Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်

 မြန်မာ့တပ်မတော်တွင် အရေးပါသည့် ထိပ်ပိုင်းရာထူး အချို့ကို စက်တင်ဘာ ၈ ရက်က အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်အဆင့် ထိပ်ပိုင်းရာထူးအချို့ ကို အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးအား စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်အပြင် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ ခြင်းဖြစ်သည်။ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို စစ်ဦးစီးအရာရှိချုပ် (ကြည်း)နှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးအား စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦးအား ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်၍စစ်ရေးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်အား ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်း ရွှေ့တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် ပြောင်းလဲတာ ဝန်ပေးအပ်ခြင်းခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူး အရိုက်အရာ ဆက်ဆံရန် အလားအလာကောင်းသည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ်(၂၅) ဆင်း ဖြစ်သည်။
မပခတိုင်းမှူးတာဝန်ကို တပ်မ (၆၆) တပ်မမှူးအား ရာထူးတိုးမြှင့်ခန့်ထားလိုက်ကြောင်း သတင်း ရရှိသည်။ အဆိုပါ တပ်မတော် ထိပ်ပိုင်းရာထူးများအပြင် နည်းဗျူဟာမှူး ရာထူးများကိုပါ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း မြန်မာ့တပ်မတော် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ