Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

(စင်ကာပူကို သွားရောက် အလုပ်လုပ်မယ့် သူများသီးသန့်ဖတ်ရန်)အမ်စီ ယူရန် အထူး စပါယ်ရှယ် နည်းလမ်းများ

တစ်ရက်/ နှစ်ရက် လောက်ပဲ နားလိုပါက အောက်ပါ ရောဂါများဖြစ်ပြနိုင်သည်။

၁။ မနက် အိပ်ရာမှအထတွင် ဇက်လှည့်လို့မရတော့ဟုပြောပါ။ ဆရာဝန်မှ ဂုတ်ကိုချိုးကြည့်သည့် အခါ အော်ပါ။ (ဘယ် ညာ နှစ်သက်ရာ တစ်ဖက်ဖက် ရွေးနိုင်သည်)။ ရှေ့တည့်တည့်ကိုသာကြည့်ပါ။ တစ်ရက် အမ်စီ ရရန်သေချာပါသည်။ သုံးရမည့် vocab များမှာ (painful, neck pain, ARR ARR) တို့ ဖြစ်ပါသည်။

 
၂။ မနက် စောစော ထပါ။ ဘာမှ မစားပါနဲ့။ 100plus နည်းနည်း သောက်ပါ။ ဝမ်းဗိုက် ပျော့နေပါစေ။ Diarrhea and Vomiting ဟုပြောပါ။ three times လောက်လို့ပြောပါ။ သေချာပေါက် အမ်စီ တစ်ရက် ရပါမည်။ 100plus ကြောင့် ဗိုက် မှ ဂြီဂြီ သံ မြည်ပါက ကံကောင်းလျင် နှစ်ရက်ရနိုင်ပါသည်။ history မေးပါက မနေ့ က chilli crab စားသည်ဟုပြောနိုင်သည်။ မြန်မာပြည်ကပါလာတာတွေ စားသည် ဟု ဘယ်တော့မှ မပြောပါနှင့်။ ထိုင်းဆိုင်မှ စားသည်ဟုသာပြောပါ။ အပြောမတော်က ဆေးရုံကို refer လုပ်တတ်ပါသည်။

၃။ back pain ဟုပြောပါ။ ခါးမှာ plaster ကပ်ထားပါ။ တနေကုန် ထိုင်နေရသည်ဟုပြောပါ။ အထိုင် အထ တွင် တော်တော်နာသည်ဟုပြောပါ။ တစ်ရက် အမ်စီ ရရန်သေချာပါသည်။ action ကောင်းရန်တော့ အထူးလို အပ်ပါသည်။

၎။ ဒီတစ်ခု ကတော့ အစားနည်းနည်းစားပါ။ ကြိုက်ရာ cola/coke တစ်ဗူး ကုန်အောင်သောက်ပါ။ gastric pain ဟုပြောပါ။ gas bloating and pain ဟုပြောပါ။ ဆရာဝန်မှ စကားတွေ အများကြီး ပြောပါလိမ့်မည်။ ဘာတွေ မစားနဲ့ ဘာတွေပဲ စား ဘာညာ ဘာ ညာ တော်တော်ပြောပါမည်။ သေချာ နားထောင်ပါ။ အမ်စီ တစ်ရက် ရပါမည်။ ဆရာဝန် တစ်ယောက်တည်း ကို မကြာခဏ gastric ဟု သွားသွား မပြပါနှင့်။ မတော်က ဆေးရုံ refer လုပ်တတ်သည်။ ဗိုက်ထဲ မှန်ပြောင်းကြည့်ခံရပါက ရှိသမျှ စုဆောင်းထားသမျှ ကုန်မှာ ဖြစ်ပါသည်။

၅။ နောက်ဆုံး တစ်ခု ကတော့ နှစ် ရက် သုံး ရက် နားရပါမည်။ ညနေစာကို ငါးလိပ်ကျောက်၊ ကျောက်ပုဇွန်၊ ခရု၊ ဂဏန်း ရှိသမျှ ပင်လယ်စားစားပါ။ sea food buffet ဆိုင်တွင် သွားစားက ပိုတန်သည်။ နောက်နေ့ နံနက် မျက်နှာတွင် အနီစက်လေးများ ဖြစ်လာမည်။ ဆေးခန်းသို့ အမြန်ပြေး၍ Allergy ဖြစ်ပြီဟုပြောပါ။ အသက်ရှူခက်တယ်ဟုပြောပါ။ ဆေးပေးလိမ့်မည်။ သုံးရက်စာလောက် သောက်ရမည် ဟုပြောကာ အမ်စီ သုံးရက်ပေးလိမ့်မည်။ ပထမ တစ်ရက်တော့ သူပေးသော ဆေးကို သောက်၍ ကောင်းကောင်း အိပ်ပါ။ မနေ့က စားထားတာနဲ့ အိပ်ရေးဝဝ အိပ်ရန်လိုသည်။ ကျန် နှစ်ရက် က နှစ်သက်ရာ နေရာ လျှောက်လည် နိုင်သည်။ ဆေး ဆက်သောက်ပါက နှစ်ရက်လုံး အိပ်ရေးဝဝ အိပ်နိုင်ပါမည်။ နှစ်သက်ရာ ရွေးပါ။

အလုပ်ပင်ပန်းသော သူများ အနားယူနိုင် ကြပါစေ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ