Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ဥ​ရောပတိုက်​သားများ တစ်​ချိန်​က အသားမည်းပြီး အပြာ​ရောင်​မျက်​လုံးများရှိခဲ့



လွန်​ခဲ့သည့်​ နှစ်​​ပေါင်း ၇,၀၀၀ ခန့်​က စပိန်​တွင်​ ​နေထိုင်​ခဲ့​သော စု​ဝေး​နေထိုင်​ကာ အမဲလိုက်​သည့်​ လူ့အဖွဲ့အစည်းဝင်​တစ်​ဦး၏ ဒီအင်​န်​​အေကို စမ်းသပ်​စစ်​​ဆေးမှုများအရ ယခင်​ထင်​မှတ်​ထားသည်​ထက်​ များစွာပို၍ အသားမည်း​ကြောင်း သု​တေသနပြုလုပ်​သူများက ဇန်​န၀ါရီ ၂၆ ရက်​တွင်​ ​ပြောကြားခဲ့သည်​။

၂၀၀၆ ခုနှစ်​က စပိန်​နိုင်​ငံရှိ နက်​ရှိုင်း​သော ဂူတစ်​ခုအတွင်းမှ တူး​ဖော်​ရရှိသည့်​ လာဘရန်​နာ- ၁ ဟု အမည်​​ပေးထား​သော​ ​ရှေးဦးလူသားတစ်​ဦး၏ အရိုးစုမှ သွားတစ်​​ချောင်းကို နမူနာယူ၍ မျိုးဗီဇဖွဲ့စည်းပုံများကို စစ်​​ဆေးကြည့်​ရာတွင်​ အသားမည်းမှုနှင့်​ မျက်​လုံးအပြာ​ရောင်​ရှိမှု နှစ်​ရပ်​သည်​ အံ့ဖွယ်​​ပေါင်းစပ်​​နေသည်​ကို ​တွေ့ ရှိရသည်​ဟု Nature ဂျာနယ်​တွင်​​ဖော်​ပြခဲ့သည်​။

လွန်​ခဲ့သည့်​ နှစ်​​ပေါင်း ၁၀,၀၀၀ နင့်​ ၅,၀၀၀ အကြား မီဆိုလစ်​သစ်​ ​ခေတ်​အတွင်းက ဥ​ရောပတိုက်​သားများကို ယခင်​က အသားဖြူလိမ့်​မည်​ဟု ယူဆခဲ့ကြသည်​။ လတ္တီတွဒ်​မြင့်​မားသည့်​အဆင့်​တွင်​ ​နေထိုင်​​သော​ကြောင့်​ ခရမ်းလွန်​​ရောင်​ခြည်​ထိ​တွေ့ မှုနည်းပါး၍ အသားဖြူလိမ့်​မည်​ဟုမှတ်​ယူခဲ့ခြင်းဖြစ်​သည်​။

"အခုထိ ပယ်​​လေယိုလစ်​သစ်​ အထက်​​ခေတ်​အတွင်း ​အ​စောပိုင်းဥ​ရောပ​ဒေသက​နေ ဆင်းသက်​လာသူ​တွေကို အသားအ​ရောင်​ ​ဖျော့လိမ့်​မယ်​လို့ပဲ မှတ်​ယူထားပါတယ်​။ဒါ​ပေမဲ့ အခုဒီလိုမဟုတ်​ဘူးဆိုတာ ရှင်း​နေတာပဲ" ဟု စပိန်​နိုင်​ငံ ဆင့်​ကဲဖြစ်​စဉ်​ဆိုင်​ရာ ဇီဝ​ဗေဒဌာနမှ ချားလ်​လာလုဇာ​ဖော့စ်​က ​ပြောကြားခဲ့သည်​။

"အခု ဗီဇစမ်းသပ်​ခဲ့တဲ့သူဟာ အ​ရေပြား​ရောင်​ခြယ်ဆဲလ်​ဗီဇ​တွေကို အာဖရိကအနွယ်​​တွေက​နေရရှိခဲ့ပါတယ်​" ဟုလည်း သူကဆက်​လက်​​ပြောကြားခဲ့သည်​။

ပယ်​​လေယိုလစ်​သစ်​​အထက်​​ခေတ်​​ခေါ် ​ကျောက်​​ခေတ်​​နှောင်းသည်​ လွန်​ခဲ့သည့်​နှစ်​​ပေါင်း ၅၀,၀၀၀ မှ ၁၀,၀၀၀ အတွင်းတည်​ရှိပြီး ယင်း​နောက်​တွင်​ မီဆိုလစ်​သစ်​​ခေါ် ​ကျောက်​​ခေတ်​လယ်​ရှိပြီး လွန်​ခဲ့သည့်​နှစ်​​ပေါင်း ၅,၀၀၀ ခန့်​အထိကို သတ်​မှတ်​သည်​။ ယင်းတို့၏​နောက်​တွင်​ ဥ​ရောပတိုက်​သည်​ နီယိုလစ်​သစ်​​ခေါ် ​ကျောက်​​ခေတ်​သစ်​ အတွင်းသို့ ၀င်​​ရောက်​လာခဲ့သည်​။

လာလုဇာ​ဖော့စ်​၏​ပြောကြားချက်​အရ ဥ​ရောပတိုက်​သားများ အ​ရေပြားအ​ရောင်​​ဖျော့လာခြင်းမှာ ထင်​မှတ်​ထားသည်​ထက်​ များစွာ​နောက်​ကျခဲ့ပြီး နီယိုလစ်​သစ်​​ခေတ်​အတွင်း စု​ဝေး​နေထိုင်​ကာ အမဲလိုက်​သည့်​လူ့အဖွဲ့အစည်းမှ လယ်​သမားလူ့အဖွဲ့အစည်းသို့ ကူး​ပြောင်းလာချိန်​ကျမှသာ စတင်​ဖြစ်​​ပေါ်လာခြင်းဖြစ်​​ကြောင်းသိရသည်​။

ယင်းကဲ့သို့ အ​ရေပြားအ​ရောင်​​ဖျော့လာခြင်း၏ ဖြစ်​နိုင်​ဖွယ်​အ​ကြောင်းရင်းမှာ စားသုံးသည့်​ အစာအာဟာရ​ပြောင်းလဲခြင်းနှင့်​ပတ်​သက်​​နေပြီး ဘ၀​နေထိုင်​ဟန်​​ပြောင်းလဲခြင်း​ကြောင့်​ ဗီတာမင်​ဒီရရှိမှု​လျော့နည်းခြင်းဖြစ်​နိုင်​သည်​ဟုဆိုသည်​။ဗီတာမင်​ဒီကို သဘာဝအတိုင်းမရ​ရှိနိုင်​​သော​ကြောင့်​ လူ၏အ​ရေပြားသည်​ ​နေ​ရောင်​ခြည်​နှင့်​ ထိ​တွေ့ မှုကိုအသုံးပြုကာ ဗီတာမင်​ဒီကို ထုတ်​လုပ်​ရသည်​။ သို့​သော်​ မည်း​မှောင်​​သော အ​ရေပြားများသည်​ ဖြူ​သောအ​ရေပြားထက်​ ထုတ်​လုပ်​မှုများစွာ​လျော့နည်းပြီး ဆင့်​ကဲဖြစ်​စဉ်​တစ်​​လျှောက်​ အသားအ​ရေ​ပြောင်းလဲလာခြင်းဖြစ်​သည်​ဟု ဆိုသည်​။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ