Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

မြန်မာလူ့​အခွင့်​အရေး ကော်​မရှင်​သစ်ဖွဲ့

၂၀၁၄ မတ်လတုန်းက ပြဌာန်း နိုင်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ အရ၊ အဆိုပါ ကော်မရှင် ကို စက်တင်ဘာ ၂၀၁၄ မှာ ဖွဲ့စည်း လိုက်ပါတယ်။

၂၀၁၁ ခုနှစ်တုန်း က ပြည်ထောင်စု အစိုးရ အမိန့်နဲ့ ဖွဲ့ခဲ့ပြီး သမ္မတက ရွေးချယ် ခန့်အပ်ခဲ့ တဲ့ လက်ရှိ လူ့ အခွင့်အရေး ကော်မရှင် ကို ဖျက်သိမ်းကာ၊ ပေါ်ပေါက်လာ တဲ့ ဥပဒေ နဲ့အညီ ကော်မရှင် အသစ် ပြန်လည် ဖွဲ့စည်း လိုက်တာ ဖြစ်ပါ တယ်။

ကော်မရှင် အသစ်မှာ ဥက္ကဌ အဖြစ် အငြိမ်းစား သံအမတ် ဦးဝင်းမြ အပါအဝင် အငြိမ်းစား ဝန်ထမ်းဟောင်း ၁၁ ဦး ပါဝင်တာ ကို တွေ့ရပါတယ်။

ဥပဒေ အရ ပေါ်ထွန်းလာ တဲ့ ကော်မရှင် ရဲ့ တည်ရှိမှု ဟာ ပိုမို ခိုင်မာပြီး လုပ်ပိုင်ခွင့် တွေ လည်း ပိုမို ကျယ်ပြန့် လာတယ် လို့ ကော်မရှင် ရဲ့ ဒုဥက္ကဌ ဦးစစ်မြိုင် က ဘီဘီစီ ကို ပြောပါတယ်။

ကော်မရှင် ရဲ့ အသုံးစားရိတ် ကို အစိုးရက ထောက်ပံ့မှာ ဖြစ်ပေမယ့်၊ နိုင်ငံတကာ ရဲ့ စံညွှန်းစံထားဖြစ်တဲ့ ပါရီ မူဝါဒ Paris Principles တွေ အရ၊ အမျိုးသား ကော်မရှင် အနေနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေး တို့မှာ အစိုးရရဲ့ စွက်ဖက်မှု မရှိပဲ လွတ်လပ်စွာ ဆောင်ရွက် သွားရမှာ ဖြစ်ကြောင်း လည်း ဦးစစ်မြိုင်က ဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တိုင်ကြားနိုင်ကြောင်း ကော်မရှင်ဟောင်းရဲ့ ကြေညာစာ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ