
တရုတ်မူလတန်းကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၁ ရက်၌ ဓားသမားတစ်ယောက်က ကလေး များ ကိုဓားဖြင့်လိုက်ထိုးရာ ကလေးသုံးယောက်သေဆုံးပြီး ကလေးငါးယောက်နှင့် ဆရာတစ်ယောက် တို့ ဒဏ် ရာရရှိသည်ဟု သတင်းများကဖော်ပြသည်။ ကလေးများကို တိုက်ခိုက်မှုပြုသည်မှာ ယခုတိုက် ခိုက်မှုသည်
နောက်ဆုံးပေါ်တိုက်ခိုက်မှု ဖြစ်သည်။
ကလေးများကို ဓားဖြင့်တိုက်ခိုက်သူသည် အဆောက်အအုံတစ်ခုမှ ခုန်ချပြီးသူ့ကိုယ်သူ အဆုံးစီရင် သွား သည်။ ထိုအဖြစ်အပျက်မှာ ဟူပေပြည်နယ်ရှိ ရှီယန်မူလတန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွား ခြင်းဖြစ် သည်ဟု ဆင်ဟွာသတင်းအေဂျင်စီအရ သိရ၏။
ဒဏ်ရာရသူ ခြောက်ဦးတို့ကိုဆေးရုံသို့တင်ပို့လိုက်ကြောင်း၊ ဒဏ်ရာရသူများအနက် နှစ်ယောက်တို့မှာ ဒဏ် ရာပြင်းထန်သည်ဟု ဆင်ဟွာကဆိုသည်။
အဆောက်အအုံမှ ခုန်ချသည့်ဓားသမားသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆင်ဟွာကဖော်ပြ
သည်။ အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိခဲ့ချေ။ ထိုဓားသမား၏ မိဘမျိုးရိုးအမည်မှာ ချင်းဟူ၍သိရ၏။
သူ့ကလေးကို သူကျောင်းမအပ်နိုင်သောကြောင့် ယခုကဲ့သို့ကလေးများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း
ဒေသရုပ်မြင်သံကြားက ဖော်ပြသည်။
ထိုသတင်းကို ပြောပြရန် ဒေသရဲအရာရှိက ငြင်းဆိုသည်။ ထိုကိစ္စကို သူအသေအချာတိတိကျကျ မ သိကြောင်း၊ ရဲဗျူရိုမှအရာရှိများက စုံစမ်းစစ်ဆေးရန်ထိုကျောင်းသို့ သွားနေကြောင်းသူက ဆိုသည်။



































No comments:
Post a Comment