Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

အိပ်​စက်​ချိန်​နည်းပါးခြင်း​ကြောင့်​ရုပ်​ ပိုင်းဆိုင်​ရာ အားနည်းမှုများဖြစ်​​ပေါ်နိုင်




အိပ်ရေးဝဝ မအိပ်ခြင်းသည် လူတစ်ဦးကို အရုပ်ဆိုး အကျည်းတန်စေသည့် သက်ရောက်မှုမျိုး ဖြစ်ပေါ်စေတတ်ကြောင်း သိရှိရသည်။ အိပ်ရေးမဝခြင်းသည် မျက်နှာနှင့် မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားများကို ရောင်ရမ်းစေသလို အကြောအချဉ်များကိုလည်း တင်းမာစေရာ ရေရှည်တွင် သာမန်ထက် အကျည်းတန်သော ပုံရိပ်မျိုး ထင်ဟပ်လာစေတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဆွီဒင်နိုင်ငံတွင် ပြုလုပ်သည့် သုတေသန စစ်တမ်းတစ်ခုက အိပ်စက်ချိန် နည်းပါးခြင်းနှင့် အိုမင်းရင့်ရော် အကျည်းတန်မှုကြား ထင်ရှားသည့် ဆက်စပ်မှု အသစ်များကို ဖော်ထုတ် တွေ့ရှိစေခဲ့သည်။ လူ(၁၀)ယောက်၏ အိပ်ချိန်ကွဲပြားမှုများနှင့် ၎င်းတို့၏ ရုပ်ရည် အပြောင်းအလဲကို စတော့ခ်ဟုမ်းလ်ရှိ ကာရိုလင်စကာ ကျန်းမာရေးဌာနမှ ပညာရှင်များက သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။

အိပ်စက်ချိန် နည်းပါးသော သူများသည် ရေရှည်တွင် မျက်ခွံပျော့အိ ကျလာသလို မျက်နှာအနေအထား ဖွဲ့စည်းပုံ ဆိုးရွား ပျက်ယွင်းလာသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။ (၃၁)နာရီဆက်တိုက် မအိပ်ဘဲ နေထိုင်ပြီးနောက် ထိုသူ၏ မျက်နှာ အခြေအနေသည် သိသိသာသာ ကွဲလွဲချက်များ ဖြစ်ပေါ်လာကြောင်း ပညာရှင်များက ဆိုသည်။ နာရီ(၄၀)မျှထိ ကြာမြင့်ပြီးနောက် စမ်းသပ်မှု မစတင်ခင် ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် နှိုင်းယှဉ်ရာ မို့မောက်သော မျက်ခွံများ၊ နီရဲသော မျက်လုံးများဖြင့် အလွန်ရင့်ရော်စွာ ပြောင်းလဲနေသည်ကိုလည်း တွေ့ခဲ့ရသည်။

"အိပ်ချိန်နည်းပါးခြင်းဟာ လူတွေကို ပိုပြီးနွမ်းလျလာစေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာအရလည်း ဆွဲဆောင်မှု နည်းပါးလာတာ၊ ကျန်းမာစိုပြေတဲ့ ရုပ်သွင်မျိုး လျော့ကျလာတာတွေ ဖြစ်တတ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်"ဟု သုတေသီများက ပြောကြားခဲ့သည်။ အိပ်ချိန် နည်းပါးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် စိတ်ဓာတ်ရေးရာ အရလည်း ကျဆင်းမှုများ ဖြစ်နိုင်ပြီး စိတ်တိုခြင်း၊ စိတ်ဖိစီးလွယ်ခြင်းစသည့် သက်ရောက်မှုများ ဖြစ်တတ်ကြောင်း ပညာရှင်များက မှတ်ချက်ပြုထားခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ