Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 5, 2014

ကွန်ပြူတာတွေကို အီလက်ထရောနစ် သွေးဖြစ် လည်ပတ်စေမည်


ခေါင်းစဉ်ကြောင့် တွေးရရှုပ်သွားစေမယ်ထင်ပါတယ်။ Mashable မှာ ဖော်ပြ ထား တဲ့ ဆောင်းပါးက ဒီလိုပါ။ ယနေ့ လူတိုင်း အသုံးပြုနေတဲ့ စမတ်ဖုန်းမှာ ပါတဲ့ မှတ်ဥာစ်တစ်ခုဟာ တစ်ချိန်က နာဆာတို့ လကမ္ဘာကို သွားဖို့ တင်လိုက်တဲ့ အာသာယာဉ်က မှတ်ဥာဏ်အစိတ်အပိုင်းများထပ်တောင် ပိုပြီးတော့ အဆင့်မြင့်နေပါတယ်။ ဒါကြောင့် အနာဂတ်မှာ နည်းပညာ ပစ္စည်းများကို ထုတ် လုပ်လေလေ သေး လာလေလေပဲ။ အထူးသဖြင့် Chip တွေ၊ Processor တွေသေးသွား ပါတယ်။ Chip ဆိုတာ ကွန်ပြူတာတစ်လုံးရဲ့  မှတ်ဥာဏ်ပါ။ ယင်းမှတ်ဥာဏ်ဟာ ကွန်ပြူတာ၊ စမတ်ဖုန်းတို့ ဖွင့်လိုက်တာနဲ့ အလုပ်လုပ်နေရ ပါတယ်။ ပိတ်ထားလည်း CMOS တို့လို အစိတ်အပိုင်းက ဆက်လုပ်ရပါတယ်။ ဒီလို နေ့မအား၊ ညမနား အလုပ်လုပ်နေရတဲ့ Chip များကြောင့် ပစ္စည်းတွေ က ပူတာပါ။
ပစ္စည်းတွေက ပူလေလေ၊ အေးအောင်လုပ် ရလေလေ၊ အေးအောင် ပိုလုပ်နိုင်လေလေ၊ ပစ္စည်းရဲ့  တန်ဖိုးက ကြီးလေလေ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာကြာ သုံးသုံး အပူသက်သာတဲ့ ပစ္စည်း ဆိုတာမျိုးက ကွန်ပြူတာ လောကမှာ အရှားပါးဆုံးနဲ့ ဈေးအကြီးဆုံးပါပဲ။ Temperature Cool Down လုပ်ဖို့အတွက်ပဲ ကွန်ပြူတာ ဆက်စပ် ပစ္စည်း လောကမှာ ခေါင်းစားနေကြ ရတာ ဖြစ်ပါတယ်။ Google ရဲ့  Data Center ဟာဆိုရင် အပူထွက် တာကြောင့် လျော့ချစေရန် အဲယားကွန်း၊အအေးခန်း ဖန်တီးပေးရပြီး ဒီအတွက် ကုန်ကျတဲ့ လျှပ်စစ်မီးပမာဏကို တစ်နှစ်ကို အိမ်ခြေပေါင်း ၂ သိန်းစာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပူကြောင့်ပဲ ပစ္စည်းတွေက ပျက်ရပြီး အစားထိုးရတာတွေ၊ လဲလှယ် ရတာတွေ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါကို အေးစေဖို့ အမေရိကန် IBM ကုမ္မဏီက နည်းပညာသစ် တီထွင်လိုက်ပါပြီ။ အလက်ထရိုလိုက် အရည်တစ်မျိုးကို Chip အစိတ်အပိုင်း အပြင် ပူတတ်တဲ့ အစိတ်အပိုင်းနေ ရာမှန်သမျှကို စီဆင်းစေမယ့် နည်းပညာ ဖြစ်ပါတယ်။ အပူတွေက ယင်းအရည်ထဲကို စီးဆင်းသွားပြီး Circulation လည်ပတ်နေမှုကြောင့် အရည်က အပူတွေကို သယ်ဆောင်သွားမှ ဖြစ်ပါတယ်။ လက်ရှိ အီလက်ထရောနစ် ပစ္စည်းများ အပူဒဏ်လျော့ချဖို့အတွက် လေကိုပဲ အဓိက အသုံးချနေတာပါ။ ယခုတော့ အရည်ဘက်ကို ပြောင်းလဲလာပါပြီ။
အလက်ထရိုလိုက် အရည် ဖြစ်တဲ့အတွက် ရှော့ဖြစ်ုဖို့လည်း အကြာင်းမရှိပါ ဘူး။ ဆားကစ်ရဲ့  အင်မတန် အသေးစိတ် ကျပါတယ်ဆို တဲ့ နေရာတွေ အထိကိုတောင် အသေးစိတ် ပိုက်လိုင်းဆောက်လို့ လည်ပတ်စေမယ့် နည်းပညာ ဖြစ်ပါတယ်။ ဒါကို IBM က အင်ဂျင်နီယာ ၂ ဦးက ဖန်တီးပြီး Electronic Blood လို့ အမည်ပေးထားပါတယ်။ ယင်း Blood နဲ့တင် Chip, Processor များရဲ့  အပူချိန်ကို သိသိသာသာ လျော့ချနိုင်ပြီး အလုပ်လုပ်နိုင်စွမ်းကိုလည်း တိုးမြင့်ပေးစေမှာ ဖြစ်ပါတယ်။ Electronic Blood လို့ခေါ်တဲ့ အီလက်ထရောနစ် သွေးနဲ့ ကွန်ပြူတာများကို များမကြာမီ နှစ်များအတွင်း လည်ပတ်သွားစေမယ့်လို့ ပြောဆို ခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ