Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

တရုတ်နိုင်ငံတွင် ခွေးရူးပြန်ရောဂါ တိုက်ဖျက်မှုအတွင်း ခွေးကောင်ရေထောင်နှင့်ချီ သုတ်သင်ခံရ

တရုတ်နိုင်ငံအတွင်း ပြီးခဲ့သည့် သုံးလက ခွေးရူးပြန် ရောဂါကြောင့်လူငါးဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ရပ် အနေဖြင့် ခွေးကောင်ရေ  ၅၀၀၀ ခန့်ကို သုတ်သင်ခဲ့သည်ဟု စက်တင်ဘာ ၈ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပေါင်ရှန်းမြို့အစိုးရအဖွဲ့သည် ခွေးရူးပြန်ရောဂါကာကွယ်တားဆီးရန် အတွက် ခွေးအကောင်ရေ ၄၉၀၀ ကို သတ်ဖြတ်ခဲ့ပြီး ခွေးကောင်ရေ တစ်သိန်းကို ကာကွယ်ဆေးထိုး ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။

ရှီသန် ခရိုင်ရှိ မြို့နယ်လေး မြို့နယ်နှင့် ကျေးရွာများတွင် ဇူလိုင်လက ခွေးရူးပြန် ရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ပြီး သြဂုတ်လ က  လေးဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

လျှောင်လင်းခရိုင်နှင့် လျောင်နန်ဒေသတို့တွင် ခွေးကိုက်ခံရမှုများကို သတင်းထုတ်ပြန်ခဲ့သည်။

ပေါင်ရှန်းမြို့ အစိုးရ အဖွဲ့က ခွေးများကို ထိန်းသိမ်းထားရန်နှင့် ခွေးလေခွေးလွင့်များကို သုတ်သင်ရန် အာဏပိုင်များအား အရေးပေါ် သတိပေး ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ခွေးရူးပြန်ရောဂါသည် တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ်ဝက် တစ်ခုအတွင်း ဖြစ်တောင့် ဖြစ်ခဲလှသည့် အဆင့် ၂ အမျိုး အစား ရောဂါဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်ပြည်နယ်တွင် ၂၀၀၆ ခုနှစ်က ခွေးရူးပြန်ရောဂါကြောင့် ၁၆ ဦးထက် မနည်း သေဆုံးခဲ့ရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ