ဒေါ်အောင်စန်းစုကြည်ပြောဘူးတဲ့စကားကို တစ်ဆင့်စကားနဲ့ ပြန်ကြားရတာကနေ အတွေးနယ်ချဲ့ မိတယ်။
ပြည်သူတွေအတွက် ဒီမိုကရေးစီလုပ်နေသူ)ဆိုတာ တံမြက်စည်းလိုဖြစ်ရမယ်။ အိမ်တစ်အိမ်မှာတံမြက်စည်းရဲ့ နေရာက ချောင်တစ်ချောင်ထဲမှာပဲရှိပေမယ့် တစ်အိမ်လုံးအတွက်သန့် ရှင်းရေးနဲ့ အလှအပတန်ဘိုးကို တက်အောင်စွမ်းဆောင်နိုင်တယ်။ ဒီလိုစွမ်းဆောင်နိုင်ပေမယ့်လည်း တံမြက်စည်းကိုဘယ်သူကမှ အိမ်ဦးခန်းမှာ ပစားပေးပြီး မထားဘူး။ ဒါပေမယ့်လည်း ဒီတံမြက်စည်းရဲ့ တန်ဘိုးကတော့ အိမ်သန့် ရှင်းရေးရဲ့ တန်ဘိုးပဲ။ လှပသန့် ရှင်းအောင်လှည်းကျင်းပြီးရင်လည်း တံမြက်စည်းကတော့ ချောင်ထဲမှာ သူ့ နေရာနဲ့ သူ ကျေးဇူးတင်ဖို့ မလိုအပ်၊ ပစားပေးဖို့ မလိုအပ်၊ ကြေနပ်စွာနဲ့  နေလျက်ပဲ” …
… ဒီစကားလေးကတော့ အတိအကျဟုတ်ချင်မှဟုတ်ပါလိမ့်မယ်၊ ဆိုလိုရင်းကတော့ အတူတူပဲ။ ဒီစကားလေးကနေပဲ ချဲ့ ကားပြီးအများကြီးတွေးလို့ ရတယ်။
လက်ရှိမြန်မာမွတ်စလင်အသိုင်းအ၀ိုင်းတင်မက တခြားကွန်မြူနီတီတွေအတွက်ပါ ကွင်းကနဲ ကွက်ကနဲ ထင်ရှားစေတဲ့စကား။
အတ္တတွေနဲ့ တည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်က တံမြက်စည်းလိုဖြစ်ဖို့ လွယ်ပါ့မလား? လူတစ်ယောက်က တံမြက်စည်းရဲ့ ဘ၀နဲ့  ဧည့်ခန်းစားပွဲပေါ်က အလှအဖြစ်ထားတဲ့ စက္ကူပန်းအတုဘ၀ဘယ်ဟာကိုပိုရွေးမယ်ထင်လဲ?
လူတော်တော်များများကတော့ လှည်းလည်းလှည်းရ၊ ချောင်လည်းအထိုးခံရဘ၀ကိုတော့ ကြိုက်မယ်မထင်ဘူး။ လူတော်တော်များများက အများအမြင်မှာ လှတယ်လို့ အထင်ခံရနိုင်တဲ့ စက္ကူပန်းဘ၀ကိုပဲရွေးကြမှာသေချာတယ်။ သေချာစဉ်းစားကြည့်ရင် စက္ကူပန်းဆိုတာက တချိန်အမှိုက်ဖြစ်မှာ။ ကြည့်ဖန် တွေ့ ဖန်များလာရင် ရိုးသွားမှာ။ ရိုးသွားရင် အမှိုက်အဖြစ်စွန့် ပစ်မှာ။ ဒီကြားထဲကမှ စက္ကူပန်းမှာ အပြဲတွေ၊ အနာတွေပါနေရင် နေ့ တစ်ဝက်တောင်ထားမှာမဟုတ်ဘူး။ အဲဒီအမှိုက်ကို တံမြက်စည်းကပဲ လှည်းပေးနိုင်မှာ။ စက္ကူပန်းဟာ တံမြက်စည်းရဲ့ အရည်အချင်းကို ဘယ်တော့မှကျော်လွှားနိုင်မှာမဟုတ်တာသေချာတယ်။
အခု ကွန်မြူနီတီထဲမှာ လူတွေဟာ အများအမြင်မှာတင့်တယ်ချင်တဲ့ စက္ကူပန်းဘ၀ကိုရောက်ဖို့ အတွက် သူ့ ထက်ငါအပြိုင်၊ ရှေ့ ကလူကိုနင်း၊ တက်လာသူကိုကန်ချ၊ ခုန်ပျံကျော်လွှားဘ၀နဲ့ ကျားကုတ်ကျားခဲကြိုးစားနေကြတယ်။ စက္ကူပန်းက သဘာဝပန်းထက်တော့ အချိန်ကြာကြာခံနိုင်မှာဖြစ်ပေမယ့် တချိန်လူတွေရိုးသွားရင် အမှိုက်အဖြစ်နဲ့ လှည်းဖို့ တံမြက်စည်းကိုပဲတာဝန်ပေးကြရမှာလေ။ တံမြက်စည်းကတော့ လှည်းရင်းလှည်းရင်းနဲ့ ပါးသွားတဲ့အချိန်ရောက်ရင် အမှိုက်ပုံကိုရောပေမယ့် ဘယ်တော့မှ အလှည်းမခံရဘူး။
နိုင်ငံရေးအမြင်နဲ့ ပြောရရင် တံမြက်စည်းလိုလူမျိုးက Policy Maker တွေပေါ့ဗျာ။ ရှေ့ ထွက်ဖို့ မလိုပေမယ့် သူ့ အရည်အချင်းကို ဘယ်သူမှမမေ့ကြတာဖြစ်နိုင်သလို၊ ချောင်အထိုးခံရတာလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဝမ်းနည်းနေမှာမဟုတ်ဘူး။ သူ့ ရဲ့ စွမ်းဆောင်ချက်ကို ကြိတ်ပြီးပီတိဖြစ်ရုံ၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဂုဏ်ယူနိုင်ရုံနဲ့ တင်ကြေနပ်နေမှာသေချာတယ်။
ကျနော်တို့ ကွန်မြူနီတီထဲက စက္ကူပန်းအမှိုက်တွေကိုလှည်းဖို့ အတွက် တံမြက်စည်းတွေများများလိုသဗျို့ ။မ



































No comments:
Post a Comment