Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

လစာကိစ္စ ဖြေရှင်းပေးခြင်းမရှိပါက နေပြည်တော်အသင်း ကစားသမားများ ဆန္ဒပြမည်ဟုဆို

 နေပြည်တော်အသင်းသားများအား လစာပေးချေရန် ရွှေ့ဆိုင်းထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ယခုတစ်ပတ်အတွင်း ဖြေရှင်းပေးခြင်းမရှိပါက နေပြည်တော် ဖူဆယ်ကစားသမားများနှင့် တိုင်ပင်ကာ ဆန္ဒပြသွားမည်ဖြစ်ကြောင်း နေပြည်တော်ဖူဆယ်အသင်း အုပ်ချုပ်သူဟောင်း ဦးနိုင်ဝင်းကပြောသည်။


နေပြည်တော်အသင်းသည် လူငယ်အသင်း၊ ဖူဆယ်အသင်း နှင့် နေပြည်တော်ဘောလုံးအသင်းတို့ကို လစာပေးချေရန် ပျက်ကွက်ခဲ့ပြီး ဖူဆယ်အသင်းက ၎င်းတို့ရရှိမည့် ဆုကြေးများ၊ လစာရှစ်လစာအပါအ၀င် စိုက်ထုတ်သုံးစွဲထားသည့် ကျပ်သိန်းရှစ်ရာကျော်ကို အမြန်ဆုံးရလိုကြောင်း ယခုတစ်ပတ်အတွင်း မဖြေရှင်းပေးပါက ဆန္ဒပြသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
‘‘ဘောလုံးအဖွဲ့ချုပ်မှာလည်း အခုတစ်လော အလုပ်ရှုပ်နေတာကို သိတယ်။ ဒါပေမဲ့ ဖြေရှင်းပေးမယ်လို့ ပြောထားတာ ကြာနေပြီ။ ဒီတစ်ပတ်အတွင်း မဖြေရှင်းပေးဘူးဆိုရင် ကစားသမားတွေနဲ့ တိုင်ပင်ပြီး အဖွဲ့ချုပ်ရော နေပြည်တော်အသင်းကိုပါ ဆန္ဒပြသွားမယ်’’ ဟု ဦးနိုင်ဝင်းက ပြောသည်။
နေပြည်တော်အသင်းမှာ ဖူဆယ်အသင်း၏ ရပိုင်ခွင့် ဆုကြေးများ၊ လစာများ ပေးချေနိုင်ခြင်း မရှိသည်ကို ၀န်ခံသော်လည်း အသင်းပိုင်ရှင် ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေ၍  မဖြေရှင်းပေးနိုင်ခြင်း ဖြစ်ကြောင်း သို့သော် ယခုလပိုင်းအတွင်း အသင်းပိုင်ရှင်က  ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်အသင်း မန်နေဂျာ ဦးဇော်ဝင်းက ပြောသည်။
‘‘အခုလက်ရှိ နေပြည်တော်အသင်းက ကစားသမားတွေကို ပြန်ကစားဖို့ လစာပေးပါမယ်ဆိုပြီး လိုက်ပြီး စည်းရုံးနေတယ်။ ကျွန်တော်တို့အဖွဲ့တွေကို စိတ်ဝမ်းကွဲအောင် လုပ်နေတယ်။ အဲဒီတော့ အမြန်ဆုံးမဖြေရှင်းပေးရင် ဆန္ဒပြမယ်’’ဟု ဦးနိုင်ဝင်းက ပြောသည်။
နေပြည်တော်အသင်းမှာ မြန်မာနေရှင်နယ်လိဂ် ကလပ် နေပြည်တော်အသင်းကို လစာခြောက်လစာပေးချေရန် ကျန်ရှိနေပြီး ဖူဆယ်အသင်းကို လစာရှစ် လစာနှင့် ဆုကြေးများ အပါအ၀င် ကျပ်သိန်းရှစ်ရာကျော် ပေးချေရမည်ဖြစ်သလို လူငယ်အသင်း ယူ- ၂၀ အသင်းကိုလည်း လစာ ခုနစ်လစာ ပေးချေရန် ကျန်ရှိနေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ