Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

အမေရိကန်လေကြောင်းတိုက်ခိုက်မှု အယ်လ်ကိုင်ဒါ ခေါင်းဆောင်တဦး သေဆုံးခဲ့ဟုဆို

ဆီးရီးယားနိုင်ငံတွင်းက အမေရိကန် လေကြောင်း တိုက်ခိုက်မှုအတွင်း အယ်လ်ကေဒါ စစ်သွေးကြွ အုပ်စုတခု ဖြစ်တဲ့ ခိုရာစန်အဖွဲ့ ခေါင်းဆောင် မော်စင် အယ်လ် ဖာဒ်လိ (Mohsin al-Fadhli) သေဆုံး ခဲ့တယ်လို့ အမေရိကန်အစိုးရက ယုံကြည်ပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူသေဆုံးခဲ့ပြီ ဆိုတဲ့ အတည်မပြုထားတဲ့ အစီရင်ခံစာတွေကို ဘာသာရေးစစ်ဝါဒီ ဂျီဟတ်အဖွဲ့ဝင်တွေရဲ့ တွစ်တာအကောင့် အမျိုးမျိုးမှာ တင်ပြထားတယ်လို့ ၀က်ဘ်ဆိုဒ် စောင့်ကြည့်ရေး ထောက်လှမ်းရေး ဝန်ဆောင်မှုအဖွဲ့က အစီရင်ခံပြီး သူရဲ့ဓာတ်ပုံကိုလည်း ဖြန့်ချိခဲ့ပါတယ်။

အယ်လ်ကေဒါတွေရဲ့ ဆီးရီးယားတပ်ဆွယ်ဖြစ်တဲ့ နတ်စ်ရာတပ်ဦးရဲ့ စစ်ဦးစီးမှူးနဲ့ လက်ဖြောင့် သေနတ်ပစ် သင်တန်းမှူး အဘူ ယူဆွတ် အယ်လ်တာကီလည်း သေဆုံးတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ တွစ်တာလူမှုကွန်ရက်က သတင်းတွေလည်း ရှိနေတယ်လို့ SITE အဖွဲ့ က ဆက်လက်ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး သူအလောင်းပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း တွဲလျက် ပါရှိပါတယ်။

အမေရိကန်အရာရှိတွေကတော့ အယ်လ်ကိုင်ဒါနဲ့ ချိတ်ဆက်ထားတဲ့ ခိုရာစန်အုပ်စုဟာ အနောက်နိုင်ငံတွေအတွက် ရုတ်ချည်းခြိမ်းခြောက်မှု ဖြစ်လာတယ်လို့ ပြောပါတယ်။


ခိုရာစန်အဖွဲ့ခေါင်းဆောင် မော်စင် အယ်လ် ဖာဒ်လိ (Mohsin al-Fadhli)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ