွန်​ရက်​​တွေမှာ အလွန်​အကျွံအချိန်​ဖြုန်းတာ​တွေဟာ မိဘ​တွေရဲ့ လျစ်​လျူရှုမှု၊ တစ်​နည်းအားဖြင့်​ မိဘနှစ်​ပါးစလုံးရဲ့ ဂရုမစိုက်​မှုကို မရရှိတာ​ကြောင့်​ ဖြစ်​တယ်​လို့ ပညာရှင်​​တွေက​ပြောကြပါတယ်​။

' မိဘ​တွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းလုပ်​ငန်း​တွေ​ကြောင့်​ က​လေးသူငယ်​​တွေမှာ အထီးကျန်​​ရောဂါတင်​မကဘဲ လျစ်​လျူရှုခံရတယ်​လို့ခံစားကြရတယ်​၊ မြန်​မာနိုင်​ငံမှာလဲ မိဘ​တွေဟာ သားသမီး​တွေကို အိမ်​အကူ​တွေနဲ့ ထားတဲ့နှုန်းဟာ တစ်​​နေ့တခြားမြင့်​တက်​လာတယ်​။ အဲဒီက​လေး​တွေမှာ စိတ်​ပိုင်းဆိုင်​ရာ ကစဉ့်​ကလျား​ဝေဒနာကို မသိမသာ စပြီးခံစားလာရတယ်​၊ နှစ်​​တွေကြာ​လေ လူပျို အပျို​ပေါက်​ဖြစ်​ချိန်​မှာ အဲဒီ​ဝေဒနာ​ကြောင့်​ မိမိကိုယ်​ကို သတ်​​သေတာမျိုး၊ ပတ်​၀န်းကျင်​နဲ့ကင်းကွာတာမျိုး၊ အ​ပေါင်းအသင်း​တွေနဲ့ ဆက်​ဆံ​ရေးမှာအဆင်​မ​ပြေတာမျိုး၊ အ​တွေးအ​ခေါ် အစွန်း​ရောက်​တာမျိုး​တွေဖြစ်​လာပြီး တကယ့်​လက်​​တွေ့ ဘ၀မှာ အဆင်​မ​ပြေမှု​တွေကြုံ​ရတယ်​' လို့ ​ဒေါက်​တာသိင်္ဂီ​ကျော်​က​ပြောပါတယ်​။

သားသမီး​တွေကို ပြုစု​စောင့်​​ရှောက်​ဖို့ အချိန်​မရှိတဲ့ မိဘ​တွေရဲ့ ပြဿနာဟာတစ်​ကမ္ဘာလုံးမှာလည်း မြင့်​တက်​​နေပြီး ဗာဂျီးနီးယား တက္ကသိုလ်​ကပြုလုပ်​တဲ့ စာတမ်းတခုမှာ မိဘ​တွေနဲ့ ခွဲခွာ​နေရတဲ့ က​လေးငယ်​ ၅၀၀၀ ခန့်​ကို ​စောင့်​ကြည့်​ခဲ့ရာ အဆိုပါ က​လေး​တွေရဲ့ ၇၀ ရာခိုင်​နှုန်းဟာ စိတ်​ကျ​ရောဂါ ​​ဝေဒနာခံစားရပြီး အများအားဖြင့်​ ဆယ်​​ကျော်​သက်​အရွယ်​ ကူး​ပြောင်းဆဲကာလမှာ​ ​ရောဂါလက္ခဏာစတင်​​ပေါ်​ပေါက်​တယ်​လို့ ​ဖော်​ပြထားပါတယ်​။

သားသမီးစကားနား​ထောင်​​ပေးသလား

ပြည်​ပမှာ အလုပ်​လုပ်​တဲ့ မိဘ​တွေတင်​မကဘဲ ပြည်​တွင်းမှာ အလုပ်​လုပ်​​နေတဲ့ မိဘတစ်​ချို့ ကလည်း အလုပ်​ဖိအား​ကြောင့်​ ငယ်​ရွယ်​တဲ့ သားသမီး​ကို ဂရုမစိုက်​နိုင်​၊ အဘိုးအဘွားနဲ့သာထားပြီး က​လေးငယ်​​တွေရဲ့ စကားကို အချိန်​​ပေး နုား​ထောင်​နိုင်​တဲ့ အချိန်​မရှိဘူးလို့ ​ပြောပါတယ်​။

ဒေါက်​တာသိင်္ဂီ​ကျော်​ဆီမှာနှစ်​သိမ့်​ ​​ဆွေး​နွေးကုထုံးခံယူ​နေတဲ့ အထက်​တန်းပြဆရာမ ​ဒေါ်နီလာလှိုင်​က 'တစ်​ချိန်​လုံး စာသင်​တဲ့အလုပ်​ပဲလုပ်​​နေ​တော့ မနက်​​ရော ညပါမနားရဘူး၊ သူတို့အတွက်​ ​ငွေရှာ​နေတာပဲ​လေဆိုပြီး က​လေး​တွေကို ​အိမ်​မှာ သူတို့အဘွားနဲ့ထားတယ်​၊ ည ၉း၀၀ နာရီ​နောက်​ပိုင်းမှ အိမ်​ပြန်​​ရောက်​တယ်​၊ သမီးကြီးက အသက်​ ၁၅ နှစ်​မှာ သူ့အ၀တ်​​တွေ​ရော ကျွန်​မအ၀တ်​​တွေပါ ကတ်​​ကြေးနဲ့ညှပ်​တယ်​၊ အစ​တော့ကျွန်​မကဆူတယ်​၊ ကျွန်​မနဲ့​တွေ့ ချိန်​အရမ်းနည်း​တော့ သူကဂျစ်​ကန်​ကန်​လုပ်​၊ စိတ်​မထင်​ရင်​ မထင်​သလို ပန်းကန်​​တွေခွဲတာ၊ ကျွန်​မအင်္ကျီ​တွေ ကတ်​​ကြေးနဲ့ ညှပ်​ထားတာ​တွေ လုပ်​​တော့စကားမ​ပြောပဲထားလိုက်​တယ်​၊အဲဒီမှာ ညဘက်​ဆိုရင်​ အိမ်​ထဲဝင်​မအိပ်​ဘဲ ၀ရန်​တာမှာအိပ်​တာ၊​လှေကားမှာ အကြာကြီးထိုင်​ပြီး စကားမ​ပြောတာ​တွေလုပ်​လာတယ်​၊ သိတဲ့သူ​တွေနဲ့ တိုင်​ပင်​ပြီး ကျွန်​မသူ့ကို​ခေါ်ပြီး ဒီမှာကုထုံးယူလိုက်​တယ်​' လို့​ပြောပါတယ်​။

ဒေါ်နီလာလှိုင်​ရဲ့ အသက်​ ၁၆နှစ်​အရွယ်​သမီးဟာ အစပိုင်းမှာ နှစ်​သိမ်​​ဆွေး​နွေး​တဲ့​နေရာကိုမလိုက်​လို့ အတင်း​ချော့​မော့​ခဲ့ရပြီး အခုအချိန်​မှာ​တော့ ပုံမှန်​အ​နေအထားကိုပြန်​လည်​​နေနိုင်​ဖို့ ကုထုံး​ယူ​နေရဆဲလို့ဆိုပါတယ်​။

Time Of India သတင်းစာမှာ စိတ်​ပညာရှင်​တစ်​ဦးဖြစ်​တဲ့ Jayanta Das က ' အာရှမှာ မိဘ​တွေရဲ့ ​စောင့်​​ရှောက်​မှုကို မခံရတဲ့က​လေးငယ်​​တွေ မိဘ​တွေရဲ့ အာရုံစိုက်​မှုကိုမခံရတဲ့ က​လေးငယ်​​တွေဟာ စိတ်​​ရောဂါကစဉ့်​ကလျား​ဖြစ်​တဲ့ ရာခိုင်​နှုန်းမြင့်​မားတယ်​၊ ​မွေးကင်းစအရွယ်​က​နေ အိမ်​အကူ​တွေနဲ့ ထားခံရတဲ့ က​လေးငယ်​ရဲ့ စိတ်​မှာ စိုးရိမ်​​ကြောင့်​ကြမှုများတာ၊ မိမိကိုယ်​ကို မလုံမခြုံအမြဲခံစားရတာ၊ တစ်​ယူသန်​တဲ့ စိတ်​ဆိုးလွယ်​တဲ့ ​လက္ခဏာ​တွေရှိ​နေတယ်​၊​ရောဂါ လက္ခဏာ​တွေကို အရွယ်​ငယ်​ချိန်​မှာ သတိမထားမိ​ပေမဲ့ ဆယ်​​ကျော်​သက်​အရွယ်​​ရောက်​ချိန်​မှာ​တော့ စိတ်​ကျ​ရောဂါ​ဝေဒနာကို သိသိသာသာခံစားရလာတယ်​' လို့​ပြောပါတယ်​။

တစ်​ကမ္ဘာလုံးအတိုင်းအတာအရ လွန်​ခဲ့တဲ့နှစ်​ ၅၀ ကနဲ့ ယှဉ်​ရင်​ မိဘ​တွေရဲ့ လျစ်​လျူရှုခံရလို့ စိ​တ်​ကစဉ့်​ကလျားဖြစ်​ပွားတဲ့ဆယ်​​ကျော်​သက်​အ​ရေအတွက်​ဟာ မြင့်​တက်​လာတယ်​လို့ဆိုပါတယ်​။ မိဘ​တွေ၊​ဆွေမျိုး​တွေ၊ အိမ်​နီးချင်း​တွေရဲ့ အာရုံစိုက်​မှုကိုမရရှိတဲ့ က​လေးငယ်​​တွေဟာ လူမှု​ရေးနဲ့ လူလူချင်းဆက်​ဆံတဲ့​နေရာမှာ ပြင်းထန်​တဲ့ ဆက်​သွယ်​​မှု ပြတ်​​တောက်​တာမျိုး၊ ဂိမ်းစွဲတာ​တွေအပြင်​ တကယ့်​လူမှုဘ၀နဲ့လည်း ဆက်​ဆံမှုနည်းပါးသွားတယ်​လို့ ဆိုပါတယ်​။

အလုပ်​​တွေအိမ်​ကိုသယ်

အ​ရှေ့ ​တောင်အာရှနိုင်​ငံ​တွေမှာ အသက်​သုံးနှစ်​က​နေ ၁၈ နှစ်​ကြားရှိတဲ့ က​လေးငယ်​​တွေရဲ့ မိဘ ၂၀၀၀ ဟာ ပြင်​ပတင်​မကဘဲ ​နေအိမ်​မှာပါ အလုပ်​လုပ်​ကြပြီး က​လေးငယ်​​တွေကို အိမ်​မှာပါ အချိန်​မ​ပေးကြဘူးလို့ စစ်​တမ်းတစ်​ခုကဆိုပါတယ်​။

The Telegraph မှာ​တော့ နည်းပညာမိုဘိုင်းဖုန်း​တွေ၊ အိုင်​ပက်​​တွေ သုံးစွဲမှု​ကြောင့်​၊ အင်​တာနက်​သုံးစွဲမှု​တွေ​ကြောင့်​ က​လေးငယ်​​တွေကို လျစ်​လျူရှုတဲ့ မိဘ​တွေကို စိတ်​ပညာရှင်​​တွေက သတိ​ပေးစကား​ပြောကြားထားပါတယ်​။

ပညာ​ရေးလုပ်​ငန်းလုပ်​ကိုင်​တဲ့ ကိုစည်​သူက 'ကျွန်​​တော်​က တစ်​​နေကုန်​အလုပ်​မှာ အချိန်​ကုန်​တယ်​၊ ညဘက်​ဆိုရင်​ ကျွန်​​တော်​အိပ်​ရာထဲမှာပါ အင်​တာနက်​သုံးဖြစ်​တယ်​၊ သားက ကျွန်​​တော့်​နား ကပ်​ချင်​​တယ်၊ ကျွန်​​တော်​ အင်​တာနက်​သုံး​နေ​တော့ သူ့ကို စကားမ​ပြောဖြစ်​ဘူး၊ ကျွန်​​တော့်​ကို စိတ်​​ကောက်​တယ်​၊ ​နောက်​​တော့ ကျွန်​​တော့်​ကိုပါ စကားမ​ပြော​တော့ဘူး၊ကျွန်​​တော်​လဲ အင်​တာနက်​မသုံးဘဲ သူ့ကိုအချိန်​​ပေးမှ ကျွန်​​တော်​နဲ့ပြန်​ပြီး အဆင်​​​ပြေတယ်​' လို့ သူကြုံ​တွေ့ ရပုံကို ​ပြောပြပါတယ်​။

သားသမီးနဲ့ စိတ်​ခံစားမှုထိစပ်​နိုင်​ဖို့

အလုပ်​အလွန်​များတဲ့ မိဘ​တွေဟာ သားသမီး​တွေနဲ့ စိတ်​ခံစားမှု ထိစပ်​နိုင်​ဖို့ မနက်​မိုးလင်းချိန်​မှာ ဒါမှမဟုတ်​ည​နေခင်းမှာ ၁၂ မိနစ်​ခန့်​ စကား​ပြောဆို​ပေးတာလုပ်​​ဆောင်​နိုင်တယ်​လို့ မိဘနဲ့ သားသမီးကြား စိတ်​ပညာ ကျွမ်းကျင်​ပညာရှင်​ Dr.Claire Halsey က​ပြောပါတယ်​။

က​လေးငယ်​​တွေကို တစ်​​နေကုန်​ အချိန်​မ​ပေးနိုင်ရင်​​တောင်​ အိပ်​ချိန်​မှာ စာဖတ်​ပြတာ၊ ​နွေးနွေးထွေး​ထွေးဆက်​ဆံတာမျိုးလုပ်​တာဟာလည်း က​လေးငယ်​​တွေရဲ့ စိတ်​ခံစားမှုကို အ​ကောင်းဘက်​​ပြောင်း​စေနိုင်​တယ်​လို့ ပညာရှင်​​တွေက​ပြောပါတယ်​။

ဒေါက်​တာ သိင်္ဂီ​ကျော်​က ' မိဘတိုင်းမှာ သားသမီးအတွက်​ ​ငွေ​ကြေးဖြည့်ဆည်း​ပေးရုံမကဘဲ က​လေးရဲ့ စိတ်​ပိုင်းဆိုင်​ရာလုံခြုံမှုအပြည့်​​ပေးဖို့လိုပါတယ်​၊ အ​ရေးကြီးတာ မိခင်​​တွေပါ၊သူတို့နဲ့ တစ်​ညတာ​ဝေးကွာတဲ့ က​လေးငယ်​တစ်​ဦးမှာ ဖြစ်​သွားတဲ့ စိတ်​ပိုင်းဆိုင်​ရာမလုံခြုံမှုနဲ့ ပတ်​သက်​လို့စာတမ်း​တွေပြုစုထားတာရှိပါတယ်​။ ဆယ်​​ကျော်​သက်​၀င်​ခါနီးမှာ စွဲလာတဲ့ စိတ်​ပိုင်းဆိုင်​ရာ ​ရောဂါ​တွေက ကုသဖို့ခက်​ခဲပါတယ်​၊ မိဘ​တွေအ​နေနဲ့ သားသမီးယူမယ်​ဆိုရင် နှစ်​ဦးစလုံးပဲအလုပ်​လုပ်​မှာလား၊ ဒါမှမဟုတ်​ တစ်​ဦးကအလုပ်​လုပ်​မှာလား၊နှစ်​ဦးစလုံး မဖြစ်​မ​နေအလုပ်​လုပ်​မယ်​ဆိုရင်​ သားသမီးရဲ့ စိတ်​လုံခြုံ​မှု​ပေးဖို့ မိဘနှစ်​ဦးစလုံး တာဝန်​ခွဲပြီးလုပ်​ဖို့ အကြံ​ပေးချင်​တယ်​' လို့​ပြောပါတယ်​။

ဒေါ်မိုးမိုးဟာ အပတ်​စဉ်​​သောကြာ​နေ့တိုင်း က​လေးငယ်​ကို​ဆေးခန်းပြ​နေရပြီး ၁၄ နှစ်​လုံးလုံးအလုပ်​လုပ်​ခဲ့တဲ့​ငွေကို ​ဆေးကုသဖို့သုံးစွဲ​နေရပါတယ်​။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ