Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

တောင်တက်သမားများ ရိက္ခာအပြည့်အစုံပါရင် အသက်ရှင်နိုင်ဟုဆို

ခါကာဘိုရာဇီတောင်တက်တဲ့ တောင်တက်သမားတွေဟာ ပစ္စည်းနဲ့ ရိက္ခာအပြည့်အစုံ ပါသွားရင် တောင်ပေါ်မှာ တလအထိ အသက်ရှင် နေနိုင်တယ်လို့ ခြေလျင်နဲ့ တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောပါတယ်။

ပျောက်ဆုံးနေ တဲ့ တောင်တက် သမား နှစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်း သူတို့ နှစ်ဦးအတွက် ရန်ကုန်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြော ဆိုလိုက်ပါတယ်။

တောင်တက်သမား ၂ ဦးအနေနဲ့ တောင်ထိပ်ပေါ်ကနေ ချော်ကျတာ ဖြစ်နိုင်သလို၊  ချောက်ကမ်းပါးတွေထဲ ကျသွားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တောင်တက်သမား ၂ ဦးနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာ ဒီကနေ့ တနင်္လာနေ့ဆိုရင် ရက်ပေါင်း ၂၃ ရက် ရှိသွားပြီဖြစ်ပါတယ်။

လောလောဆယ်မှာ အမေရိကန်က တောင်တက်သမားတွေ အပါအ၀င် အမြင့်ပေ ၂ သောင်းအထိ ပျံနိုင်တဲ့ ရဟတ်ယာဉ်တွေနဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ နောက်ဆုံးထား ရှာဖွေ နေပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ