Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

စစ်တွေ၌ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံ အမျိုးသမီးများ တွေ့ရှိ




စစ်တွေရှိ နေအိမ်တစ်အိမ်သို့ စစ်တွေ လူကုန်ကူးမှုတားဆီးရေးအဖွဲ့ မှ ရှောင်တခင် ဝင်ရောက် စစ်ဆေးစဉ် အဓမ္မပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသည့် အမျိုးသမီးများကို တွေ့ရှိခဲ့သည်ဟု သိရ သည်။
ဖြစ်စဉ်မှာယခုလ စက်တင်ဘာလ(၂၁)ရက်နေ့က စစ်တွေမြို့ မင်းဂံ အဝေးပြေး ကားဂိတ်အနီးမှ နေအိမ် တစ်အိမ်အား စစ်တွေ လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေးအထူးအဖွဲ့နှင့် နယ်မြေခံရဲတို့ ဝင်ရောက် စစ်ဆေးစဉ် ပြည့် တန်ဆာအဖြစ်အဓမ္မ စေခိုင်းခံရသည့် အမျိုးသမီး(၆)ဦး ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး(၆)ဦးအနက် တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး ၄င်းအား ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှ မစမ်းစမ်းခေါ် မညိုညိုဆန်းဆိုသူက အဆိုပါအမျိုးသမီးအား စစ်တွေမြို့ ထမင်းဆိုင်တွင် အလုပ်ရမည်ဆို ကာ ခေါ်ဆောင်လာပြီးနောက် ကိုတင်စိုးဝင်း၊ မဝေနိုင် နေအိမ်၌ ပြည့် တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးငယ်ကမခံမရပ်နိုင်ဖြစ်ပြီးတိုင်ကြားမှုကြောင့် သက်ဆိုင်ရာ မှ ၄င်းနေအိမ်သို့ ဝင်ရောက် စစ်ဆေးခဲ့ရာ အဓမ္မပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသည့် အမျိုးသမီး၆ဦးကိုပါ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကိုတင်စိုးဝင်းနှင့် မဝေတို့မှာ ၄င်းအား ပြည့်တန်ဆာမပြုလုပ်လိုလျင် ဆက်ဆံသူများနှင့် အဆင် မပြေလျင် ရိုက်နှက်လေ့ရှိပြီး အိမ်နှင့်လည်း ဆက်သွယ်ခွင့်မပေးကြောင်း ငွေကြေး များလည်း မပေး သလို အပြင်သို့လည်း ထွက်ခွင့်မပေးဘဲ အိမ်ထဲတွင် လှောင်ပိတ်ထားသည်ဟု ဆိုသည်။

၎င်းနေအိမ်မှ ကိုတင်စိုးဝင်းနှင့် မဝေနိုင်တို့အား စစ်တွေမြို့မရဲစခန်း (ပ) ၁၅၈၊ ၂၀၁၃ လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ ဥပဒေပုဒ်မ ၂၄ အရ အဓမ္မပြည့်တန်ဆာအဖြစ် ပြုလုပ်စေခိုင်းသဖြင့် အရေးယူထား သည်ဟု သိရသည်။

ယခုကဲ့သို့ နေအိမ်များသို့ ဝင်ရောက်စစ်ဆေးမှုများအား စစ်တွေမြို့တွင် မကြာခဏ ပြုလုပ်လေ့ ရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ