Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ကျနော်ရယ် ကြယ်သောကြာရယ် စီးချင်းထိုးကြတယ်။

သူ့ကို ကျနော်ကပြောတော့
သူက ကျနော့်ကို ရယ်တယ်...
ရူးလဲ ရူးတဲ့ကောင်တဲ့ ...။
တကယ်ပါ
ကျနော့်မှာ အဲ့ဒီနေ့ကတည်းက
ဝင်သက်ထွက်သက်မရှိခဲ့တော့တာ။


ကျနော် အိပ်ယာပြောင်းအိပ်တယ်
နေရာတွေ ရွှေ့ပြောင်းတယ်
အိပ်မက်တွေကတော့ ပြောင်းရွှေ့ပါမလာဘူး
သူ့ဆီဖုန်းခေါ်တယ်
မကြားချင်တဲ့ မိန်းမကြီးရဲ့ ငှက်ဆိုးထိုးသံကိုပဲ ကြားလိုက်ရတယ်
ဒီလိုနဲ့ ၈နာရီခွဲသွားတယ်
နံနက်က နံနက်နဲ့ကို မတူတော့ဘူး
ကျနော်ကလဲ ကျနော်နဲ့ မတူတော့ဘူး
ဘယ်ဘက်ရင်ဘက်ကတော့ သူ့အမည်နာမလေးနဲ့သာ တစ်ချက်တစ်ချက် ထထခုန်တယ်။

သောကြာကို ကိုယ်စားပြုတာ ဗီးနပ်စ်ဆို
ကျနော် ဘာပုံပြင်မှ နားမထောင်ချင်တော့ဘူး
သူ့နစ်ကလေး ဘယ်တော့စိမ်းမလဲလို့ ရူးရတဲ့ဒုက္ခ
လူဖြစ်ရတာထက် နှစ်ဆ နာတယ်
ပန်းချီဆွဲတယ် .. သူပဲဖြစ်နေတယ်
သီချင်းညည်းတယ် .. သူပဲ ဖြစ်နေတယ်
စာတွေဖတ်တယ် ... သူပဲ ဖြစ်နေတယ်
ဒါနဲ့ ကျနော်လဲ ပြောင်းလဲလိုက်တယ်
ဒါလဲ သူပဲ ဖြစ်နေပြန်ပါရော
ဘယ်အရပ်ကိုပဲ မော့မော့ ..
ကျနော့်ကောင်းကင်မှာ သောကြာကြယ် လင်းမလာဘူး
ကျနော် တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။

ချစ်တယ်ဆိုမှ ကျနော်နဲ့ ကျနော်က စကားတွေ စစ်ထိုးဖြစ်နေတယ်
ချစ်တာ ဘာလဲ ... မချစ်တာကရောဘာလဲ
သူကတော့ ပြောတယ် မသေချာမရေရာတဲ့ ကောင်းကင်အောက်တဲ့
ကျနော်ကလဲ ပြန်ပြောလိုက်ချင်တယ်
ကျနော်က မြေကြီးတစ်ကောင်ဆိုတာ
ထားပါတော့
ရူးနေမှတော့ ဘာပဲလုပ်လုပ် သူပဲဖြစ်နေတာ ဆန်းသလားလို့
ပြောရင်းပြောရင်းနဲ့ ကျနော် အသက်ရှူကျပ်တယ်
ရူးချင်ယောင်ဆောင်တတ်တဲ့ ကျနော့်ကောင်းကင်က သောကြာကြယ်ကို
မမှီမကမ်း လောက်လေးခွနဲ့ လှမ်းဆော်ချင်တယ်
စိတ်ရှိလက်ရှိ ပစ်ပစ်နှစ်နှစ် ဆဲရေးချင်တယ်
စကားနှစ်လုံးတည်းပါပဲ
ချစ်တယ်။
တကယ်ပါ
ကျနော် အဲ့ဒီလောက်ထိ သူ့ကို ရူးတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ