Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

အနာဂတ်အရေး ရတက်အေးစရာ လိုအပ်ချက်များနှင့် စာတတ်မြောက်ရေး



တစ်နေ့ သမ္မတကြီးမိန့်ခွန်းထဲမှာ ကြားလို
က်ပါတယ် တနိုင်ငံလုံး
စာတတ်မြောက်ရေးတဲ့ အဲဒီ့အလုပ်ကို လုပ်လာတာ ဦးနုလက်
ထက်ထဲက လုပ်လာတာထင်တယ် ပညာရေးကပဲ မကောင်းတာ
လား လူတွေကပဲ ညံ့တာလား ကိုယ့်နိုင်ငံ ကိုယ့်စာပေတောင်
ကဏ္ဍတခု လုပ်ပြီးသင်ပေးနေရသေးတယ် ခေတ်အဆက်ဆက်
ကသင်လာတာ ပညာပေးတွေ လုပ်လာတာများပြီ အခုထိ တတ်
မြောက်ရေးဆိုတာကြီးကို လုပ်နေတုန်းဆိုတော့ တကယ်တော့

စာမတတ်တာဟာ အလွယ်ပြောရရင် စာမသင်လို့ ဘာကြောင့်
စာမသင်သလဲ မေးရင် ဝမ်းစာအတွက် လိုက်နေရလို့ နောက်
တနည်းက ပညာတတ်ပြီး ပိုက်ဆံမရှိရင် အလကားပဲ ပညာ
တတ်တွေ အများကြီး အလုပ်လက်မဲ့ဖြစ်နေ တာပညာတတ်
တော့ဒီနိုင်ငံမှာ ဘာထူးမှာမို့လို့လဲ
 
ဝမ်းရေးအတွက် စာမသင်နိုင်လောက်အောင် လုံးပန်းနေရပြီ ဆို
ကထဲက ဒီလိုပြည်သူဆင်းရဲလို့ တိုင်းပြည်တိုးတက် ချမ်းသာမှု မ
ရှိလို့ ပြည်သူကို အစိုးရက ကူညီထောက်ပံ့မှုမရှိလို့ ဝင်ငွေနဲ့ထွက်
ငွေမမျှလောက်အောင် ကုန်ဈေးနှုံးတွေကြီးလို့ ကုန်ဈေးနှုံးနဲ့ ကုန်
သည် ခရိုနီကိုအစိုးရက မထိန်းချုပ်လို့ စီးပွားရေးပိတ်ဆို့ထားလို့

အမြတ်ကြီးစား ဂုတ်သွေးစုပ်နေလို့ စီးပွားရေးမှာ တဖက်သတ်
ဆန်နေလို့ တရားမျှတစွာ လုပ်ပိုင်ခွင့်မပေးလို့ ဒီလိုအချက်တွေ
ကပြည်သူကို ဖိထားတော့ တနေ့စာ ဝမ်းရေးအတွက် အလျှင်
မီအောင် လုံးပန်းနေရတယ် အကြွေးထပ်လာတော့ အကြွေး
အတွက် အလုပ်ပိုလုပ်ရတယ် ဘယ်လိုလုပ်ပြီး စာသင်မလဲ စာ
မတတ်ရခြင်း အဓိကအကြောင်းရင်းထဲ ဒါတွေလည်းပါမယ်
ထင်ပါရဲ့
ပညာတတ်ပြီး ဘာလုပ်မှာလဲတဲ့ ဒီအမြင် သူတို့မြင်တာမမှားပါ
ဘူး ပညာတွေသင်ပြီး ပညာတွေတတ်လာပေမယ့် တတ်ထား
တဲ့ ပညာအပေါ်နိုင်ငံတော်က အလုပ်မပေးနိုင်ပါဘူး အလုပ်လက်
မဲ့များလာသလို သင်ထားတဲ့ ပညာနဲ့ဘယ်လိုမှ မပတ်သက်တဲ့ ရ
ရာ အလုပ်တွေ လုပ်နေရတဲ့ ပညာတတ်တွေက ဒုနဲ့ဒေးပါ

ပိုက်ဆံချမ်းသာတဲ့ ပညာတတ်တွေထဲမှာတောင် ပညာနဲ့သုံးပြီး
အလုပ်မရလို့ မိဘ စီးပွားရေးထဲဝင်လုပ်နေရသူတွေလည်း တပုံ
ကြီးပါ ဒီတော့ပြည်သူလူထုကို စာတကယ်တတ် စေချင်ရင် အ
ထက်ကပြောခဲ့တာတွေ အရင်ပြင်ရလိမ့်မယ်လို့ ထင်ပါတယ်
 
ပညာရေးစနစ်လည်း ကောင်းအောင်ပြင်သင့်သလို ပညာရေးရဲ့
ခြစားမှုတွေ လုပ်ရပ်တွေလည်းပြင်ဖို့လိုလိမ့်မယ် ထင်ပါတယ်
ဒီလိုတွေသာပြင်ဆင်ပြီးထားရင် စာတတ်မြောက်ရေးဆိုတာကြီး
ကိုအထူး တလည်လုပ်နေစရာ မလိုပါဘူး အလိုလို အားလုံးစာ
တတ်ကြမှာပါ ဒီမိုကရေစီရဲ့ဖခင်လို့ခေါ်ရမယ့်အမေရိကန် နိုင်ငံ
ကြီးမှာ ပညာရေးနဲ့ပတ်သက်လာရင် အရွယ်မရောက်သေးတဲ့အ
ထိအခမဲ့လို့ ကြားဖူးပါတယ်

ဒီမှာတော့သူငယ်တန်း ကလေးကျောင်း စတက်ဖို့တောင်တော်
တော်ခက်ခဲနေရတာဆိုတော့ စာမတတ်တာထက် ထမင်းမငတ်
ဖို့အရေးကြီးနေတော့ စာတတ်မြောက်ရေးကြီးကလည်း စရိတ်
ကုန် အချိန်ကုန်လူပန်းနဲ့ သဲထဲရေသွန် သလို အရာထင်လာဦး
မှာမဟုတ်ပါဘူး။
လမ်းဘေးဝဲယာတွေနဲ့ ကားကြို ကားကြားမှာ ဈေးရောင်းနေတဲ့
ကလေးတွေ အဝေးပြေးလမ်းမပေါ်နှင့် ရထားလမ်းဘေးတွေမှာ
ဈေးရောင်းနေတဲ့ ကလေးတွေ  လူတကာထံ လက်ဖြန့်တောင်း
နေတဲ့ကလေးတွေ လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားနဲ့ အမှိုက်
ပုံတကာမှာ ဘဝ ဝမ်းစာရှာနေကြတဲ့ ကလေးတွေ ဒီကလေးတွေ
ရဲ့ဘဝ အနာဂတ်က လှပဖို့မရှိသလို ဘာအသိပညာ ဘာစာမှ မ
သင်ရလို့ အသိအမှောင်ဖုံးနေလို့ လူတော်လူ ကောင်းဖြစ်လာဖို့
မလွယ်သလို လေလွင့် လူငယ်တွေကတဆင့်

ဆိုးသွမ်းသူများဖြစ်လာပြီး နိုင်ငံတော်ရဲ့ ကြီးမားတဲ့ တော်လှန်ပုန်
ကန်သူ ရန်သူများဖြစ်လာနှိင်သလို တိုင်းပြည်ရဲ့အဖျက်လုပ်ငန်း
တွေကို လုပ်လာနှိင်တယ် မိန်းကလေးတွေအနေနဲ့လည်း လမ်းပေါ်
ပျော်ရင်း လမ်းမှာ ကိုယ်ဝန်ရှိလာပြီးတော့ လေလွင့်မျိုးဆက်ထပ်
ပွားနဲ့ပဲ တိုင်းပြည်ရဲ့ ကျက်သရေကို ယုတ်လာစေတယ်။
ဒီတော့ စာတတ်မြောက်ရေးထက် လေလွင့်လူငယ်တွေ ရှင်းရမယ့်
လူငယ်ထိန်းသိမ်းရေး စောင့်ရှောက်ရေးနှင့် ပြု ပြင်ရေးများအပြင် လူ
ငယ် တွေအတွက် အတတ်ပညာ၊အသက်မွေးဝမ်းကြောင်း ပညာနဲ့
စာပေသင်ကြားမှုတွေကို အခမဲ့ စခန်းများဖွင့်ပြီးဆောင်ရွက်သင့်တယ်၊
တိုင်းပြည်မှာ အလုပ်လုပ်နှိင်အောင် လုပ်ငန်းများ ပြည်းတွင်းပြည်ပမှ
ဖိတ်ခေါ်ဖွင့်လှစ်ပြီး လူတိုင်း အလုပ်လက်မဲ့ ကင်းအောင်ဆောင်ရွက်
သင့်သလို လူမျိုးရေးဝါဒ မှိုင်းတွေဖယ်ရှားပြီး ဘယ်လူမျိုး ဘယ်ကုမ္ပဏီ
မဆို လုပ်ငန်းများ ဖိတ်ခေါ်ယူ၍ တိုင်းပြည်တွင်း လူထုကိုအလုပ် လုပ်
ခွင့်ရစေရန် အကောင်အထည်ဖေါ်ဆောင်ရွက်သင့်တယ်
ဒီလို သာမိသားစုလိုက် ပုံမှန်အလုပ်လုပ်ပြီး ပုံမှန်ဝင်ငွေရှိလာကြမယ်ဆို
ရင် မျိုးဆက်တိုင်း ပညာသင်ခွင့်ရမှာဖြစ်သလို လူတိုင်းလည်း စာတတ်
မြောက်ပြီးသားဖြစ်မယ် ၊ လေလွင့်လူငယ် ပပျောက်သွားမှာဖြစ်သလို
တိုင်းပြည်ရန်စွယ်ကင်းပြီး တိုင်းပြည်ရဲ့ အနာဂတ်တိုးတက် လှပလာမှာ
ဖြစ်တယ်၊ လူနေအဆင့်အတန်း မြင့်မားလာပြီး တိုင်းပြည် အသရေ တိုး
လို့ ကမ္ဘာ့ အလယ်မှာ မော်နှိင်ကြွားနှိင်လာမည် ဆိုသည်ကို စာတတ်မြောက်
ရေးနှင့်ပတ်သက်၍ လိုအပ်ချက်နှင့် တိုင်းပြည်အနာဂတ် ရတက်အေးစရာ
များကို စပ်လျ ဉ်း၍ ရေးသားတင်ပြလိုက်ပါသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ