Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ပျို​မေတို့​ဒေါက်​ဖိနပ်​စီးတဲ့အခါ သိထားသင့်​တဲ့နည်းလမ်းအ​ချို့ 




ပျိုမေတို့ရေ ဒေါက်ဖိနပ်လေးတွေစီးပြီး စမတ်ကျကျလမ်းလျှောက်နိုင်တဲ့သူ ဖြစ်ချင်ပါသလား။ ဒေါက်ဖိနပ် စီးပြီး ရရှိလာတတ်တဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် နည်းလမ်းတချို့ကို လမ်းညွှန်ပေး လိုက်တယ်နော်။

(၁) ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ပါစေ။
မေတို့အနေနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဒေါက်ဖိနပ်မျိုးကို သေသေချာချာ ရွေးချယ်ရပါတယ်။ ဖိနပ်ဆိုင် မှာ ကိုယ့်ရဲ့ဆိုဒ်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်က အရောင်းကုန်သွားလို့သူ့ထက် တစ်ဆိုဒ်ကြီးတာမျိုးကို မ၀ယ် မိပါစေ နဲ့။ ကိုယ့်ရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲဆိုတာကို သေသေချာချာ မသိဘူးဆိုရင် ဖိနပ်ဆိုင် ကို သွားပြီး ကိုယ့်ခြေထောက်ရဲ့ဆိုဒ်ကို တိုင်းပါ။ အဲဒီဆိုင်တွေက ကိုယ့်ခြေထောက်ရဲ့ဆိုဒ်နဲ့ ခြေထောက် ပုံသဏ္ဌာန် အမျိုး အစားကိုပါ ပြောပြပေးနိုင်ပါတယ်။ ဥပမာ-ခြေထောက်ကျယ်ကျယ်(သို့) ခြေဖ မိုးမောက်မောက်ပြည့်ပြည့် အစရှိသဖြင့် ပြောပြပေးနိုင်ပါတယ်။

(၂) စတိုင်(လ်)ကို စစ်ဆေးပါ။
ခြေထောက်တိုင်းဟာ ဖိနပ်စတိုင်(လ်)အမျိုးအစားအားလုံးကိုစီးလို့ လိုက်ဖက်မှု မရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ခြေထောက်နဲ့ လိုက်ဖက်တဲ့ ဖိနပ် Style မျိုးကို ရွေးချယ်ရပါမယ်။ ကိုယ်ရွေးလိုက်တဲ့ ဖိနပ်ကလည်း ကိုယ့် အတွက် အမှန်တကယ် သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။ အောက်ခြေမညီ၊ သက်သောင့် သက်သာ မရှိတဲ့ ဖိနပ်တွေဟာ လမ်းလျှောက်ဖို့အတွက် ဘယ်လိုမှ အဆင်ပြေစေနိုင်မှာ မဟုတ်ပါဘူး။ Style ကျစေနိုင်ဖို့ အတွက် ကိုယ့်ခြေထောက်နဲ့ ဖိနပ်က တစ်သားတည်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ခြေ ဆစ်ပိုင်း၊ ခြေမျက်စိပိုင်း၊ နားတွေမှာ လိမ်သွားတာမျိုး၊ စောင်း/ယိုင်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်လို Style မျိုးကို ရွေးချယ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ ကြိုးသိုင်း ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကို အရင်ဆုံး စစ်ဆေးပြီး ရွေးချယ်ကြည့်ပါလို့ အကြံပြုပါရစေနော်။

(၃) ဆိုးပြားကို စစ်ဆေးပါ။
ဆိုးပြားတွေက ဖိနပ်တစ်ရန်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါ့ကြောင့် အချိန်ပေးပြီး စစ်ဆေးပါ။ ဖိနပ်က ဆိုးပြား ဟာ လုံးဝပြားချပ်နေရပါမယ်။ ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိရပါမယ်။ အောက်ခြေလှေ ပုံသဏ္ဌာန်ရှိတဲ့ ဖိနပ်တွေမှာ ဆိုးပြားအကုန်လုံးက ကြမ်းပြင်နဲ့ ထိတွေ့မှုမရှိတဲ့အတွက် လမ်းလျှောက်ရတာ လွယ်ကူသက်သာမှာ မဟုတ်ပါဘူး။

(၄) တည့်တည့်မှန်မှန် လမ်းလျှောက်ပါ။
ဒေါက်ဖိနပ်တွေက ပျိုပျိုတို့ရဲ့ ဟန်ပန်အသွင်ကို ပိုမိုအချိုးကျလှပစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ် စီးပြီး လမ်းလျှောက်တတ်ဖို့တော့ လိုအပ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ပျိုပျိုတို့ရဲ့ ဦးခေါင်းကို မတ်မတ် ထားပြီး ပခုံးကိုလည်း မကိုင်းပါစေနဲ့။ ဒေါက်ဖိနပ် စီးပြီးတော့ အခုလို နည်းစနစ်၊ အနေအထား မှန်မှန်နဲ့ လမ်းလျှောက်နိုင် မယ်ဆိုရင် ပိုမိုသက်သောင့်သက်သာရှိပြီး ပိုငြိမ်မှာဖြစ်ပါတယ်။

(၅) ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပါ။
ကြွက်သားတွေနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းကို မလုပ်တော့ဘူးဆိုရင် ထင်သလောက် မသန်မာဘူး ဆိုတာ ကို သတိထားမိကြပါသလား။ Gym တစ်ခုခုမှာ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့ အခါမှာ ကျွန်မတို့ ကြွက်သားတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။ ကြွက်သားတွေ သန်မာရင် လမ်းလျှောက်ရတာ ပိုပြီးလွယ်ကူ အဆင်ပြေစေပါတယ်။ ပျိုပျိုတို့အနေနဲ့လည်း ကိုယ့်ရဲ့ကြွက် သားသန်မာမှုက ကိုယ့်ရဲ့လမ်းလျှောက်နိုင်မှုအပေါ် ဘယ်လောက်အထိ ထိန်း ချုပ်ပေးနိုင်တယ်၊ ခါး၊ ပခုံးတွေ မကိုင်းဘဲ ပုံသဏ္ဌာန်မှန်မှန်နဲ့ စမတ်ကျကျ လမ်းလျှောက်နိုင်စေတယ်ဆိုတာကို လက်တွေ့ သိလာပါလိ မ့်မယ်။

(၆) ရှေ့ကိုကြည့်ပါ။
လမ်းလျှောက်တဲ့အခါမှာ ရှေ့ကိုကြည့်ပြီး လျှောက်ရပါမယ်။ အကယ်၍ ပျိုပျိုဟာ အောက်ကိုပဲငုံ့ကြည့်ပြီး လျှောက်နေမယ်ဆိုရင် စီးထားတဲ့ ဒေါက်ဖိနပ်က ခြေထောက်တွေကို နာကျင်နေစေပါလိမ့်မယ်။ သက်သောင့်သက်သာလည်း ရှိမှာ မဟုတ်ပါဘူး။ လမ်းလျှောက်တဲ့အခါ ကိုယ့်အရှေ့ရဲ့ 1/3 ကိုကြည့်ပြီး လျှောက်ရပါမယ်။ ဒါကိုအချိန်ပေးပြီး လေ့ကျင့်ဖို့တော့ လိုပါတယ်။ လေ့ကျင့်တတ်မြောက်သွားပြီဆိုရင်တော့ ပျိုပျိုအနေနဲ့ လမ်းလျှောက်တဲ့အခါမှာ ဘယ်လောက်အထိ ပိုမိုလွယ်ကူလာသလဲဆိုတာကို လက်တွေ့ မြင်လာနိုင်မှာ ဖြစ်ပါတယ်။

(၇) လေ့ကျင့်ပါ။
အကောင်းဆုံးနည်းလမ်းကတော့ ဒေါက်ဖိနပ်စီးပြီး လမ်းများများလျှောက်ကြည့်ဖို့ပါပဲ။ ကိုယ်နဲ့ အံဝင်ခွင် ကျဖြစ်တဲ့ ဖိနပ်တွေကို စီးကြည့်ပြီး အိမ်ထဲမှာ လမ်းလျှောက်ကြည့်ပါ။ အစပိုင်းတော့ အချိန် အနည်းငယ် သာပေးပြီး လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။ ကျင့်သားမရသေးတော့ ပျိုပျိုရဲ့ခြေထောက်လေးတွေက အကြာကြီး စီးနိုင်မှာ မဟုတ်သေးလို့ပါ။ ကိုယ်စီးချင်တဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ကြာကြာ အထိပဲဖြစ်ဖြစ် စီးနိုင်အောင် လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒေါက်ဖိနပ်လေးနဲ့ စတိုင်ကျကျ လန်းချင် သူလေးတွေ အတွက် အခုလက်ဆောင်ပေးလိုက်တဲ့ နည်းကောင်းလမ်းကောင်းလေးတွေအတိုင်း ကျင့်သုံးကြ ဖို့ မမေ့ပါနဲ့နော်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ