Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

မြန်မာအိမ်ကူလုပ်သား ပြည်ပစေလွှတ်မှု အပြီးသတ်ရပ်ဆိုင်း



မြန်မာအိမ်အကူများအား စင်္ကာပူအိမ်အကူလုပ်သားအေဂျင်စီတခုက ဈေးလျော့၍ အလုပ်ရှင်များအား ဆွဲဆောင်နေပုံ
မြန်မာအိမ်အကူ လုပ်သား ပြည်ပသို့ေ စလွှတ်မှုကို အပြီးသတ်ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ
ပြည်ပအလုပ် အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံမှ အိမ်အကူလုပ်သား စေလွှတ်မှုကို ပြီးခဲ့သည့်လပိုင်းက ယာယီ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခု အခါ လုံးဝ စေလွှတ်ခြင်းမပြုတော့ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

“ပြီးခဲ့တဲ့ တနင်္လာနေ့က ၀န်ကြီးရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ၀န်ကြီး က ပြည်ပအိမ်အကူလုပ်သားစေ လွှတ်မှုကို လက်မခံတော့ဘူး”” ဟု ဦးစိုး မြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်အကူလုပ် သားစေလွှတ်မှုကို စင်္ကာပူနိုင်ငံ တစ်နိုင်ငံတည်းကိုသာ တရားဝင်ခွင့်
ပြုပေးထားခဲ့ပြီးမလေးရှား၊ ဟောင်ကောင်နိုင်ငံများမှလည်း မြန်မာအိမ်အကူလုပ်သားထောင်နှင့်ချီခေါ်ယူရန် ကမ်းလှမ်းထားမှုများရှိခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးဆဲအဆင့်မှာပင် ရပ်ဆိုင်းမှုများရှိခဲ့သည်။

စင်္ကာပူသို့ တရားဝင်အိမ်အကူ လုပ်သားစေလွှတ်မှုမှာလည်း မကြာခင်က မြန်မာလုပ်သားတစ်ဦးညှင်း ပန်းနှိပ်စက်ခံ ရသည့်ဖြစ်စဉ်ထွက်ပေါ်ခဲ့ပြီးနောက် ဆက်လက်စေလွှတ်ခြင်းမပြုရန် မြန်မာဖက်က ယာယီ ရပ်နားထားခဲ့ပြီး ယင်းအလုပ်သမားများအတွက် လုံခြုံစိတ်ချရမှုရှိစေမည့် အ ချက်များပါဝင်သည့် ညှိနှိုင်းမှု များဖြင့် MOU ရေးထိုးရန် စီစဉ်ခဲ့သေးကြောင်း ယခုအခါ ယင်းအစီအစဉ်ပျက်ပြယ်ခဲ့ဖွယ်ရှိကြောင်း သိရ သည်။

မကြာသေးမီ လပိုင်းက စင်္ကာပူအိမ်အကူလုပ်သားအေဂျင်စီတခုက မြန်မာအပါအ၀င် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစရှိသောနိုင်ငံများမှ အိမ်အကူများအား ဈေးဝယ်စင်တာတခု၌ လူသုံးကုန်သဖွယ် လျော့ဈေးပေး အရောင်းမြှင့်တင်မှုပြုလုပ်ခဲ့ခြင်းကြောင့် ယင်းလုပ်ရပ်အပေါ် နိုင်ငံတကာမှ ဝေဖန်ခဲ့ကြသည်။

မြန်မာအမျိုးသမီးများအနေဖြင့် ပြည်ပနိုင်ငံများတွင် အိမ်အကူလုပ်သား အဖြစ် သွားရောက်လုပ်ကိုင်နေ
ခြင်းကြောင့် ဖိနှိပ်ညှင်းပန်းခံရမှုများလည်း မကြာခဏ ထွက်ပေါ်နေခဲ့ကာ ယင်းဖြစ်ရပ်များကြောင့် အစိုး ရအပေါ် ဝေဖန်မှုများလည်း ထွက်ခဲ့သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ လက်ရှိအချိန်ထိ မြန်မာအမျိုးသမီးများအနေနှင့် ပြည်ပနိုင်ငံများ တွင် အိမ်အကူလုပ်သားများအဖြစ် တရားမ၀င်လမ်းကြောင်းများမှတဆင့် သွားရောက်လုပ်ကိုင်မှုများ ရှိနေသေးကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ