Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ပါကစ္စတန်နိုင်ငံတွင် ရေကြီးမှုကြောင့် လူရာနှင့်ချီ သေဆုံး

ပါကစ္စတန် နိုင်ငံမှာ မုတ်သုန်မိုးကြောင့်ဒေသအတော်များများ ရေကြီးရေလျှံမှုနဲ့ ကြုံနေသလို လူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ အနည်းဆုံး ၅၀ သေဆုံးခဲ့ပြီး ရေကျမယ့် အခြေအနေမရှိသေးတာကြောင့် နောက်ထပ် လူသေစာရင်း တိုးလာနိုင်ပါတယ်။


အိမ်တွေ၊ အစိုးရ အဆောက်အအုံတွေ၊ ကျောင်းတွေထဲမှာ ရွံ့ရေတွေနဲ့ ပြည့်လျှံနေပါတယ်။ လမ်းတွေ ပိတ်နေသလို နိုင်ငံ အစိတ်အပိုင်း အတော်များများမှာ လျပ်စစ်မီးလည်း ပြတ်တောက်နေပါတယ်။

ပါကစ္စတန်မှာ မိုးတွင်းကာလမှာ ဆိုးရွားတဲ့ ရေကြီးမှု၊ မြေပြိုမှုတွေနဲ့  ပုံမှန်လို ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ် ရေကြီးတဲ့ အခြေအနေဟာ တချို့ ဒေသတွေမှာ  နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို သဘာဝကပ်ဘေးနဲ့ ကြုံနေရတဲ့အချိန်မှာ နိုင်ငံရေး ပြသနာကလည်း အရှိန်မြင့်နေပါတယ်။ မြို့တော် အစ္စလာမ်မာဘတ်မှာ လူထောင်ပေါင်းများစွာဟာ အစိုးရနယ်မြေထဲအထိ ၀င်ပြီး ၀န်ကြီးချုပ် န၀ပ်ရှာရပ်စ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။ သဘာဝကပ်ဘေး ကယ်ဆယ်ရေး အာဏာပို်င်တွေက ရေဘေးကို ထိန်းနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

စစ်တပ်ကလည်း အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုနေပါတယ်။ နောက်ထပ် မိုးရွာသွန်းဦးမယ့် အလားအလာရှိသေးတာကြောင့် အခြေအနေတွေ အခုထက် ဆိုးနိုင်တာကိုလည်း စိုးရိမ်နေကြပါတယ်။

 

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ