Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေ

ယူကရိန်း အရှေ့ ဘက်ပိုင်းမှာ အစိုးရနဲ့ သူပုန် နှစ်ဘက် စလုံးဟာ စစ် ရာဇဝတ်မှုတွေ ကျူးလွန် နေကြ တယ်လို့ လူ့အခွင့်ရေး အဖွဲ့ ဖြစ်တဲ့ နိုင်ငံ တကာ လွတ်ငြိမ်း သာသာခွင့် Amnesty International အဖွဲ့ ကနေ အစီရင်ခံစာ တခု ထုတ်ပြန် စွပ်စွဲထား ပါတယ်။

သောကြာနေ့က အပစ် အခတ် ရပ်စဲရေး မတိုင်ခင် ကတည်းက၊ ဒီအချက် အလက်တွေ စုစောင်းပြီးမှ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


ယူကရိန်း အစိုးရ တပ်ဖွဲ့တွေ ဟာ လူနေ ထိုင်ရာ နေရာ ဆိုတာကို ခွဲခြားခြင်း မရှိဘဲ ဗုံးကြဲ တာတွေ လုပ်ခဲ့ သလို၊ ရုရှား လိုလားတဲ့ သူပုန်တွေ ကလည်း ပြန်ပေး ဆွဲတာတွေ နှိပ်စက် ညှင်းပန်း သတ်ဖြတ် တာတွေ လုပ်ခဲ့တယ် ဆိုပြီး ဖေါ်ပြထား ပါတယ်။

ရုရှားတို့ ဟာလည်း တိုက်ရိုက် ဝင်စွက်တာရော ခွဲထွက်ရေး သမားတွေကို ထောက်ပံ့ တာရော နှစ်ခု စလုံးကို လုပ်နေပြီး ပဋိပက္ခကို မီးထိုး ပေးနေတယ်လို့ Amnesty ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

သောကြာနေ့က အပစ်ရပ်စဲရေး သဘော တူခဲ့ ပေမယ့်လည်း ဒေါ်ညက်စ် လေဆိပ်ကို ထိန်းချုပ် နိုင်ရေး အတွက် ယူကရိန်း တပ်ဖွဲ့ တွေနဲ့ ရုရှား လိုလားတဲ့ သူပုန်တွေ တဘက်ကို တဘက် မော်တာတွေနဲ့ ပစ်ခတ်ခဲ့ကြ ပါတယ်။

ဒေါ်ညက်စ်မှာ ရှိတဲ့ ဥရောပ လေ့လာ သူတွေက ပြောတာ ကတော့ အမြောက်နဲ့ ပစ်ခတ် မှုဟာ အပစ် အခတ် ရပ်စဲ ထားတာကို ချိုးဖေါက်ရာ ရောက်တယ် လို့ ဆိုပါတယ်။

နောက်ပြီး သဘောတူထားချက် ပျက်ပြယ် သွားစေမယ့် ဘာအကြောင်း အချက်မှ မတွေ့ရ ဘူးလို့လည်း ထပ်လောင်း ပြောကြားခဲ့ ပါတယ်။



ပစ်ခတ် မှုဟာ အပစ် အခတ် ရပ်စဲ ထားတာကို ချိုးဖေါက်ရာ ရောက်တယ် လို့ အီးယူ ပြော

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ