Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

မန္တလေးတိုင်း ဒေသကြီးရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင် များမှ ၂၄ နာရီ လုံခြုံရေးချ စောင့်ကြည့်နေရ

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ယခုရက်ပိုင်း အတွင်း ကုန်တင် သင်္ဘောနှင့် စက်လှေပေါ်မှ ကုန်ပစ္စည်း များကို အုပ်စုဖွဲ့ လုယက်မှုများ ရှိနေသဖြင့် ရဲတပ်ဖွဲ့ဝင် များမှ ၂၄ နာရီ လုံခြုံရေးများ ချထား၍ စောင့်ကြည့် နေရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။


မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် ရတနာပုံ တံတားမှ ပုသိမ်ကြီး မြို့နယ် သရက်တပင် ကျေးရွာအတွင်း ယခုရက်ပိုင်းတွင် အုပ်စုဖွဲ့ လုယက်သူ များသည် စက်လှေ များဖြင့် ရောက်ရှိလာကြပြီး ကုန်တင်သင်္ဘော များပေါ်မှ ဆန်အိတ်၊ ဘက်ထရီအိုး စသည့် ပစ္စည်းများကို လုယက် ယူဆောင်ခြင်းများ ဖြစ်ပေါ်ခဲ့သည့် အတွက် ရဲတပ်ဖွဲ့ဝင် များက လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ၂၄ နာရီ စောင့်ကြည့် နေရကြောင်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

''မြစ်ကြောင်း တစ်လျှောက်က ဆိပ်ကမ်းတွေ၊ မြို့နယ်တွေ အကုန်ပါတယ်။ ဆိပ်ကမ်း ၁ဝ ခု ရှိတဲ့အတွက် အဲဒီ ၁ဝ ခုမှာတော့ ရေကြောင်း အဖွဲ့တွေ၊ ကုန်တင်၊ ကုန်ချ အဖွဲ့တွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆိပ်ကမ်း ၁ဝ ခုမှာ နေ့စဉ် ကင်းလှည့် စစ်ဆေးတာတွေ ရှိတယ်။ ကမ်းနားတွေမှာ လှည့်ကင်းစစ်ဆေး တာတွေကိုလည်း ဆောင်ရွက် နေပါတယ်'' ဟု ၎င်းက ပြောသည်။

ယခု လဆန်းပိုင်းက ဧရာဝတီ မြစ်အတွင်း အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်သည့် စက်လှေတစ်စင်းက ကမ်းသို့ ကပ်လာပြီး လုံခြုံရေး အဖွဲ့ကို လေးခွဖြင့် ပစ်ခတ် ခဲ့သည့်အတွက် သေနတ်ဖြင့် ပြန်လည် ခြောက်လှန့် ခဲ့ရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် မန္တလေး ခရိုင်အတွင်းရှိ ဆိပ်ကမ်း ၁ဝ ခု၌ ရေကြောင်း ကုန်တင်၊ ကုန်ချ အဖွဲ့များနှင့် ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ