Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

အပစ်ရပ် ယူကရိန်းဖက်မှာ ပေါက်ကွဲမှုဖြစ်

ယူကရိန်းနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မြို့ပြင်မှာ စနေနေ့ ညနှောင်းပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ တယ်လို့ မျက်မြင်သက် သေတွေက ပြောပါတယ်။ ဒီမြို့ဟာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို အစိုးရတပ်က ခံတပ်တည်ဆောက်ပြီး ခုခံ တိုက်ခိုက်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။


အနောက်နိုင်ငံအခြေစိုက် သတင်းထောက်တွေပြောတဲ့ အမြောက်နဲ့ ပစ်ခတ်ပေါက်ကွဲမှုဟာ သီးခြား မတော်တဆ ဖြစ်ပေါ်မှုလား၊ ဒါမှဟုတ် သောကြာနေ့က ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေကြား ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင် ချိုးဖောက်လိုက်တဲ့ ဖြစ်ရပ်လားဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

Belarus နိုင်ငံမှာ အတည်ပြုချက် ရယူနိုင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပွဲကို ယူကရိန်းအစိုးရ၊ ခွဲထွက်ရေးအဖွဲ့၊ ရုရှားအစိုးရနဲ့ OSCE လို့ခေါ်တဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အထူးသံမန်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

စနေနေ့ အစောပိုင်းတုန်းကတော့ ယူကရိန်းသမ္မတ Petro Poroshenko ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက လိုက်နာနေကြတယ်ဆို ၂ ဦးစလုံး သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်သုန်းပန်းတွေ လဲလှယ်ရေးအစီအစဉ်ကို အတတ်နိုင်ဆုံး အမြန်ဆုံးစနိုင်ဖို့ ယူကရိန်းအစိုးရက ပြင်ဆင်နေကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko ကလည်း သတင်းထောက်တွေကို စနေနေ့မှာ ပြောကြားခဲ့တာပါ။


ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ ယူကရိန်းအရှေ့ခြမ်းက မြင်ကွင်း။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ