Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

မြန်မာ့လူမျိုးရေးအမြင် ၊ မြန်မာ့ငြိမ်းချမ်းရေးစံပြ


ကျွန်မတို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲများ၊ လူမျိုးရေး ပြဿနာများ ငြိမ်းအေးပြီး ကျွန်မတို့ မြန်မာနိုင်ငံ အမြန်ဆုံး တည်ငြိမ် ငြိမ်းချမ်းမှု ရပါစေကြောင်း ... ဆုတောင်း မေတ္တာ အနန္တဖြင့် ...

ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အခြားလူမျိုးကို မုန်းဘို့ မဟုတ်ဘူး။

ခင်ရာဆွေမျိုး။
ငြိမ်းချမ်းမှု ဆိုတဲ့ အဓိပ္ပါယ်ဟာ အတူတကွ လက်တွဲနေထိုင်နိုင်မှု ဘဝတွေကို ပျက်စီးစေတဲ့ အရာအားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ဘဝလို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခံယူကြောင်း၊ ငြိမ်းချမ်းဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကိုကလည်း အပူမီးတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။
တဦးမေတ္တာ တဦးစေတနာ။
ဒီမိုကရေစီစနစ်အရ လူများစု အုပ်ချုပ်ရေးတွင် လူနည်းစု၏ အခွင့်အရေးကို အပြည့်အဝ အကာအကွယ် ပေးထားသည်။ လူများစု ကောင်းစားရေး အတွက် လူနည်းစု၏ အခွင့်အရေးကို မထိခိုက်စေပါ။
ဘာသာမတူတာ၊ လူမျိုးမတူတာ၊ ယဉ်ကျေးမှုမတူတာတွေနဲ့ ကွဲပြားခြားနားနေကျပေမယ့် အားလုံးဟာ လူသားတွေပါ။
သွေးတူတာထက် စိတ်တူတာ ပိုအရေးကြီးတယ်။


လူမျိုးပေါင်းစုံ
ကြက်မှာအရိုး လူမှာအမျိုး။
ဂဠုံပြည်ဂဠုံ နဂါးပြည်နဂါး။
ရောမ ရောက်ရင် ရောမ သားလိုကျင့်။
သတ္တဝါတခု ကံတခု။
သွေးနီးရာ ချိုသည်။
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ။
အရေးကြီးရင် သွေးနီးရာ ပါစမြဲ။ (သခင် ကိုယ်တော်မှိုင်း)
အရေပြားရှိ အမည်းရောင်ဒြပ် (melanin) အနည်းအများပေါ်မူတည်၍ လူသည် အရောင်စုံ ဖြူညိုမဲ မွေးလာပါသည်။ ရာသီဥတု၊ ဒေသပထဝီ၊ နေရောင်ခြည်၊ အလုပ်အကိုင်၊ အဝတ်အစါး၊ အစားအသောက် ပေါ်မူတည်၍ လူ့ဘဝရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားရပါသဖြင့် အသားအရည် ပြောင်းလဲကြရပါသည်။ ငြိမ်းချမ်းစွာ တူယှဉ်တွဲ နေလိုလျှင် တဦးကိုတဦး ချစ်ခင်ရင်းနှီးလေးစား သဘောထားကြီးရသည်။ ရေးသုံးရေး - နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး - သတိထား၍ လူမျိုးရေးအဓိကရုဏ်း ပြဿနာမဖြစ်ရန် ရှောင်ကြဉ်ကြပါသည်။ ပြဿနာဖြစ်ခဲ့လျှင် ခေါင်းဆောင် အာဏာပိုင်များ တရားမျှတစွာ ဥပဒေစည်းကမ်းအရ ချက်ချင်းဆောင်ရွက်ကြပါသည်။
အေးအတူ ပူအမျှ။

ကချင်
ကချင်ဒုက္ခသည်တွေကို အကူအညီ မပေးနိုင်ရန် မြန်မာစစ်တပ်မှ ပိတ်ဆို့တားမြစ်ထားသည်။ ကချင်စစ်ပြေးဒုက္ခသည်တွေကို တရုတ်ပြည်ဘက်က လက်မခံပါ။ တရုတ်အစိုးရက အတင်းအဓမ္မ ပြန်ပို့နေသည်။
ကျွန်တော်တို့ လိုချင်တာက တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ်။ (ဂျီးနောင်၊  ကေအိုင်အို)
တိုက်ရည်ခိုက်ရည်ကောင်းတယ်။ ဒုတိယကမ္ဘာစစ်တွင် အမေရိကန်နှင့်အတူ ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်တော်လှန် ခြေမှုန်းခဲ့သော သူရဲကောင်းများဖြစ်သည်။ စစ်ရာဇဝတ်ကောင် ဗိုလ်အောင်သောင်း စစ်ဆင်ရေးကို ခုခံတန်ုပြန်တိုက်ခိုက်နိုင်သည်။ ကချင်မြေကို အသက်နှင့် ရင်း၍ ကချင်ကာကွယ်မည်။
နိုင်ငံရေးကစားကွက်နာလည်သည်။
ဗိုလ်နေဝင်းက ၁၉၅၀ ခုနှစ်နောက်ပိုင်းများတွင် တရုတ်-မြန်မာနယ်နိမိတ် သတ်မှတ်ရေးတွင် ဖိမော်၊ ဂေါ်လန်၊ ကန်ဖန် တည်းဟူသော ကချင်နယ် (၃) နယ် တရုတ်ကိုပေးလိုက်ရသည်။ ယနေ့ တရုတ်သည် ကချင်ပြည်ရရန် စစ်ဗိုလ်ချုပ်ကိုငွေပေး၊ ဖက်ဆစ်မြန်မာ စစ်အစိုးရကိုလက်နက်ခဲယမ်းမီးကျောက်ပေးပြီး ကချင်တိုင်းရင်းသားများအား အမျိုးပြုတ်သတ်ဖြတ်နေသည်။
သူကောင်းဘွဲ့ - ဒူးဝါး။
အနန္တ ထာဝရ ဘုရားသခင်ကို အားကိုးဆုတောင်း စောင့်ရှောက်မှု ယုံကြည်သည်။

ကရင် (ခ) ကော်သူလေး
ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
ကရင်အို တောင်ကြို တောင်ကြား။
ချောချောလှလှ ကရင်မများ ခလေးမွေးပြီးလျှင် ပုံပျက်တတ်သည်။
ခွေးဗမာ ငါသတ်မည် - ကရင်စစ်သားတယောက်ရဲ့ ဆေးမင်ကြောင်။ (ဆလိုင်းယောအောင် - မကဒတ၊ ဧရာဝတီ၊ ၂ နိုဝင်ဘာလ ၂၀၁၂)
စကောကို ပိုးစားသည်။
စောဘဦးကြီးမူ လေး ချက် - (၁) လက်နက်ချစကား အလျင်း မပြောရ၊ (၂) ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ (၃) ကရင်ပြည်နယ် အပြည့်အဝ ရစေရမည်၊ (၄) ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့် ရှိရမည်။
မေးရိုးကားကားမျက်နှာရှိတယ်။
ယောင်္ကျားများ အရက်ကြိုက်တတ်တယ်။
ရွာတွေမှာ လူကြီးတွေက သူတို့ကလေးကို ပြောမရရင် အငိုတိတ်စေခြင်ရင် ဗမာတွေလာပြီလို့ပြောပြီး ကလေးကို ခြောက် တတ်ပါတယ်။ ကလေးကလဲ အဲဒီလို ပြောလိုက်ရင် အငိုတိတ်သွားလေ့ရှိပါတယ်။ (ဆလိုင်းယောအောင် - မကဒတ၊ ဧရာဝတီ၊ ၂ နိုဝင်ဘာလ ၂၀၁၂)
ရိုးသားဖြူစင်တယ်။
သူကောင်းဘွဲ့ - စော၊ နော်၊ ဖဒို၊ မန်း။
မှတ်သားဖွယ်ရာစကား - သမိုင်းအမှန်မသိရင် သမိုင်းတွေထဲက ကျေးဇူးရှင်တွေကို စော်ကားမိမယ်။ (မန်းငြိမ်းမောင်၊ KNU)

ကရင်နီ (ခ) ကယား
လျှပ်စစ်ဓါတ်အားထွက်သော်လည်း လျှပ်စစ်မသုံးရသော တိုင်းပြည်ဖြစ်သည်။
လောပီတ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ပိုင်ရှင်အစစ်အမှန်ဖြစ်သည်။
လွတ်လပ်သောတိုင်းပြည်အဖြစ်မှ စစ်ကျွန်ဘဝရောက်ရသည်။
ကရင်နီ အများစုသည် ကက်သလစ် ခရစ်ယာန် ဖြစ်သည်။

ကိုးရီးယား
ကိုးရီးယားရုပ်ရှင်တွင် လှပချောမွေ့ရန် ခွဲစိပ်ပြုပြထားသောမင်းသားမင်းသမီးများ၏ ရင်လျားပေါင်ပေါ် လောလီအဝတ်အစားဝတ်ဆင်မူ၊ အကျင့်စာရိတ္တပျက်ပုံ၊ ပညာတတ်ရန်မလို ဇာတ်လမ်းဇာတ်ကွက်များကို ချစ်ကွဲညား၊ အလွမ်းအဆွေး၊ အသတ်အပုတ်ဖြင့် အခန်းဆက်ရိုက်ပြသည်။ (မိုးမခဝင်း၊ ၂၀ ဇူလိုင် ၂၀၁၁)
ကိုးရီးယားအလုပ်ရှင်သည် မြန်မာပြည်တွင် မြန်မာအလုပ်သမားများကို ကိုယ်ထိလက်ရောက် ရိုက်နှက်တတ်သည်။
နိုင်ငံရေးပယောဂ၊ စည်းလုံးညီညွတ်မူမရှိခြင်းကြောင့် တိုင်းပြည်နှစ်ခြမ်းကွဲနေသည်။
အာရှတိုက်သားများအနက် ကိုးရီးယားယောင်္ကျားများ ကြမ်းတမ်းမိုက်ရိုင်းသည်။ ကမ္ဘာ့လူမျိုးပေါင်းစုံ ပြဿနာရှိလျှင် ညီအကိုစိတ်ဓါတ်ဖြင့် အာရှအချင်းချင်းကူညီတတ်သည်။



ချင် ချင်းလူမျိုး အများအားဖြင့် ခရစ်ယာန် ဖြစ်သည်။ ရိုးသားဖြောင့်မတ်သည်။
တိုင်းရင်းသားများတွင် ဆင်းရဲမွဲတေမှု အခံရဆုံးဖြစ်သည်။
မြန်မာစစ်တပ်သည် ချင်းလူမျိုးတို့၏ ခရစ်ယာန်ဘာသာသင်္ကေတ လက်ဝါးကပ်တိုင်ကို ဖျက်ဆီး၍ စေတီတည်ဆောက်သည်။
လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခံနေရသည်။
အရှိုချင်းမျိုးနွယ်စုက ဦးဆောင်ပြီးကျင်းပသည့် အစီအစဉ်နှင့် ပတ်သက်ပြီး  ပြည်မြို့ ချင်းအမျိုးသားနေ့  ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သည့်  ပြည်မြို့ ကိုးသောင်း အရှိုနှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ သင်းအုပ်ဆရာ ဦးဥာဏ်ကွန်းက  ဧရာဝတီကိုပြောသည်။
“ပွဲသေးသေးလေးတော့ လုပ်ဖြစ်တယ်။ ဒီလိုသိုက်သိုက်ဝန်းဝန်း မလုပ်ဖြစ်တာ နှစ်ပေါင်းလေးဆယ်ကျော်ပြီ။ အစိုးရက ခွင့်မပြုတာထက် အချင်းချင်း မညီညွတ်လို့ မလုပ်ဖြစ်ခဲ့တာပါ။ ချင်းလူမျိုးတွေက ဘယ်သူခွဲခွဲတို့မခွဲ အမြဲစည်းလုံးမည်ဆိုတာကို လက်မခံဘူး။ ဘယ်သူမှ မခွဲခင်ကတည်းက ကိုယ်ဟာကိုခွဲနေကြတာလေ။ အခု ဒီနှစ်တော့ စည်းစည်းလုံးလုံး ချင်းအမျိုးသားနေ့ လုပ်ဖြစ်တာ အားလုံးပါဝင်ရမယ်။ ဘာသာမရွေး၊ ဒေသမရွေး အသင်းတော်မရွေး ပါဝင်ပြီး ချင်းအမျိုးသားနေ့ ကျင်းပမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ”
ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်ရခြင်းနှင့် ချင်းဆိုတဲ့အမည်နှင့်သာ သန်းခေါင်းစာရင်းကောက်ယူရာမှာ ထည့်သွင်း စာရင်းပေးသွင်းသွားမှာ ဖြစ်ကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။
(ကောင်းမြတ်မင်း၊ ဧရာဝတီ၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၄)

ဂျူး (ခ) သံပုရာခြမ်း
စီးပွားရေးချုပ်ကိုင်၍ စေ့စပ်သေချာစွာ စီမံခန့်ခွဲကိုင်တွယ်သည်။ တပြားကို နှစ်ပြားခွာသည်။
သူ့လူမျိုးရေးသိတတ်ပြီး အချင်းချင်းစည်းရုံးသည်။ သူတို့နိုင်ငံရေးသမားကို အားပေးထောက်ခံသည်။
ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း
အေးချမ်းမြေ့၊ ဧရာဝတီ၊ ၁၆ မေ ၂၀၁၄
ဒီဇင်ဘာလတိုင်းမှာ ကျင်းပလေ့ရှိတဲ့ ဂျူးလူမျိုးတို့ရဲ့ ငြိမ်းချမ်းရေး မီးထွန်းပွဲတော်ကို မြန်မာပြည်က ဂျူးဘုရားကျောင်း မှာလည်း ကျင်းပလေ့ရှိပြီး တခြား ဘာသာကြီးတွေဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ ဘာသာတွေက ခေါင်းဆောင်တွေ၊ သံအမတ်တွေနဲ့၊ အစိုးရ တာဝန်ရှိသူတွေကို ဖိတ်ကြား ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီပွဲကို ၈ ရက်တိုင် ကျင်းပလေ့ရှိပြီး တရက်ကို ဖရောင်းတိုင် တတိုင်ကျ ဘာသာပေါင်းစုံက ထွန်းညှိကြလေ့ ရှိပါတယ်။
“ဒါဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲ တခုပါပဲ။ ကျနော်တို့ဆီကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လာတယ်။ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေက အစ ဂျူး ဘုရားကျောင်းကို လာပြီး ဖရောင်းတိုင် ထွန်းပေးတယ်။ ဒါဟာ မြန်မာပြည်မှာ အခုအချိန် ပိုပြီး လိုအပ်ပါတယ်။ ကျနော်တို့က လူနည်းစု ဆိုပေမယ့် ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မှာ ကိုယ်နဲ့ မဆိုင်သလို မနေချင်ပါဘူး။ ဒီနှစ်ကို ပိုပြီး ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လုပ်မယ်” လို့ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အစ္စရေးနိုင်ငံဟာ တနှစ်တည်းမှာ လွတ်လပ်ရေး ရခဲ့ကြတယ် ဆိုပေမယ့် အာရပ်နိုင်ငံကြီးတွေ ဝန်းရံထားပြီး မြန်မာပြည်ထက် အရွယ်အစား သေးငယ်တဲ့ အစ္စရေးနိုင်ငံဟာ လွတ်လပ်ရေး ရချိန်ကစလို့ တောက်လျှောက် အေးအေးသက်သာ မနေခဲ့ရပါဘူး။ ဒါပေမယ့် စစ်ပွဲတွေ ဆင်နွှဲနေရတဲ့ ကြားကကို အစစတိုးတက် အောင်မြင်မှုတွေ ရခဲ့တယ်၊ ဒါဟာ ဖိနှိပ်မှုတွေကြောင့် ပိုပြီး ရုန်းထွက်ဖို့ အင်အားတွေ ရခဲ့တဲ့ ဂျူးတွေရဲ့ စိတ်ဓာတ်ကြောင့် ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။
“ကျနော်တို့ ဂျူးတွေ အချင်းချင်း ဆုံရင် ပြောလေ့ရှိတယ်။ ကြက်ဥဟာ ပြုတ်လေမာလေ ဖြစ်သလိုပဲ၊ ဂျူးတွေဟာလည်း အပြုတ်ခံရလေ ပိုပြီး မာကျောလေ ဖြစ်မယ်” လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့ ဂျူးတွေဟာ ဘယ်နေရာ ရောက်ရောက် အထီးမကျန်ဘူး ဆိုတဲ့ ဆောင်ပုဒ်တခု ရှိတယ်။ ဥပမာ ကျနော်တို့ မြန်မာနိုင်ငံမှာ အခြေချနေတဲ့ ဂျူး လူဦးရေ ဘယ်လောက်ပဲ နည်းနည်း နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂျူးအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးကြီးမှာ မြန်မာနိုင်ငံရောက် ဂျူးတွေ အနေနဲ့ မဲတပြား ပေးခွင့်ရှိတယ်” လို့ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ရှင်းပြပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ဂျူးဘုရားကျောင်းထဲမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်လေး တခုကို တွေ့ခဲ့ပါတယ်။
“ကွင်းပြင်ထဲက သစ်ပင်တပင်ဟာ အထီးကျန်ကောင်း ကျန်လိမ့်မယ်၊ ကမ္ဘာကြီးပေါ်မှာ လူတယောက်ဟာ အထီးကျန်ကောင်း ကျန်နေနိုင်တယ်၊ ဒါပေမယ့် ဂျူးတယောက်ဟာ သူ့အားလပ်ရက်မှာ ဘယ်တော့မှ အထီးမကျန်ဘူး” ဆိုတဲ့ အဲဒီဆောင်ပုဒ်လေး အတိုင်း မြန်မာပြည်က ဆယ်ဂဏန်း နှစ်ခုစာလောက်သာ ရှိတဲ့ ဂျူးတွေဟာ အချင်းချင်း စည်းလုံးရိုင်းပင်းရင်း သူတို့ရဲ့ မြန်မာ့မြေပေါ်က ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဂျပန် (ခ) နီပွန်
ကမ္ဘာပေါ်မှာ ဂျပန်ရဲတွေဟာ အကောင်းဆုံးလို့တောင် ကျနော်ယူဆတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို စိတ်ရှည်လက်ရှည် လုပ်ပေးတယ်။ (လွင်အောင်စိုး၊ ဖဘ၊ ၁၁ ဇွန် ၂၀၁၂)
ဂျပန်ခေတ်မှာ ခေတ်စားခဲ့သောသီချင်းဖြစ်သည့် “စိန်ကြည်ရယ် လင်ယူပက်စက်သည်” - ဂျပန်ကြီးလည်းပြန်ရော စိန်ကြည်ဗိုက်တလုံးနှင့်ကျန် သီချင်းကိုပြန်ကြားယောင်မိပါသည်။
ဂျပန်စီးပွားရေး လုပ်ငန်းရှင်တို့သည် ဂျပန်ရောက် မြန်မာအလုပ်သမားများကို ကိုယ်ထိလက်ရောက် ရိုက်နှက်တတ်သည်။
ဂျပန်တွေဟာ အင်မတန်စည်းစနစ်ကြီးပြီး၊ အင်မတန် ကြိုးစားတယ်။ အရည်အသွေးထိန်းသိမ်းမှုလည်း မြင့်မားတယ်။ (ချိုတူးဇော်၊ ဖဘ၊ ၁၂ အောက်တိုဘာ ၂၀၁၂)
ဂျပန်မှ ဂျပန်။ သူတို့လူမျိုးမှ သူတို့လူမျိုး။
ဂျပန်မတွေထဲမှာ အရက်သမားများတယ်။
ဖက်ဆစ်ဂျပန်များ သောင်းကျန်းနေချိန်တွင် သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို  ပြောသောတိုင်းပြုပြည်ပြုစကား “အောင်ဆန်း၊ မင်းတို့ပင့်လာတဲ့ဂျပန်ဘုရားတွေကို မင်းတို့ဘဲ ပြန်ခေါ်သွားကြပါတော့။”
သခင်ကိုယ်တော်မှိုင်း (၂၃ မတ် ၁၈၇၆ - ၂၃ ဇူလိုင် ၁၉၆၄)
ဗိုလ်အောင်ဆန်းပင့်လာသော ဖက်ဆစ်ဂျပန်ဟာ စစ်ဘီလူးအဖြစ် မြန်မာပြည်ကို ကျူးကျော်စော်ကား ဖျက်ဆီးခဲ့တယ်။ ဂျပန်အစိုးရက ဗိုလ်နေဝင်း စစ်အစိုးရ ကိုအားပေးထောက်ခံ ကူညီနေခဲ့တယ်။
သေနတ်ကိုးကွယ်မှုဟာ အစွဲအလမ်းကြီးနေတဲ့ အရာကို ကိုးကွယ်သလို ဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက်လေ့လာခဲ့ရတယ်။
လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ ခေါင်းဆောင်မှုနည်း အတတ်ပညာနဲ့ လက်နက်တပ်ဆင်ထားသူများရဲ့ အာဏာနဲ့ တင့်တယ်မှုဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ် တင်မြှောက်ပွဲတွေက ဆုံးဖြတ်မှာမဟုတ်ဘဲ သေနတ်က ဆုံးဖြတ်မှာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားတို့ လိုအပ်တာက နိုင်မယ့်ဘက်က စ မိဖို့နဲ့ သေနတ်တွေ အမြောက်အများရှိဖို့ပဲ။
- ဒေါက်တာဘမော် (နေမင်း၊ ဧရာဝတီ၊ ၁၉ ဇူလိုင် ၂၀၁၄ )
အာရှမှာ ဂျပန်တွေဟာ အတော်ဆုံး နှင့် ခေတ်မှီအတိုးတက်ဆုံးဖြစ်တယ်။

စင်ကာပူ (ခ) စလုံး
စင်ကာပူသည် ကမ္ဘာတွင် အသန့်ရှင်းဆုံး နိုင်ငံဖြစ်သည်။
တချိန်က တိုးတက်ဖွံ့ဖြိုးသော မြန်မာလူမျိုးကိုအထင်ကြီးသော်လည်း ယခုအခါ မြန်မာစစ်ဗိုလ်ချုပ်ကြီးများကြောင့် တိုင်းပြည်ဆင်းရဲသည်ဟုပြောပါသည်။
တပါတီ လွှမ်းမိုးကြိုးကိုင်မှုအောက်မှာ နေရသည်။
ပြစ်မှုချိုးဖေါက်ကျူးလွန်လျှင် ကြိမ်ဒဏ်အပစ်ပေးသည်။

ဆွစ်ဇာလန်
ကမ္ဘာ့အချမ်းသာဆုံး တိုင်ပြည်တပြည်
သဘာဝရှုခင်းလှပ

တရုတ် (ခ) ပေါက်ဖော် (ခ) ကျုံးကော
စစ်အုပ်စုကြွေးကြော်နေသော အမျိုးသားဇာတိမာန်ရှင်သန် ထက်မြက်ရေးဆိုသည်မှာလည်း တရုတ်ကို ဖင်ပေးပေါင်းခဲ့သဖြင့် မြန်မာဘုရင်၏နောက်ဆုံးမြို့ ဖြစ်သော မန္တလေးမြို့ ဒုတိယယူနမ်ဖြစ်ခဲ့ပါသည်။ ဗိုလ်ခင်ညွန့် ကောင်းမှုဖြစ်ပါသည်။
စစ်အစိုးရတည်မြဲရေး ထောက်ခံအားပေးသော တရုတ်ကို ကျေးဇူးရှင်အဖြင့် စစ်အာဏာရှင်သန်းရွှေက မြန်မာပြည်တပြည်လုံး ပေးအပ်ထားသည်။ ဗိုလ်သန်းရွှေအမိန့်ဖြင့် တရုတ်၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်နေရပါသည်။
တရုပ်ကိုကြောက်တတ်သောစစ်ခေါင်းဆောင်များကြောင့် တရုပ်လူမျိုးများသည် မန္တလေးမြို့ကို သေနတ်တစ်ချက်မှ မဖောက်ပဲ သိမ်းပိုက်လိုက်သည်။
တရုတ်ကွန်မြူနစ်အစိုးရဟာ ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ဘာဆိုဘာမှ ဘာကျေးဇူးမရှိပါ။ (ကိုဗလိုင်၊ 8888peoplepower ၊ ၁၂ ဒီဇင်ဘာ ၂၀၁၂)
တရုတ်ပြည်ကြီးကျတော့ ဗမာပြည်က ဂက်စ် တွေနဲ့ မီးလင်းနေတယ်ဗျာ။ ဗမာပြည်မှာကတော မီးမှောင်နေတယ်။
တရုတ်ပြည်ဟာ မြန်မာပြည်ကို သူတို့ ရဲ့ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီးဆက်ဆံလာတာ ကြာပြီ။ တရုတ်အစိုးရက လက်ရှိမြန်မာပြည်ရဲ့ အပြောင်းအလဲကို အထူးမလိုလားသလိုပဲ။ (ဘုန်းကျော် - သြစတြေးလျ၊ ၂၇ ဇွန် ၂၀၁၂)
တရုတ်ပြည်အပ်ရောင်း။
တရုတ်မတွေဟာ တသားမွေး တသွေးလှ။
တရုတ်သည် အနောက်နိုင်ငံ၏ ယနေ့နံပတ်တစ် ရန်သူဖြစ်ကြောင်းကိုတော့ ယနေ့အခင်းအကျင်းများကို တီးခေါက်သူအများစု သတိမူမိကြပေမည်။
တရုတ်ပာာ လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ပေမယ့် လူသိသွားရင် ဗြောင်ကျကျ ရန်စွာစွာလည်း လုပ်တတ်ပါတယ်။
တရုတ်အနွယ်ဖြစ်တဲ့ ဝ၊ ကိုးကန့် လူမျိုး။
ပြည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက် ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -
၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
၎။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏ လုံခြုံရေး။
၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။
၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရေး။
၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေတို.ဖြစ်ပါတယ်။ ( Credit to Shwe Yee Win )
နံပါတ် ၇ နဲ့ နံပါတ် ၅ ကို ဆက်ကြည့်လိုက်ရင် အန်တီစုကို အပျောက်ရှင်းမယ်လို့ အဓိပ္ပါယ်ရပါတယ်။
(Thanda Win / Kyaw Myint ၊ ဖဘ ၊ ၂ ဒီဇင်ဘာ ၂၀၁၂ / Kyaw Than)
“ပတ်ဝန်းကျင်ပျက်စီးတယ်။ လူ့အခွင့်အရေး ဖောက်ဖျက်တယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး ဆိုတာတွေက တရုတ်ကုမ္ပဏီတွေရဲ့ အင်္ဂါလက္ခဏာတွေ ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ကိုင်လာသူ စာရေးဆရာကိုတာက ပြောသည်။ (အိဖြူမွန်၊ 7Day News Journal ၊ ၂၅ ဇူလိုင် ၂၀၁၂)
ဖြစ်နိုင်သမျှ No pain, no gain ကို ရှောင်ရှားတတ်တဲ့ လူလည်တရုတ် ဖြစ်ပါတယ်။
မြစ်တွေ့ရင် တရုတ်ရောက်၊ တောင်တွေ့ရင် တရုတ်ရောက်။
လူငယ်စကား - ဂေါ်ဇီလာတရုတ်။ တရုတ်တရုတ် စောက်စားပုတ်။ တရုတ်မနိုင် ကုလားမဲ။ မဟုတ် တရုတ်။
နှိမ်ချ ရိုင်းစိုင်းသောစကား - မျက်မှေး၊ ဝက်။ Chinaman ၊ ချင်ချောင် (ching chong)။

တိုင်းရင်းသား
၁၉၄၇ အခြေခံဥပဒေထဲမှာ ပြည်နယ် ခွဲထွက်ခွင့် ပုဒ်မထည့်ဖို့ ကိစ္စကို မြန်မာခေါင်းဆောင်တချို့က ကန့်ကွက်ကြတော့ ဗိုလ်ချုပ်အောင်ဆန်းက "အိုဗျာ..ဒီဆယ်နှစ်အတွင်း ပြည်နယ်တွေ ခွဲမထွက်ချင်အောင် ကျုပ်တို့ ဗမာတွေက ကြိုးစားရမှာပေါ့။ ဒီလိုမှ မကြိုးစားနိုင်ရင် ကျုပ်တို့ ညံ့လို့ပေါ့" (မောင်ဝံသ၊ ပြည်သူ့ခေတ်၊ ၃၀ အောက်တိုဘာ ၂၀၁၂ / မိုးမခ)
ကျမတို့အားလုံးနားလည်ရမှာက ပြည်ထောင်စုကြီး ပြိုကွဲရေး၊ မပြိုကွဲရေးဆိုတာက အဖွဲ့အစည်းတစ်ခုတည်းနဲ့ မဆိုင်ဘူး။ စစ်တပ်နဲ့လည်း ဆိုင်တာမဟုတ်ဘူး။ ကျမတို့အားလုံးနဲ့ဆိုင်တယ်။ ဒါကြောင့် ကျမတို့ပြည်သူပြည်သားတွေ ညီညွတ်မယ်ဆိုရင် ပြည်သူပြည်သားတွေက တစ်စိတ်တည်းတစ်ဝမ်းတည်ဖြစ်မယ်ဆိုရင် ကျမတို့ပြိုကွဲစရာအကြောင်း ဘာမှမရှိဘူး။
နှစ်ပေါင်းများစွာ့  အထူးသဖြင့် တိုင်းရင်းသားတွေက နားလည်ပါလိမ့်မယ်။ ဖက်ဒရယ်ဆိုတဲ့စကားကို မြန်မာနိုင်ငံမှာ သုံးလို့ရှိရင် ရာဇ၀တ်မှုတစ်ခုလိုတောင် တချို့ကထင်ကြတယ်။ မသုံးရဲကြဘူး။ ဘာဖြစ်လို့လဲ။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုပြီးတော့ အဲဒီလိုဝါဒဖြန့်ချိတယ်။ အဲဒီတော့ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဟာကို မားမားမတ်မတ်ဆန့်ကျင်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာ နိုင်ငံရေးစနစ်တစ်ခုပဲဖြစ်တယ်။ ဒါဟာ ခွဲထွက်ရေးလည်း မဟုတ်ဘူး။ မခွဲထွက်ရေးလည်း မဟုတ်ဘူး။ ခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းအပေါ် တည်တယ်။ ဒီဖက်ဒရယ်စနစ်ကိုထူထောင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေအရ ဘယ်လို ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရကြားထဲမှာ အာဏာခွဲယူမလဲ ဆိုတာ သတ်မှတ်ထားတယ်။
အဲဒီတော့ ဖက်ဒရယ်ဆိုတာဟာ၊ ဖက်ဒရယ်ဆိုတဲ့စကားဆိုတာဟာ ခွဲထွက်ရေးလည်း မဟုတ်ဘူး။ ပြိုကွဲရေးလည်း မဟုတ်ဘူး။ နိုင်ငံရေးစနစ်တစ်ခုနဲ့ဆိုင်တာမို့လို့ နိုင်ငံရေးအရ သုံးပိုင်ခွင့်ရှိတယ်။ ဆွေးနွေးပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ကျမတို့ရပ်တည်ခဲ့တယ်။ အဲဒီလိုရပ်တည်ခဲ့တဲ့တလျှောက်မှာ ခဏခဏလည်း အခြိမ်းခြောက်ခံရတာပေါ့နော်။ ဖက်ဒရယ်ဆိုတဲ့စကားကို သုံးလို့ရှိရင် ဒါဟာ အရေးယူခံရမယ်ဆိုပြီး ကြောက်နေတဲ့လူတွေတောင်မှရှိတယ်။ ကျမတို့ကတော့ အဲဒီတုန်းက ဖက်ဒရယ်ဆိုတဲ့စကားကို တွင်တွင်ကြီးသုံးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရလည်း ဒါဟာ ပညာပေးတစ်ခုပဲလို့ ကျမတို့နားလည်ခဲ့တယ်။ ကျမတို့ပြည်သူပြည်သားအများ နားလည်အောင်လို့ ဖက်ဒရယ်ဆိုတာဘာလဲ။ ဖက်ဒရယ်ဆိုတာ ကျမတို့ရဲ့နိုင်ငံကို တကယ့်စစ်မှန်တဲ့၊ ညီညွတ်တဲ့ပြည်ထောင်စုကြီးတစ်ခုဖြစ်စေမယ့် စနစ်တစ်ခုဖြစ်တယ်လို့ ကျမတို့ယုံကြည်တဲ့အလျောက် ကျမတို့ဒီဟာကို နိုင်ငံရေးပညာပေးတစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့တယ်။
အခု ကျမအလေးဂရုပြုနေတာကတော့ အရင်နှစ်ပေါ့နော့့်  (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံပြီးတော့ နောက်ပိုင်းမှာ ဖက်ဒရယ်ဆိုတဲ့စကားကို ပိုပြီးတော့ သုံးလာကြတယ်။ ဒီဟာကလည်း အစိုးရနဲ့ တချို့ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေကြားမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးလုပ်တာမှာ ဒီစကားကို သုံးလာကြတယ်။ တော်တော်များများက သုံးလာပြီ။ အခုဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ဒီဟာကိုဆွေးနွေးနိုင်ပြီ။ ဖက်ဒရယ်ဆိုတာဟာ ခွဲထွက်ရေး မဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာဟာ နိုင်ငံရေးစနစ်တစ်ခုပဲဖြစ်တယ်ဆိုပြီးတော့ လက်ခံလာကြတယ်။ အဲဒီမှာ ကျမက တမင်သက်သက် ထော်လော်ကန့်လန့်လုပ်ချင်တာတော့ မဟုတ်ပါဘူး။ အများစုက ဖက်ဒရယ်သုံးနေနိုင်တဲ့အချိန်ကတော့ ကျမက ပြည်ထောင်စုဆိုတဲ့စကားကို သုံးတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ ကျမဖက်ဒရယ်ကို မသုံးရဲလို့ မဟုတ်ဘူး။ မသုံးချင်လို့မဟုတ်ဘူး။ အားလုံးက သုံးနေတဲ့အချိန်မှာ ကျမရဲ့နှလုံးသားထဲမှာရှိတဲ့ ကျမရဲ့နိုင်ငံအတွက် မျှော်လင့်ချက်ကိုရောင်ပြန်ဟပ်တဲ့ ပြည်ထောင်စုဆိုတဲ့စကားလုံးကို ကျမ သုံးတာပါ။ ပြည်ထောင်စုဆိုတာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်ထက် ပြည်ထောင်စု ဆိုတဲ့စကားဟာ ကျမနားထဲမှာ အင်မတန်မှလှပါတယ်။ အားလုံးကနေစုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စု။
ကျမတို့မြန်မာနိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီးတော့ လွတ်လပ်ရေးကိုရခဲ့တာ။ အဲဒီတော့ စုပေါင်းပြီးတော့၊ ထူထောင်ပြီးတော့ လွတ်လပ်ခဲ့တဲ့နိုင်ငံဖြစ်တယ်။ ဒီဟာက ပင်လုံစာချုပ်ရဲ့အသီးအပွင့်တစ်ခုဖြစ်တယ်။ လွတ်လပ်ရေးဟာ ပင်လုံစာချုပ်ကနေ ပေါ်လာတဲ့ အသီးအပွင့်တစ်ခုဖြစ်တယ်လို့ ကျမတို့ဒီလိုပဲယူဆပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စုဆိုတဲ့စိတ်ဓာတ်၊ ပြည်ထောင်စုဆိုတဲ့သဘောတရားကို ကျမတို့ရဲ့ပြည်သူပြည်သားတွေ နားလည်ပြီးတော့ နှစ်သက်စေချင်တယ်။ အားလုံးစုပေါင်းပြီးတော့ ထူထောင်ထားတဲ့ တိုင်းပြည်။ အားလုံးတန်းတူညီတူ ဒီတိုင်းပြည်ကိုပိုင်တယ်။ တန်းတူညီတူ ဒီတိုင်းပြည်ထဲမှာ အခွင့်အရေးတွေ ရသင့်တယ်။ ပိုင်ဆိုင်သူအားလုံးဟာ တန်းတူညီတူ အခွင့်အရေးရသင့်တယ်ဆိုပြီးတော့ ကျမတို့ဒီလိုမြင်တယ်။
အဲဒါကြောင့်မို့လို့ ကျမတို့ရဲ့တိုင်းရင်းသားများဟာ ဗမာတွေပါထည့်ပြောတာပါ။ ဗမာတွေက ဒီတိုင်းရင်းသားထဲမှာ အများဆုံးပေါ့နော်။ လူများစု တိုင်းရင်းသားဖြစ်တယ်။ တချို့တွေက တိုင်းရင်းသားဆိုရင် ဗမာမပါဘူးဆိုတဲ့ပုံစံဖြစ်နေတယ်။ အဲဒီတော့ ဗမာတွေကဘာလဲလို့ ကျမ မေးရမလိုဖြစ်နေတယ်။ ကျမတို့လည်း တိုင်းရင်းသားပါပဲ။ ဒါပေမယ့် ကျမတို့က လူများစုကြီးဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့လည်း တာဝန်ယူရမယ့်အနေအထားမှာရှိတယ်လို့ ကျမပြောချင်ပါတယ်။ အဲဒီဟာက ကျမတို့က ပိုတော်လို့ မဟုတ်ဘူး။ ပိုပြီးတော့ ရှေ့ရောက်နေလို့မဟုတ်ဘူး။ ကျမတို့က ပိုများလို့။ ဒါပါပဲ။
- အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ် / ဧရာဝတီ၊ ၂ ဒီဇင်ဘာ ၂၀၁၃)
စစ်တပ်သည် တိုင်းရင်းသားများကို လူလို မဆက်ဆံပါ။ ဖြတ်လေးဖြတ်ဖြင့် လူမျိုးပျောက်ပျက်စေရန် စီမံကိန်း အကွက်ကွက်ကျကျ ဆောင်ရွက်နေပါသည်။ အိမ်နီးနားချင်း တိုင်းပြည်များကလည်း စစ်အစိုးရကို အားပေးကူညီထောက်ပံ့နေကြသည်။
စစ်အစိုးရ ကောက်ကျစ်စဉ်းလဲမှုကြောင့် တိုင်းရင်းသားများ အကွဲကွဲ အပြားပြား ဖြစ်နေရသည်။
တပ်မတော်ဟာ တိုင်းရင်းသားတွေရဲ့ ချစ်ကြည်လေးစားမှုကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကိစ္စကြီးငယ်ဖြစ်ရင် တိုင်းရင်းသားတွေဘက်က အမြဲမှန်တယ်။ မင်းတို့ စစ်ဒေသ ဘက်က အမြဲမှားတယ်။ (ဗိုလ်ချုပ်ကျော်ဇော ၁၉၁၉-၂၀၁၂ / သူရတင်ဦး၊ ဧရာဝတီ၊ ၁၁ အောက်တိုဘာ ၂၀၁၂)
တိုင်းရင်းသားတွေ  ဖော်ရွေတယ်၊ ပွင့်လင်းတယ်၊ ရိုးအတယ်၊ သစ္စာတရားရှိတယ်၊ မေတ္တာထားကြတယ်၊ ယုံကြည်အားကိုးရတယ်။
တိုင်းရင်းသားနယ်မြေနှင့် သဘာဝသယံဇာတသည် တိုင်းရင်းသားများသာပိုင်ဆိုင်သည်။ စစ်အစိုးရ၊ စစ်ဗိုလ်ချုပ်၊ စစ်တပ်၊ ရဲ၊ အာဏာပိုင်၊ ခေတ်ပျက်သူဌေး၊ နိုင်ငံခြားသား၊ အိမ်နီးနားချင်းတိုင်းပြည် ပိုင်ဆိုင်ခြင်းမရှိရန်ကာကွယ်ပေးရပါမည်။
နှစ်ပေါင်းများစွာ မြန်မာတပ်မတော်နဲ့အိမ်နီးနားချင်းတိုင်းပြည်များရဲ့ မတရားအုပ်စိုး ရက်စက်ဖိနှိပ်ချုပ်ခြယ်မှု ခံစားနေရပါတယ်။ ထူးချွန်ထက်မြက်သော အမျိုးသားရေးစိတ်ဓါတ်ရှိခေါင်းဆောင်များ လုပ်ကြံခံနေရပါတယ်။
ပြည်ထောင်စုအစိုးရတာဝန်မှာ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ငွေစက္ကူထုတ်ဝေရေးနှင့် ဗဟိုဘဏ်သာ ဖြစ်စေရမည်။
ပြည်မတောင်တန်းတွင် ရှစ်လူမျိုးကြီးအရ ရှစ်ပြည်နယ်သာ ထားရှိသင့်သည်။
ဖက်ဒရယ် စနစ်တွင် တိုင်းရင်းသားအားလုံးသည် တန်းတူရေး နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသည်။
ယနေ့မြန်မာနိုင်ငံမှာနေဝင်းလက်ထက်ကစပြီးပြည်နယ်တွေမှာ၊ တိုင်းရင်းသားတွေကိုသူတို့ ပြောကြားနေတဲ့ တိုင်းရင်းသားဘာသာစာပေတွေကိုမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာသင်ကြားခွင့်ကို ပိတ်ပင်ထားခဲ့တာဟာ ဘာကိုဖေါ်ပြသလဲဆိုတော့ ဗမာမှုအတင်းအကြပ်သွတ်သွင်းခြင်း (Burmanization) ဆိုတဲ့ မျက်ကန်းမျိုးချစ်တွေရဲ့အမျှော်အမြင်မဲ့တဲ့လုပ်ရပ်ဖြစ်တယ်။ (ထွန်းအောင်ကျော်၊ ဖဘ၊ ၁၆ ဖေဖော်ဝါရီ ၂၀၁၂)
ရသမျှနဲ့ တင်းတိမ်ရောင့်ရဲ။

ထိုင်း (ခ) ယိုးဒယား (ခ) ယပလက်
ကမ္ဘာမှာစစ်အာဏာအသိမ်းဆုံးစာရင်းဝင်သော ထိုင်းနိုင်ငံမှစစ်ဗိုလ်ချုပ်များသည် မြန်မာစစ်ဗိုလ်များထက် ဥာဏ်ရည်ဥာဏ်သွေးရော၊ အရည်အချင်းရောပိုသာသည်မှာငြင်းမရသည့်အချက်ဖြစ်သည်ကို ၁၉၇၀ခုနှစ်နောက်ပိုင်းထိုင်းနိုင်ငံဖွံ့ ဖြိုးတိုးတက် လာခြင်းများမှသက်သေပြနေပါသည်။ (စစ်အောင်၊ 8888peoplepower ၊ ၈ နိုဝင်ဘာ ၂၀၁၂)
ငါတို့ တင်မကဘူး။ ငါ့ခလေးပါ ထိုင်းတွေရဲ့ နှိမ်တာကိုခံရတယ်။ သူတို့ ခလေးတွေနဲ့ ငါ့ခလေး ကစားတာကို သူတို့ မိဘတွေကမကြိုက်ဘူး။ မကစားစေချင်ဘူး။
စစ်အုပ်ချုပ်ရေး ခေတ်ဆိုးစနစ်ဆိုးအောက်တွင် ထိုင်အာဏာပိုင်နှင့်လုပ်ငန်းရှင်တို့သည် မြန်မာအလုပ်သမားတွေအပေါ်မှာ အနိုင်ကျင့်သည်။
ထိုင်းတွေက ဗမာတွေကို အတော်နှိမ်ပါတယ်။ ဒါကိုလည်း အားလုံးသိသိကြီး နဲ့ ဘဝပေးကုသိုလ်ကံကြောင့်ဆိုပြီး ထိုင်းတွေနဲ့ တည့်အောင်ပေါင်းနေရတဲ့ ဘဝတွေပါ။
ထိုင်းတွေ မြန်မာတွေဆီက ဘာပဲရရ အကုန်လိုချင်နေပုံရတယ်။ သူတို့ တွေကို နဲနဲလောက်ပညာပေးလိုက်ရင် ထိုင်းတွေလေသံပြောင်းလာလိမ့်မယ်။
"ဖရဲသီးနိုင်ငံရေး"ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအဝါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခ (ရဲမိုး၊ 7Day News Journal ၊ ၁၅ ဇန်နဝါရီ ၂၀၁၄)
မြန်မာနိုင်ငံရေးသမားတွေကို စစ်ဗိုလ်ချုပ်နှင့်အပေးအယူလုပ်ပြီး နောက်ကြောဒါးထိုးသည်။
ရှေးယခင် ယိုးဒယား ရုပ်ရှင်ကားတိုင်းတွင် ယိုးဒယားများ၏ ရန်သူဆိုလျှင် မြန်မာ ဟု သတ်မှတ်ပြီးသား ဖြစ်နေခဲ့ကြသည်။ သမိုင်းအရကော အမြင်အရပါ မြန်မာတွေကို လူကြမ်းတွေ ရန်သူတွေ အဖြစ် အလွယ်လက်ဖြစ် သရုပ်ဆောင် စေခဲ့တာ ချည်း ဖြစ်သည်။ ထိုင်းရုပ်ရှင်ကြည့် ပရိသတ်ကလည်း အဲဒီအချက်ကို ရိုက်သွင်း ခံထားရ သည့်အတွက် စိတ်ဓါတ်ရေးရာမှာကို ရန်သူတွေ လို့ လက်ခံထားခဲ့ကြသည်။ (http://moethaukkye.blogspot.com/2010/05/legend-of-king-naresuan.html )
လူမျိုးစု ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ကိစ္စကို ထိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အနေမျိုးနဲ့ မဟုတ်ဘဲ၊ ထင်ရှားသူ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်- လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က ပြောကြားခဲ့သည်။ (အာရ်အက်ဖ်အေ၊ ၅ ဇွန် ၂၀၁၂)
သမိုင်းမှာ ယိုးဒယားဆိုငယ်နိုင်။ ယနေ့ ယပလက်များက ဗိုလ်ချုပ်ကြီးများကိုအလိုလိုက်၍ မြန်မာပြည်မှာ စိတ်ကြိုက်ခြယ်လှယ်နေကြပါသည်။

နိုင်ဂျီးရီးယား
နိုင်ဂျီးရီးယား လူမျိုးဆိုတာက ကမ္ဘာကျော် လူလည်တွေပါ။ (စိုးမြင့်-မေ့ဆေး၊ မေ့ဆေးပေးသင့် မပေးသင့်၊၂၄ ဇူလိုင် ၂၀၁၀)

ပျူ
ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။
မြန်မာပြည်တွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူတို့၏ အထင်ကရ မြို့တော် သုံးမြို့ရှိခဲ့ဖူးသည်။ ထိုမြို့တော်သုံးခု မှာ မကွေးခရိုင်ရှိ ဗိဿနိုး မြို့၊ ရွှေဘိုနယ်ရှိ ဟန်လင်းကြီး မြို့ နှင့် ပြည်မြို့အနီးရှိ သရေခေတ္တရာ မြို့များ ဖြစ်ကြသည်။ ယင်း ရှေးဟောင်းပျူမြို့တော် သုံးမြို့အနက် သရေခေတ္တရာသည် စည်ပင်အဝပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦး များ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းကြသည်။ သရေခေတ္တရာ မြို့အား သာသနာ သက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဒွတ္တဘောင်အမည်ရှိသော မင်းကြီးက တည်ထောင်ခဲ့သည် ဟုအဆိုရှိပေသည်။ မြို့ဟောင်းတို့၏ အင်္ဂါရပ်များဖြစ်သော မြို့ရိုး၊ ကျုံးနှင့် သာသနာအဆောက်အဦးများ၊ ဘုရား စေတီပုထိုးများကို ယခုတိုင်တွေ့ရှိနိုင်သေးသည်။ ပျူစာသည် အိန္ဒိယပြည်တောင်ပိုင်းသုံး အက္ခရာများကို အခြေခံတီထွင်ထားသည်ကို တွေ့ရှိရ၍လည်း အိန္ဒိယတောင်ပိုင်းနှင့် အဆက်အသွယ်ရှိခဲ့မည်ဟုလည်း သမိုင်း ပညာရှင်များက ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း ပျူယဉ်ကျေးမူ့များတွင် အိန္ဒိယတောင်ပိုင်းသားတို့၏ ယဉ်ကျေးမှု များရောနှော နေသည်ကိုတွေ့ရခြင်းဖြစ်သည်။ သမိုင်းဝင် တရုတ်နန်းတွင်း မှတ်တမ်းများနှင့် တရုတ်စာပေများ ၌ မြန်မာနိုင်ငံ ပျူလူမျိုးများသည် (၄) ရာစုလောက်ကတည်းက တိုးတက်ယဉ်ကျေးလျက်ရှိသည့် လူမျိုးအဖြစ်ဖေါ်ပြထားသည်။ (၈) ရာစုလောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခမ်းနားပြီး အံ့သြလောက်ဖွယ်ရာ မြို့ ကြီး ၅ မြို့ နှင့် ပြည်နယ်ကလေးများ (၁၈) နယ် မျှရှိကြောင်း ပျူမင်းသားအရှင်သခင်များတွင် အချွေအရံများ ကျေးကျွန် သင်းပင်း များ ရှိကြောင်း ယူနန်နယ် နန်ချိုဘုရင် သည် ပီကင်းတရုတ်ဧကရာဇ်ဘုရင်ထံ အဖူးအမျှော် လာရောက်သည့်အခါ သံအဖွဲ့နှင့်အတူ ပျူမင်းသားအကြီးအကဲ နှင့် ကချေသည် အဖွဲ့ တဖွဲ့ လည်း ပါလာကြောင်း ဖေါ်ပြမှတ်တမ်းတင်ထားသည်။ ပျူလူမျိုးတို့၏ဇာတ်သိမ်းကို ရေရာစွာမသိရသော်လည်း ပျူမြို့ပြနိုင်ငံများကို နန်ချိုတို့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီးနောက်တွင် အခြား တိဘက်မြန်မာ အနွယ်များဖြစ်သည့် ဗမာ၊ ချင်း၊ ကမ်းယံ တို့အပြင် ကရင်၊ မွန် အစရှိသည့် လူမျိုးများနှင့် ရောနှောကာ ပျောက်ကွယ်သွားခဲ့သည်ဟု အကျမ်းဖျင်း ယူဆကြသည်။ မြန်မာရာဇဝင်အရ ဒွတ္တဘောင်မင်းမှ စတင်တည်ထောင်ခဲ့သော သရေခေတ္တရာမင်းနေပြည်တော် သည် မင်းဆက် ၂၅ ဆက်မြောက် သုပညာနဂရဆိန္ဒ မင်းလက်ထက်၊သာသနာ သက္ကရာဇ် ၆၃၆ ခုနှစ်တွင်ပျက်စီး ခြင်းသို့ ဆိုက်ရောက်ခဲ့သည်ဟု အဆိုရှိပေသည်။ (http://shwehinthar.multiply.com/journal/item/90/90)
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံက  ရှေးဟောင်းပျုမြို့ ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မြို့ကြီးတွေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က စာရင်းသွင်းလိုက်ပါတယ်။
ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ ပျုမြို့ဟောင်း ၃ မြို့ဟာ ဘီစီ ၂ ရာစုကနေ အေဒီ ၉ ရာစုအတွင်းမှာ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှေးဦးမြို့တော်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံ့ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေတယ်လို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးကော်မတီ အဖွဲ့ဝင်နဲ့အဆိုပြု မူကြမ်း ပြုစုရေးအဖွဲ့ခေါင်းဆောင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးစန်းဝင်းက အခုလို ပြောပါတယ်။
“နံပါတ် ၁ ကတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးမွေအဖြစ် ပျူမြို့ဟောင်း သုံးမြို့ကို သတ်မှတ်ခြင်းခံရတဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာအနေနဲ့ မြင့်မားပါတယ်။ မြန်မာနိုင်ငံက ယဉ်ကျေးမှုသည် အမျိုးသားအဆင့်မှာတောင် မဟုတ်ဘဲ ကမ္ဘာကတောင် အသိအမှတ်ပြုရတဲ့အဆင့် ရောက်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်ခင်ဗျ။”
ဒါ့အပြင် ခရီးသွားလုပ်ငန်းပေါ် အခြေခံပြီး ဒေသခံတွေ စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသက အုတ်မြို့ရိုးတွေ၊ နံရံတွေ၊ ကျုံးတွေနဲ့ ပျူမြို့သုံးမြို့ကိုတော့ တစိတ်တပိုင်း တူးဖော်ထားပြီးဖြစ်သလို အဲဒီအထဲမှာတော့ နန်းမြို့ဟောင်းတွေ၊ ဘုရားပုထိုးနဲ့ သင်္ချိုင်းဂူနေရာတွေ၊ စက်မှုလုပ်ငန်း ထွန်းကားစအချိန်ကနေရာတွေကို တွေ့ခဲ့ရတဲ့အကြောင်း ယူနက်စ်ကိုရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။
(မိုးဇော်၊ ဗွီအိုအေ၊ ၂၃ ဇွန် ၂၀၁၄ )

ဘင်္ဂလားဒေ့ရှ် (ခ) ဘင်္ဂါလီကုလား (ခ) ခေါ်တော (ခ) ရိုဟင်ဂျာ (ခ) မူဂျာဟစ် (ခ) ကုလားဆိုး
ကြုံရင်ကြုံသလို ရိုလင်ဂျာကို သူ့အမေလင်လို လော်ဘီလာလုပ်နေတဲ့သူတွေရှိတယ်။ ရူးသလိုလို ကြောင်သလိုလို လာမလုပ်နဲ့။ (အောင်မိုးဝင်း၊ ၈ ဇွန် ၂၀၁၂)
ကုလားခိုင်းပြီးသား နွားနဲ့ ကုလားယူပြီးသား မယား၊ ချိုနဲ့ သားရေပဲ ကျန်တယ်။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ စပြီး လိုအပ်ပါတယ်။ ဒီမှာ ပြောလိုတာက လက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မအထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင် နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေမယ်ဆိုတာ သေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုထိမ်းသိမ်းရေးလိုအပ်နေပါတယ်။ (အောင်ဆန်းစုကြည်၊ အိုင်အယ်အို၊ ၁၄ ဇွန် ၂၀၁၂)
ဒီကောင်တွေ လူပါးဝတာကြည့်ဗျာ။ ရခိုင်မှာနေရင်း အစက သူတို့ကို သူတို့ ရခိုင်ကုလားဆိုပြီး ပြောတယ်။ အခုတော့ ရိုဟင်ဂျာတဲ့။
ဒီကုလားတွေဟာ သူများနယ်မြေမှာလည်းလာနေတယ်၊ ပြီးတော့ ပြသနာရှာတယ်။
ဒီခေါ်တောကိစ္စကို ကိုင်တွယ်မယ်ဆိုရင် မြန်မာတွေဘက်က ရခိုင်တွေဘက်ကလဲ အသေအချာထည့် စဉ်းစားဖို့လိုပါတယ်။
ဘင်္ဂလီကုလားတွေရဲ့ သခင်မ ဘီဘီစီက အင်နာဂျုံးလ်။
မိန်းမကဗျောက်သောက်ယူ၊ ခလေးက မွေးချင်သလောက်မွေး။ လူဦးရေ တိုးသလားလဲ မမေးနဲ့။
မြန်မာနိုင်ငံတွင် ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင်နှင့် ရှမ်းဟူသော လူမျိုးအုပ်စု ရှစ်ခုရှိသည်။ ယင်းတို့၏ မျိုးနွယ်စုဝင် လူမျိုးပေါင်း ၁၃၅ မျိုးရှိရှာ ရိုဟင်ဂျာဟူသော လူမျိုး လုံးဝမပါရှိပါ။
မသေမချင်းမှတ်ထား။ ရိုဟင်ဂျာ ဘင်္ဂလီ ခေါ်တော ဆိုတာ ဘယ်တုန်းကမှ မြန်မာတိုင်းရင်းသား မဟုတ်ဘူး။ တစ်ဖက် နိုင်ငံကနေ ခိုးဝင်လာတဲ့ သူတွေပဲ။ (တင်ဦး၊ အန်အယ်ဒီ၊ နာယက / မိုးကျော်သူ၊ ဖဘ၊ ၂၂ နိုဝင်ဘာ ၂၀၁၂)
ယနေ့ပြဿနာသည် ကိုလိုနီစနစ်၏ အမွေဆိုးဟုဆိုရပါလိမ့်မည်။ ပြောရလျှင် ဇာတ်၏အစမှာ၊ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပင်ဖြစ်သည်။ ဤစစ်ပွဲအပြီးမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံး၊ အင်္ဂလိပ်ကိုလိုနီဖြစ်သွားခဲ့ရတော့သည်။ ဤသည်နှင့် မရှေးမနှောင်းမှာပင်၊ အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့် ဥပဒေများ ပြဌာန်းလိုက်သောအခါ၊ စစ်တကောင်းနယ်မှ၊ မွတ်စလင်ဘာသာဝင်များ အလုံးအရင်းနှင့် ဝင်ရောက်လာကြပြီး၊ ဘူးသီးတောင်၊ မောင်းတော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံစသည့်ဒေသတို့တွင် ရွာများတည်ထောင်နေထိုင်လာကြသည်။ လူမျိုးသဘာဝအရ၊ မွေးနှုန်းမတူသည့်အချက်က၊ ရေရှည်တွင် အကွာအဝေးတစ်ခု ဖြစ်တည်လာစေခဲ့သည်။ ၁၈၃၂ ခုနှစ်က၊ စစ်တွေခရိုင်၏ လူဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ရာမှ၊ ၁၉၃၁ ခုနှစ်တွင် ၆ သိန်းကျော်ရှိလာပြီး၊ ၁၉၄၁ ခုနှစ်တွင်မူ ၇ သိန်းခွဲကျော်အထိတိုးပွားလာခဲ့သည်။ ဤသို့တိုးပွားလာသည်မှာလည်း၊ အဓိကအားဖြင့် စစ်တကောင်းသားများပင်ဖြစ်ရာ၊ ၁၉၄၂ ခုနှစ် ဘူးသီးတောင်၊ မောင်းတော၏ စစ်တကောင်းမွတ်စလင်လူဦးရေမှာ ၃ သိန်းကျော်အထိဖြစ်လာပြီး၊ မူလတိုင်းရင်းသားရခိုင်တို့မှာ၊ အနည်းစု ဖြစ်လာတော့သည်။ ဤအချိန်လောက်မှစ၍၊ အနည်းစု-အများစု တိုးမိတိုက်မိသည်များစတင်လာခဲ့ခြင်းဖြစ်ပါသည်။ (ကျော်ဝင်း၊ ဖဘ၊ ၁၂ ဇွန် ၂၀၁၂)
ရိုဟင်ဂျာကိစ္စက ဘာသာရေးကိစ္စ မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စဖြစ်တယ်။ (မျိုးရန်နောင်သိန်း၊ ၂၀ နိုဝင်ဘာ ၂၀၁၂)
ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ်မပြုနိုင်ပါဘူးလို့ ကျွန်မတို့ အပြင်းအထန် ကန့်ကွက်နေကြတာကိုတော့ သတင်းအဖြစ် မတင်နိုင်ကြတာကို အံ့ဩလောက်အောင် တွေ့မြင်လိုက်ရတယ်။
ရိုဟင်ဂျာတွေဟာ ရုပ်ဆိုးဘီလူးဖြစ်တယ်။ (သံအမတ်ရဲမြင့်အောင်၊ ၂၀၀၉)
ရိုဟင်ဂျာနဲ့ပတ်သက်လာရင် ရခိုင်ကို နိုင်ငံရေးသ္မားဆိုသူတချို့နှင့် နိုင်ငံတကာဆိုတာတွေ ဘယ်တုန်းကမှ စာနာမှုမရှိခဲ့ဘူး။ (လင်းမြတ်သော်တာ၊ ၉ ဇွန် ၂၀၁၂)
ရိုဟင်ဂျာသည် ကျွန်တော်တို့တိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ (ကိုကိုကြီး၊ ၈ ဇွန် ၂၀၁၂)
ရိုဟင်ဂျာသည် ဘင်္ဂလီမွတ်ဆလင်များ က ရခိုင်ပြည်ရှိ ဒေသခံကုလားများမျက်နှာဖုံးစွပ်လျှက် ရခိုင်ပြည်ထဲသို့ဝင်ရောက်လာခြင်းသာ ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် ရိုဟင်ဂျာသည် ဘင်္ဂလားဒေခ်ျ့တွင် လူဦးရေ ထူထပ်လာသောကြောင့် လူဦးရေဗုံးပေါက်ကွဲလာသောကြောင့် ရခိုင်ပြည်ကို ခေတ်သစ်နယ်ချဲ့နည်းဖြင့် ဝင်ရောက်လာကြသော ကျူးကျော်သူများသာ ဖြစ်သည်။
ရိုဟင်ဂျာသည် အင်္ဂလိပ်မွေးသော မျောက်ဖြစ်သည်။ ဘင်္ဂါလီလူမျိုးက ဘင်္ဂါလီလူမျိုးပဲ။ လံကြုတ်လူမျိုး။ ယခင်က ယင်းတို့ကို မူဂျာဟစ်များ ကုလားဆိုးများဟုသာ ခေါ်တွင်ခဲ့သည်။
သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။ (သူဇာ၊ ဧရာဝတီ၊ ၂၉ မတ် ၂၀၁၄ )
သူတို့တွေက ဟိုဘက်မှာ ဆင်းရဲကျပ်တည်းတယ်ဆိုတော့ ဒီဘက်မှာချောင်လည်တော့ ဒီဘက်ကို ကူးချင်တာပဲ။ ဒီဘက်ကျတော့လည်း ရခိုင်လူမျိုးက လူနည်းစုဖြစ်နေတော့ လူနည်းစုကို လူများစု အနိုင်ကျင့်ချင်တာပေါ့လေ။ ၁၉၅၆ တုန်းက ဘဘတို့ရောက်ဖူးတယ်လေ။ ဦးရာရှစ်က ၁၉၅၂ ခုနှစ်မှာပြောတယ်။ ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အမှန်ကတော့ ခေါ်တောပဲ။ သူတို့က ဒီနိုင်ငံသားမဟုတ်။ (သခင်ချန်ထွန်း၊ ဒီဗွီဘီ၊ ၈ နိုဝင်ဘာလ ၂၀၁၂ / ရန်နိုင်စိုး)
သားဖောက် သာသနာပြုသည်။
အခုရခိုင်ပြည်နယ်ပြဿနာဟာ နယ်စပ်ကနေခိုးဝင်လာတဲ့ပြဿနာမဟုတ်တော့ဘဲ အခြေတကျဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးပါ၊ မြန်မာတိုင်းရင်းသားဖြစ်တယ်၊ အဲဒါကြောင့်သူတို့ကို အခွင့်အရေးတွေပေးရမယ်။ အဲဒီကနေတဆင့် ပြည်နယ်တောင်းတဲ့အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက်တဲ့အဆင့်တွေတောင်ရောက်နိုင်တဲ့ အနေအထားတွေဖြစ်သွားနိုင်ပါတယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ Burma VJ Media Network ၊ ၁၅ ဇွန် ၂၀၁၂)
အင်္ဂလိပ်များဆုတ်ခွာအပြီးတွင် လက်နက်ရှိသော ဘင်္ဂလီမွတ်ဆလင်သူပုန်များသည် မောင်တောမြို့နှင့်တ၀ိုက်ကို သိမ်းပိုက်ပြီး ရခိုင်ဗုဒ္ဓဘာသာများအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြကြောင်း သမိုင်းရှိသည်။ နောက်ဆုံးရခိုင်တိုင်းရင်းသားအမြောက်အမြား၊ စစ်တကောင်းနယ်ထဲသို့၊ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့သွားရသည်များပင် ရှိသည်။ စစ်ကြီးအပြီး အင်္ဂလိပ်တပ်များပြန်အရောက်၊ အဆိုပါရခိုင်ဒုက္ခသည်များကို မူလနေရာဟောင်းသို့ပြန်လည် အခြေချပေးခဲ့သည်။
မှတ်သားဖွယ်ရာစကား - ကုလား အရေးလောက်ကိုလ၊ ဓါး မသွေးလောက်ပါဘု။ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း)

မွန်
“ကျိုက်” ဘုရားများတည်ထားကိုးကွယ်ခဲ့သည်။
ပဲခူးမြို့ဟာတချိန်က မွန်နေပြည်တော်ပါ။
မွန်ပြည်၊ မွန်မင်း၊ မွန်နန်း၊ မွန်ယဉ်ကျေးမှု ရှိခဲ့သူများဖြစ်သည်။
မွန်အမျိုးသားတို့ ညီညွတ်ကြ။ မွန်တို့ကံကြမ္မာ မွန်ဖန်တီးကြ။ စစ်မှန်သောပြည်ထောင်စု တည်ဆောက်ကြ။ (မွန်ပြည်သစ်ပါတီ၊ ၁ စက်တင်ဘာ ၂၀၁၂)
သူကောင်းဘွဲ့ - နိုင်။

မြန်မာ
ကျနော်တို့ ဗမာလူမျိုးရဲ့ အကျင့်ကလည်း ဖြစ်ကာစမှာ သွေးပူတတ်ကြပေမဲ့ ကြာလာရင်သွေးအေးပြီး မေ့မေ့ပျောက်ပျောက် သဘောထားတတ်တယ်။ (ဇော်ဝင်း၊ ၈၈ ကျောင်းသားဟောင်း၊ ဖဘ၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၄)
"ကျနော်ရောက်ခဲ့တဲ့ အမေရိက၊ မလေးရှား၊ သြစတေးလျက၊ မြန်မာတွေ တသင်းနဲ့တသင်း၊ တဖွဲ့နဲ့တဖွဲ့ မတည့်ကြဘူး။ ဒါတွေက စိတ်မကောင်းစရာတွေပဲ။  မြန်မာပြည်သားချင်း စည်းစည်းလုံးလုံးနဲ့  ညီညွတ်မှု ရှိရင် ဘယ်အရာ မဆို အောင်မြင်မှာ ဖြစ်တယ်။ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့ အချိန်မှာ ညီညွတ်မှုက အရေးကြီးတယ်၊  မညီညွတ်ရင် မြန်မာလူမျိုး ဆိုတာ ပျောက်သွားနိုင်တယ်" လို့ ပြောပါတယ်။ - ကျော်သူ (ဧရာဝတီ၊ ၂၆ နိုဝင်ဘာ ၂၀၁၃)
ကြက်ပြေးအမေရိကန်ပြေးမင်း။
ကျမတို့ ဗမာလူများစုက လူလည်းများတော့ အမှားတွေလည်း ပိုများတယ် ဆိုတာ ဒါဟာသဘာဝကျပါတယ်။
အခုခေတ်မှာဆိုရင် ကျမ ဘယ်လိုတွေ့ရသလဲဆိုတော့ ကျမကို မကြာခဏပြောတယ်။ အထူးသဖြင့် တခြားအာဆီယံနိုင်ငံတွေမှာ သွားပြီးအလုပ်လုပ်နေတဲ့ ကျမတို့ပြည်သူပြည်သားတွေပြောတာ ၀မ်းနည်းစရာပဲ။ တချို့ကျတော့ ကိုယ့်ကိုယ်ကို ဗမာလို့တောင်မပြောချင်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အနှိမ်ခံရလို့တဲ့။ - အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ် / ဧရာဝတီ၊ ၂ ဒီဇင်ဘာ ၂၀၁၃)
ခင်ဗျားတို့ တသက်လုံး မြန်မာ ဖြစ်နေသရွေ့ မြန်မာ လို့ စဉ်းစား ဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
ငါတို့ဗမာတွေကတော့ မှန်တာဆိုရင် တခုမှမပြောရဲဘူး။
စိန်ကြည်နော်၊ စိန်ကြည်နော် လင်ယူပက်စက်သည်။ မာစတာကြီးက တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန်။
တရုတ်ပြေး ကုလားကျမင်း။
တရုတ်ပြေးမင်း။
တရုတ်လိုရှာ၊ ကုလားလိုစု၊ ဗမာလို မဖြုန်းနဲ့။
ဒီတော့ ဘောလုံးပွဲကြည့်၊ ကျွန်တော်တို့ ဗမာတွေ ဟုတ်လား၊ ဘောလုံးပွဲမယ် ကန်ကြတဲ့အခါမယ် ဆိုရင်၊ ကိုယ်ကပထမ စ ဂိုးသွင်းရရင် အတော်လေး တခါထဲ အားတက်လာ တယ်။
နောက်တစ်ခါ တော်တော်လေး ဂိုးလေးများလာပြီဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာပြီ။ ငါနိုင်မှာပါပဲ ဆိုပြီး။ အဲ့ဒါနဲ့နေပြီးတော့ တစ်ဖက်ကနေ အပြီးသတ်ခါကျမှ ကပ်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ်၊ ရှုံးတာဖြစ်ဖြစ်၊ ကိုယ့်ဘက်က ဂိုးလည်း မသွင်းနိုင်ဘူးဆို အဲ့ဒီအခါကျတော့ လူချတာပဲ။
ဒါ ကျွန်တော်တို့ဗမာတွေ ဘောလုံးပွဲတွေ၊ ဘောလုံးကန်တဲ့အကျင့်။ အဲ့ဒါဟာ Sporting Spirit မရှိဘူးလို့ခေါ်တယ်။
ဒါဘာလဲဆိုလို့ရှိရင် ဗမာတွေစိတ်ထဲမယ်တော့ ဒါ ထင်လိမ့်မယ်ပေါ့။ ဗမာတွေဟာ စိတ်ဓာတ်ထက် တယ် ဘာညာ။ တလွဲဆံပင်ကောင်းနေတာနဲ့ အတူတူပဲ။
ဒီစကားဟာ ဒီလိုနေရာတွေမှာ သုံးဖို့ပဲ။ ဗမာတွေရဲ့စိတ်ဓာတ်က မဟုတ်တဲ့နေရာတွေမှာ သွားပြီးတော် နေတယ်။ တကယ့်နေရာတွေမယ်ကျတော့ အသုံးမကျဘူး။ ဗမာ ဗမာချင်း ချဖို့ရာမှာလုပ်ချင်တယ်။ အဲ့ဒါမျိုးတွေလုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ အဲ့တော့က ကျွန်တော်တို့ အဲ့ဒီလိုစိတ်ဓာတ်မျိုး လုံးဝ ဖျောက်ပစ်ဖို့လိုတယ်။
(၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့တွင် ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ၊ ဧရာဝတီ )
ပြည်မရှိဗမာအစိုးရကိုမယုံနှင့်။
ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဗမာလူမျိုးတွေဟာ နက္ခဗေဒင်၊ ပရောဂမှော်အတတ်၊ ထိုးကွင်းမင်ကြောင်နဲ့ အတိတ်နိမိတ်ကို ယုံကြည်ကြတာများပါတယ်။ ပုဏ္ဏားနဲ့ဗေဒင်ဆရာ မပါရင် ဘာမှမလုပ်နိုင်ဘူး။ အရေးကြီးတဲ့ကိစ္စဆိုရင် ရက်ကောင်းရက်မြတ် ရွေးရတာကလည်း အလုပ်ကြီးတစ်ခုလိုဖြစ်နေပါတယ်။
ဗမာကြီးစိုးတဲ့အစိုးရ။
ဗမာ စံတော်ချိန်။ (တနာရီ နောက်ကျတတ်တဲ့ အကျင့်၊ plus one)
ဗမာတွေစည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ခဲ့ပြီ။ (သခင်ကိုယ်တော်မှိုင်း)
ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်တဲ့အခါမှာလည်း အသုံးမကျချင်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာလည်း အသုံးမကျချင်ဘူး။ ဗမာ ဗမာချင်းချဖို့ပဲ လုပ်ချင်တယ်။ (ဗိုလ်ချုပ်အောင်ဆန်း)
ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား။ (၁၉၂၀ ကျောင်းသားသပိတ် ကြွေးကျော်သံ)
ဗမာချင်းချင်း တိုက်ခိုက်ခြင်းက လူ့ဘဝ။ (မောင်စွမ်းရည်၊ ၁၂ ဇွန် ၂၀၁၂)
ဗမာအတွေး ရှမ်းအပြေး။
ဘိတ် (မြိတ်) သား။
မြန်မာတွေက ဘာသာရေး၊ လူမျိုးရေး နဲ့  ပတ်သက်ရင် အကဲဆတ် လို့ မဆုံးဘူး။ ဒါကို သိထားဖို့ လိုတယ်။ (အောင်သောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂)
မြန်မာတွေက မေးခွန်းမေးတာတွေရော မေးခွန်းမေးခံရမှာကော ကြောက်နေတယ်။ (ဒေါက်တာခင်မောင်ညို၊ Eleven ၊ ၂၆ ဇွန် ၂၀၁၂)
မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။
မြန်မာတွေ မညံ့ပါ။ လုပ်ခွင့်မရကြလို့သာပါ။ (သီတာနွယ် - ဆရာဝန်၊ ၆ ဇွန် ၂၀၁၂)
မြန်မာတွေဟာ ပျင်းတယ်၊ အလုပ် မလုပ်ချင်ဘူး၊ သစ္စာ မရှိဘူး။  အပျော်အပါးကြိုက်တယ်။
မြန်မာပီပီ တိုးရဝှေ့ရ သည်။
မြန်မာပြည်လွတ်လပ်ရေး မရမှီ စစ်ကြိုခေတ်က ရန်ကုန်မြို့မှာ ကူလီထမ်း၊ မိလ္လာသိမ်း၊ လံချားဆွဲ၊ ရေထမ်း စတဲ့အလုပ်တွေကိုအောက်တန်းကျတယ်ထင်ပြီးမြန်မာတွေ မလုပ်ကြဘူး။ (သော်တာဆွေ၊ ကျနော့်ဘဝဇာတ်ကြောင်း / ဇင်ဝိုင်း / ကြည်ကြည်လွင်)
မြန်မာလူမျိုးတွေဟာ သံယောဇဉ်အရမ်းကြီးတဲ့ လူမျိုးတွေဖြစ်တယ်။ သားသမီးတွေနဲ့ အဖေအမေတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အဖိုးအဘွားတွေနဲ့ မြေးမြစ်တွေကြားက ချစ်ခြင်းမေတ္တာဆိုတာ ဘယ်နေရာပဲ ရောက်နေရောက်နေ လျော့ရဲပြတ်ထွက်လို့သွားတယ်ဆိုတာ မရှိဘူး။
မြန်မာအို ကျောင်းကြို ကျောင်းကြား။
မြန်မာအစ တကောင်းက။
မြေမျို၍ လူမျိုးမပျောက်၊ လူမျို ၍ လူမျိုးပျောက်မည်။ (ဒီပဲယင်း ဝန်ထောက် ဦးမြဲ)
ရန်ကုန်အကြွား၊ မော်လမြိုင်အစား၊ မန္တလေးစကား။
ရွှေဘိုသား လူကြမ်းသမား။
လူရိုးဆိုတာ သင်္ချိုင်းမှာဘဲရှိတယ်။
သူကောင်းဘွဲ့ - ကို၊ ဦး၊ ဒေါ်၊ မ၊  မောင်။
သခင်မျိုးဟေ့ ဒို့ဗမာ၊ အရေးတော်ပုံ အောင်ရမယ်။
သစ္စာဆိုတာ သစ်စက်မှာဘဲရှိတယ်။
အင်္ဂလိပ်လက်ထက် မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင်ဆိုသောစကား - “ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” (ရွှေဥဒေါင်း)
အညာသား။
အာဏာရှင်ဆန်တဲ့ ဗမာစရိုက်။
လူငယ်စကား - ဗမာဗမာ လူလိမ္မာ။ ဗမာဗမာ ဖင်ပြာပြာ၊ ဗမာသေလမ်းမှာ မြှပ်။
မှတ်သားဖွယ်ရာစကား - ရေးတော့အမှန် ဖတ်အသံ မြန်မာမှန်က သိရမည်။ ရွှေမြန်မာတွေ မျက်လုံးဖွင့်ကြည့်ကြပါ။ ထလော့၊ မြန်မာ၊ မြန်မာ၊ ထလော့။
ထိုင်းစစ်ဗိုလ် နဲ့ ဗမာစစ်ဗိုလ် နှိုင်းယှဉ်ချက်
ဦးအောင်ခင်နှင့် ကျော်ကျော်သိန်း၊ ဗွီအိုအေ၊ ၂၉ မေ ၂၀၁၄
ထိုင်းစစ်ဗိုလ်တွေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာတာ အနှစ် (၈၀) ကျော် ရှိပြီဖြစ်ပေမယ့် ထိုင်းစီးပွားရေးဟာ ရှင်သန်ကြီးထွားနေပါတယ်။ ဗမာစစ်ဗိုလ်တွေ အနှစ် (၅၀) ကျော် ကြီးစိုးတဲ့အခါမှာ မြန်မာပြည်ဟာ အာရှဒေသမှာ အောက်ဆုံးအဆင့်ရောက်သွားပါတယ်။
ဗမာစစ်ဗိုလ်ကြီးစိုးတဲ့ အနှစ် (၅၀) ကျော်ကာလမှာ မြန်မာ့ပညာရေးအဆင့်အတန်း ထိုးကျသွားပါတယ်။
ဗမာစစ်ဗိုလ်တွေကတော့ အာဏာရပြီးတာနဲ့ အရပ်သားအမှုထမ်းတွေကို အစေခံဘဝကို ပို့လိုက်ပြီး နေရာတကာမှာ အာဏာပြပါတော့တယ်။
ဗမာစစ်ဗိုလ်တွေကတော့ နိုင်ငံရေး ဘန်းပြပြီး ရာသက်ပန် အာဏာသိမ်းနိုင်ဖို့ အာရုံစိုက်ပါတယ်။
ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီးကတည်းက ယုံကြည်ချက်အမျိုးမျိုးကြေညာပြီး နိုင်ငံရေးလုပ်စားလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
ဗမာစစ်ဗိုလ်တွေကတော့ အရည်အချင်းမရှိပေမယ့် ဆိုရှယ်လစ်စနစ်မှာရော၊ ဈေးကွက်စနစ်မှာရော နေရာတကာ ချုပ်ချယ်ပြီး အာဏာပြတာကြောင့် တိုင်းပြည်ရဲ့  လူမှုစီးပွားရေးဘဝ ချွတ်ခြုံကျရပါတယ်။ ဗမာစစ်ဗိုလ်ဟာ နည်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ကြီးစိုးနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။
ဗမာစစ်ဗိုလ်တွေကတော့ နေပြည်တော် တည်ဆောက်ပြီး အခိုင်အမာ နေရာယူထားတာမို့ စစ်တန်းလျားပြန်ဖို့ဆိုတာ ဝေလာဝေး စိတ်ကူးထဲတောင် ထည့်ထားပုံမရသေးဘူးလို့ ယူဆရပါတယ်။

ရှမ်း (ခ) သျှမ်း
ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု စာပေတွေကို ထိန်းသိမ်းခွင့်တွေ မရမချင်းတော့ တိုင်းပြည်အေးချမ်းမှာ မဟုတ်ဘူးလို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောဆိုလိုက်ပါတယ်။ (ဒီဗီဘီ၊ ၈ ဖေဖော်ဝါရီ ၂၀၁၃)
ပဒေါင်း (ခ) ကယန်း တို့သည် ရှမ်း၊ ကယား နှင့် ယိုးဒယားတွင် နေထိုင်ကြသည်။
ဗမာ စော၊ ရှမ်း တောကပြန်။
ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်။
ဘိန်းရှု ရှမ်းယောင်္ကျားတွေ အပျင်းထူတယ်။
မေမြို့ (ပြင်ဦးလွင်)နှင့် မိုးကုတ်သည် ရှမ်းပိုင်ဆိုင်သည်။ ပုဆိုးဆုတ် နဲ့ မိုးကုတ်
ရှမ်းကြိုက် နွားချော။
ရှမ်းကလေးထိန်းရင် ကလေးကို ဘိန်းကျွေးထားတတ်တယ်။
ရှမ်းခေါင်းဆောင်များ ခွင့်ထွက်ခွင့်လှုပ်ရှားမှု ဖြစ်ချိန်မှာအထင်ကရ နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သောဦးဘဖေမှ ရှမ်းပြည်သည်ကုန်းတွင်းပိတ်ဒေသဖြစ်၍ ဆန်တင်ပို့ ခြင်းဖြတ်မည်၊ ဆားတင်ပို့ ခြင်းဖြတ်မည် ဆိုကာပြောဆိုလိုက်သဖြင့် ရှမ်းခေါင်းဆောင်များပြာပြာသလဲဖြစ်ကုန်ကာ ထိုကဲ့သို့ မလုပ်ဖို့ ပြောဆိုရပါသည်။ (၁၉၄၇ / စစ်အောင်၊ 8888peoplepower ၊ ၈ နိုဝင်ဘာ ၂၀၁၂)
ရှမ်းပြည် ရေခဲနှင့်ယပ်ရောင်း။
ရှမ်းမလေးတွေချောတယ်။
ရှမ်းနှင့်ဆင် လယ်ပြင်ကျမှသိ။
ရှမ်းလွယ်အိတ်။
သူကောင်းဘွဲ့ - စိုင်း၊ စော်ဘွား၊ နန်း။
အိမ်ထောင်ရှင်မသည် အိမ်ဦးစီးဖြစ်သည်။

ရခိုင် (ခ) ရက္ခိုင်
ကုလားမနိုင် ရခိုင်မဲ။
ကုလားမနိုင် ရခိုင်မေး။
"ဒီတကျော့ပြန် ပြဿနာက OIC ကိုလက်မခံတော့ဘူး ကြေငြာလိုက်တဲ့နောက်ပိုင်း ဖြစ်လာရတဲ့ ပြဿနာဖြစ်တယ်။ နောက်တစ်ချက်က ပထမတစ်ကြိမ်ဖြစ်သွားတဲ့ ပဋိပက္ခမှာ ဘင်္ဂလီတစ်ချို့က ဒုက္ခသည်စခန်းကိုရောက်သွားကြတယ်။ တစ်ချို့မြို့တွေမှာကျတော့ ဘင်္ဂလီတွေဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ များလာတဲ့အခါမှာ သူတို့ဟာ ဒုက္ခသည်စခန်းတွေကို သွားချင်လာကြတယ်။ နောက်ပြီးတော့ ဘင်္ဂလီတွေနေတဲ့ မြို့နယ် ကျေးရွာဒေသတွေမှာ ဒုက္ခသည်စခန်းတွေဖွင့်လှစ်လာမယ်ဆိုရင် အလုပ်မလုပ်ဘဲ စားရေးသောက်ရေးအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတကာက တစ်ခြားအကူအညီတွေလည်း ရလာနိုင်တဲ့ဆိုတဲ့ အချက်နှစ်ချက်ပါ။ နောက်တစ်ချက်က ကျနော်ကိုယ်တိုင် မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ကို သွားရောက်လေ့လာတဲ့အခါမှာ ဘင်္ဂလီတွေဟာ ကိုယ့်အိုးအိမ်ကိုယ် မီးရှို့တယ်၊ ရခိုင်အိမ်တွေကိုလည်း မီးရှို့ပြီးတော့ ဒီဒုတိယအကြိမ် ပဋိပက္ခကို ဖန်တီးနေတာကိုတွေ့ရတယ်။ ဘာလို့လည်းဆိုတော့ OIC အပါအဝင် နိုင်ငံတကာတွေကနေ အခွင့်အလမ်းတစ်ခုရအောင် နောက်ထပ်ဒီလိုအရေးအခင်းတစ်ခုကို ဖော်ဆောင်တာဖြစ်တယ်" ဟု ဦးအေးသာအောင်က သုံးသပ်ပြောဆိုသည်။ (မင်းသွီး၊ အာရကန်တိုင်းမ်စ်၊ ၁၂ နိုဝင်ဘာ ၂၀၁၂)
ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ ဘင်္ဂါလီများကို "ရိုဟင်ဂျာ" လို့မခေါ်ပါနဲ့ "ဘင်္ဂါလီ" လို့ဘဲခေါ်ပါ။
ဘင်္ဂါလီ လုံးဝ မရှိမှသာ ပြသာနာ ငြိမ်းမည်။
မီဒီယာဆိုတာဘာလဲ၊ အမျိုး ဘာသာ သာသနာ ကိုစောင့်ရှောက်ရမယ့် ထိပ်တန်းအရေးပါသူတွေပဲ။ အထိနာခဲ့ရတာ ရခိုင်လူမျိုးတွေပါ။ ဘင်္ဂါလီတွေက ဘယ်လောက်ငွေပေးပေး လက်မခံဘဲ မျိုးချစ်စိတ်နဲ့ ကိုယ့်လူမျိုးမဟုတ်တာကို ငြင်းပယ်တဲ့လူဝင်မှုအရာရှိတွေသာ နယ်စပ်မှာ ရှိနေခဲ့ရင် ဒီလိုပြသနာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ အမျိုးတူ၊ ဘာသာတူ သူ့နိုင်ငံက လူတွေ ဖြစ်ပါရက်နဲ့တောင် ဘင်္ဂါလားဒေ့ရှ်နိုင်ငံကရိုဟင်ဂျာကို လက်မခံပါဘူး။ ဒါကိုကျတော့ ဘယ်မီဒီယာမှ မပါဘူး။ ရင်နာတယ်။ (မောပြေ၊ ဖဘ၊ ၁၆ ဇွန် ၂၀၁၂ / လှအေးမောင်)
ရခိုင်ကြား ကုလားမနေဝံ့၊ ကုလားကြား ရခိုင်မနေဝံ့ ။ (စိုးမင်း၊ ဖဘ၊ ၁၃ ဇွန် ၂၀၁၂)
ရခိုင်ခံစစ်စည်းပေါက်ရင် မြန်မာတပြည်လုံးကျပြီ။ (လှိုင်ဘွား/၈၈၊ ဖဘ၊ ၁၅ စက်တင်ဘာ ၂၀၁၂)
ရခိုင်ဆိုတာက သူတို့တွေရဲ့ ရိုးရာဂုဏ်ကို ထိန်းသိမ်းကြတယ်။ သူတို့အယူအဆတွေကို အပျက်မခံဘူး။ ဒုတိယကမ္ဘာ စစ်ကြီး ဖြစ်တဲ့အခါကျတော့ အဲဒီမှာ ဘင်္ဂါလီတွေက စစ်အတွင်းက ကျန်ခဲ့တဲ့ လက်နက်တွေကို သုံးပြီးတော့ တောပုန်းဓားပြတွေ အဖြစ်နဲ့ မြန်မာပြည်နယ်စပ်ကိုဝင်ပြီးမွှေကြတယ်။ တိုက်ကြတယ်။ မိန်းကလေးတွေကို စော်ကားခဲ့တာတွေလည်း အများကြီးရှိတယ်။ အဲဒီလူတွေကို မူဂျာဟစ်လို့ခေါ်တယ်။ မူဂျာဟစ်က ဘယ်လောက်ဆိုးလဲဆိုရင် အဲဒီနယ်စပ်ထဲကို ဝင်ပြီးတော့ ရခိုင်မလေးတွေ၊ ဗမာမလေးတွေကို အတင်းအဓမ္မသိမ်းပိုက်တာတွေ၊ သတ်ဖြတ်တာတွေရှိတယ်။ စစ်ပြီးလောက်မှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ထိအောင် မူဂျာဟစ်တွေရှိတယ်။ အဲဒီမူဂျာဟစ်တွေရဲ့အကြောင်း ကို ရွှေဒုံးဘီအောင်က အစောဆုံး သေသေချာချာရေးခဲ့တာ။ သူရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့စာထဲမှာပါတယ်။ ပြီးတော့ လခြမ်းထက်က ကြယ်တစ်ပွင့်၊ ကိုယ်တော့်ကရုဏာ၊ အဲဒီဝတ္ထုတွေမှာ မူဂျာဟစ်တွေ အကြောင်း အကုန်ပါတယ်။ ရွှေဒုံးဘီအောင်က အဲဒီတုန်းက သတိကြီးစွာ ပေးခဲ့တယ်။ ဒီကောင်တွေက ဗမာမတွေကို မျိုဖို့ချည်း စဉ်းစားနေတယ်။ အဲဒီတုန်းက အဲဒီဝတ္ထုတွေကို သူက ရှုမဝမှာ ရေးတယ်။ (ဆရာကြီး ဦးအောင်သင်း၊ Eternal Light Magazine ၊ October 2012 / 8888 Union of Burma)
ရခိုင်ပြည်တွင် ကုလသမဂ္ဂသည် ရခိုင်အရေးထက် ဘင်္ဂါလီရိုဟင်ဂျာအရေးကို မြှောက်ပင့် ဦးစားပေးဆောင်ရွက်နေသည်။
ရခိုင်ပြည်နယ်ရှိ မငြိမ်မသက်မှု ဖြစ်ပွားခဲ့သည့် မြို့များသို့ သွားရောက်လျှက်ရှိသည့် ဒု-ဗိုလ်ချုပ်ကြီး လှမင်း ယနေ့ညနေပိုင်း သံတွဲမြို့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မျိုးချစ်စိတ်ရှိဖို့ လိုအပ်သည်မှာ မှန်သော်လည်း ရခိုင်အမျိုးသားများ အနေဖြင့် အရှိ လွန်နေသည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူတဦးက ပြောကြားသည်။ ၎င်းက “အခုတခေါက် ရမ်းဗြဲကိုသူရောက်တော့ ရခိုင်အမျိုးသား အိမ်တွေမှာ ဘင်္ဂလီတွေ ထွက်သွားဆိုတာတွေ ရေးထားတာ ထူးထူးခြားခြား တွေ့ရတယ်လို့ ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးလည်း မျက်ကန်းမျိုးချစ်ဆိုတဲ့ စကားလုံးလည်း သုံးသွားတယ်” ဟုပြောသည်။ (သစ်ထူးလွင်၊ ၂၉ အောက်တိုဘာ ၂၀၁၂)
ရခိုင်ပြည်၊ ရခိုင်မင်း၊ ရခိုင်နန်း၊ ရခိုင်ယဉ်ကျေးမှု ရှိခဲ့သူများဖြစ်သည်။
ရခိုင်ပြည်၊ ရခိုင်လူမျိုး တည်ငြိမ် တည်တန့်ခိုင်မြဲရေး အတွက် ဘင်္ဂါလီရိုဟင်ဂျာကို အလိုမရှိပါ။ သားရေပေါ်အိပ် သားရေနားစား၊ ယာရှင်မျောက်မောင်း အဖြစ်လက်မခံနိုင်ပါ။
ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ်။
လောကကြီးမှာ အများညီက "ဤ" ကို "ကျွဲ" ဖတ်နိုင်သလို၊ "ရွာသမုတ်လျှင် သစ်ငုတ်သော်မှကျားဖြစ်ရ" ဆိုတဲ့ ရှေးလူကြီးများစကားရှိထားတော့ မသမာသူတွေလွမ်းမိုးနေတဲ့ အများဆိုင်ကိစ္စ၊ အမျိုးသားအရေးကိစ္စတွေမှာ အမှန်တရားထွက်ပေါ်လာဖို့ ဆိုတာ ရှာဖွေဖေါ်ထုတ်ပြောဆိုသူတွေရှိမှ အမှန်တရားဆိုတာပေါ်လာပြီး၊ လောကပါလအမှန်တရားကြီးစိုးတဲ့ ခေတ်ကာလဆိုတာပေါ်ထွန်းလာမှာဖြစ်ပါကြောင်း ရေးသားရပါတယ်။ (အောင်ကျော်ဇော (၀ံသာနုရက္ခိတ)၊ ၂၂ ဖေဖော်ဝါရီ ၂၀၁၄)
သူကောင်းဘွဲ့ - ခိုင်။
သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။ (သူဇာ၊ ဧရာဝတီ၊ ၂၉ မတ် ၂၀၁၄ )
သိတယ်နော်! တောင်ကုတ်ကတော့ ဘင်္ဂါလီ ဆို sorry ပဲ။ (ဆိုင်းဘုတ်၊၂၀ အောက်တိုဘာ ၂၀၁၂)
အဓိကရုဏ်းဖန်တီးမှု၊ လုပ်ကြံမှု နှင့် လတ်တလော မငြိမ်သက်မှုဖြစ်စဉ်များ၏နောက်ကွယ်တွင် ဦးအောင်သောင်း၊ ဦးကျော်ဆန်း နှင့် ကြံ့ခိုင်ရေးအမာခံများ အဓိကနေရာမှပါဝင်နေသည်။ (တင်ကျော်ကျော်စိုး၊ ၆ ဇွန် ၂၀၁၂)
အိုအိုင်စီ အလိုမရှိ။
ကြွေးကြော်သံ - ရခိုင်ပြည်သည် ရခိုင်သားများအတွက်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင် - ရခိုင်ဆရာတော်ဦးဥတ္တမ။
ရခိုင်သမိုင်းပညာရှင် - ဆရာကြီး ဒေါက်တာသန်းထွန်း၊ ဒေါက်တာအေးကျော်၊ ဆရာမကြီး ဒေါ်ကြန်၊ ဒေါက်တာအေးချမ်း။
လူငယ်စကား - ရခိုင်ရခိုင် ကုလားထိုင် အထိုင်မတတ်ဂွေးစိညပ်။ မြွေပွေးနှင့်ရခိုင် တွေ့ရင် ရခိုင်ကို အရင်သတ်။
နှိမ်ချ ရိုင်းစိုင်းသောစကား - ရခီး။

အင်္ဂလိပ်
ဗြိတိသျှလူမျိုးများသည် အချိန်လေးစား၊ စနစ်တကျ လုပ်ကိုင်တတ်သည်။
မျက်နှာဖြူ၊ အဖြူကောင်။
အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင်ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေပါတယ်။
အင်္ဂလိပ်အခက် ဗမာ့အချက်။
ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ဗြိတိန်ခရီးစဉ် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကျွန်မ ဒီကိုလာရခြင်းရဲ့ တစိတ်တပိုင်းက လက်တွေ့ ကျတဲ့ အကူအညီတွေကို တောင်းခံဖို့ပါ။ မိတ်ဆွေတစ်ဦး အနေ နဲ့ ပြောင်းလဲမှုတွေကို ကူညီတဲ့သူ တစ်ဦးအနေနဲ့၊ တန်းတူ ရည်တူထားသူ တစ်ဦးအနေနဲ့၊ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးဖို့ပါ။ အခွင့်အရေးတွေနဲ့အတူ ကမ္ဘာမှာ ထိုက်သင့် တဲ့ နေရာရရှိဖို၊့ ကာလကြာရှည် မွတ်သိပ်စောင့်စား မျှော်လင့်နေတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန် တိုးတက်စေဖို့ပါ လို့  ပြောကြားခဲ့ပါတယ်။ (အာရ်အက်ဖ်အေ၊ ၂၁ ဇွန် ၂၀၁၂)
နှိမ်ချ ရိုင်းစိုင်းသောစကား - ကုလားဖြူ၊ ဗိုလ်စုတ်။



အမေရိကန် ကပ္ပလီများ ဆိုးပျင်း၊ ပြောရိုက်မှလုပ်တတ်သည်ဟုထင်ကြသော်လည်း သူလိုကိုယ်လို လူဖြစ်ကြပါသည်။ အမဲလူငယ် တချို့သည် မူးယစ်ဆေးဝါး၊ ကျည်ဆန်၊ သေနတ်များကြောင့် ဘဝနစ်နာ ဆုံးရှုံးပျက်စီး ကြသည်။
ကမ္ဘာပေါ်တွင် အတော်ဆုံး အကောင်ဆုံးဟု မိမိကိုယ်မိမိထင်မြင်တတ်ကြသည်။
နိုင်ငံခြားတိုင်းပြည်များတွင် အမေရိကန်စစ်တပ်စွဲရာမြို့သည် ဖာမြို့ဖြစ်လာသည်။ လမ်းမပေါ်တွင် သူတောင်စားကပ္ပလီလေးများတွေ့ရသည်။
နေရာတကာ ငပွကြီး။
လူမျိုးပေါင်းများစွာဖြင့်ဖွဲ့စည်းထားသောကြောင့် မြို့ကြီးများတွင်လူမျိုးရေးပြဿနာရှိသည်။
အမေရိကန်တို့သည် အမြင်ကျယ် သဘောထားကြီးကြသည်။ လူမျိုးအထွေထွေ၊ ဘာသာအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံ၊ နိုင်ငံရေးအစုံစုံ၊ အတွေးအခေါ် အဝဝ၊ အားလုံးကို သည်းငြီးခံစွာ လက္ခံသည်။
အမေရိကန်လို ချမ်းသာ၊ ပညာတတ်၊ ထိပ်တန်း၊ သြဇာကြီးတဲ့ နိုင်ငံကြီးဖြစ်ချင်ကြသည်။
နှိမ်ချ ရိုင်းစိုင်းသောစကား - လူမဲတယောက်ကို နစ်ဂါ (nigger) ၊ နီဂရို (negro)။ လူဖြူကို ဗိုလ်စုတ်။

ပုဂ္ဂိုလ်ရေးခံစားချက်
ဆုရကာတွန်းစာမှာ နိုင်ငံရေးခေါင်းဆောင်တဦးသည် ဘိလပ်ဖြစ် ညဝတ်အင်္ကျီကြီးကို ဝတ်၍ အိပ်ရာမှအထတွင် အမေရိကန်ဖြစ်သွားပွတ်တံ သွားတိုက်ဆေးတို့ကို သုံးကာ၊ ပြင်သစ်ကော်ဖီ၊ သြစတြေလျ ထောပတ်နှင့် အင်္ဂလိပ် ဘီစကွပ်မုန့်တို့ကို စားသောက်ပြီးလျှင်၊ ယိုးဒယား ဗန်ကောက် လုံချည်၊ ဂျပန် ပိုးအင်္ကျီနှင့် အင်္ဂလိပ် ရှူးဖိနပ်တို့ကို ဝတ်ဆင်၍ ဘိလပ် စီးကရက်ကို ဂျာမန် ဓါတ်မီးခြစ်နှင့် ခြစ်သောက်ပြီးသော် အမေရိကန်ကားကြီးကို စီးပြီးသကာလ ဗမာ့စီးပွားရေး ထူထောင်ရေး အစည်းအဝေးကြီးတွင် အမေရိကန်အသံချဲ့စက်ဖြင့် တရားဟောလေသတည်း … ဟု ပါရှိပြီး၊ တရားဟောရာ၌ ဗမာ့စီးပွားရေးနာလံထူဖို့ ပြည်တွင်း ဗမာဖြစ်ကိုသာ ဝယ်ယူ အားပေးကြပါဟု ဆိုနေပုံ ဖြစ်သည်။ (ကာတွန်းဦးဖေသိန်း၊ မိုးမခ၊ ၂၂ ဧပြီ ၂၀၀၈)

ကမ္ဘာ့ရန်ဘက်
ဂျပန် နှင့် တရုတ်
တရုတ် နှင့် တီဘက်
တရုတ် နှင့် အိန္ဒိယ
ပါကစ္စတန် နှင့် အိန္ဒိယ
ဗီယက်နမ် နှင့် ကမ္ဘောဒီးယား
ဗီယက်နမ် နှင့် တရုတ်
မြန်မာစစ်အစိုးရ နှင့် ရဟန်းရှင်လူ ပြည်သူအပေါင်း (၁၉၆၂ မှ ယနေ့ထိ)
အာရပ် နှင့် အစ္စရေး

တိုင်းရင်းသားအားလုံးကိုလေးစားချစ်ကြည်လျှက်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ