Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

သမ္မတအိုဘားမား နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာမည်ဟု အမေရိကန်အစိုးရ ထုတ်ပြန်

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည်  လာမည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ယခုခရီးစဉ်သည် အမေရိကန်အစိုးရ၏ အာရှ-ပစိဖိတ်ဒေသအတွက် မဟာဗျူဟာ ပြန်လည် ချိန်ညှိမှုဆိုင်ရာလုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားသည် တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဆွေးနွေးပွဲသို့ တက်ရောက်ကာ နိုဝင်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့၌ ဆက်လက်နေထိုင်ပြီးနောက်တစ်နေ့တွင် မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့အာရှဒေသဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

APEC ဆွေးနွေးပွဲသို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီလည်း တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင်း ပင်က ဖိတ်ကြားထားကြောင်း သိရသည်။
ထို့နောက် သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များတွင် သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ ကျင်းပမည့် ဂျီ-၂၀ ဆွေးနွေး ပွဲသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ပေကျင်းမြို့တွင် ပြုလုပ်မည့် APEC ဆွေးနွေးပွဲသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း APEC ၏ အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ရောဘတ်ဝမ်က ပြောကြားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ