
အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ အသက် (၄၀)နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ ငယ်စဉ် ဘ၀ကတည်းက အဖြစ်ချင်ဆုံး ဆန္ဒကို ပုံဖော်ခဲ့တာဆိုရင် ရာနှုန်းပြည့်နီးပါး ပြုလုပ်နိုင်င်ခဲ့ပြီ ဖြစ်ပါတယ်။ ဟော့ဘက်စ်ဟာ ငယ်စဉ် ကတည်းက ကျားတစ်ကောင်လို ခန္ဓာကိုယ် အနှံမှာ ဆေးမင်ကြောင်ထိုးမှု ပြုလုပ်ထားပါတယ်။ ကျားတစ်ကောင်လို အစင်းအကျားတွေ ဖြစ်အောင် ပုံဖော်ထားတာ မိုဟော့ဘတ်စ်ကို ရုတ်တရက် ကြည့်လိုက်ရင် ထိတ်လန့်စရာ ဖြစ်ပေမယ့် သူကတော့ အခုပုံစံကို အလွန်ကျေနပ်နေတယ်လို့ ဆိုပါတယ်။
ဟော့ဘက်စ်ဟာ အသက် (၁၈)နှစ် အရွယ် ကတည်းက ကျားတစ်ကောင်လိုဖြစ်ဖို့ စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ခန္ဓာကိုယ်ရဲ့ (၉၀)ရာခိုင်နှုန်းကို ပုံဖော် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဟော့ဘက်စ်က ကျွန်မ လုပ်စရာတွေ အနည်းငယ်ပဲ လိုပါတော့တယ်။ ညာဘက်ချိုင်းအောက်နဲ့ ညာဘက်နားတို့ကို ပုံဖော်ပြီး သွားရင် ပြီးသလောက် ဖြစ်သွားမှာပါ။ ဒါပေမဲ့ ကျွန်မက လှသထက်လှလာဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မဟာ ငယ်စဉ်ကတည်းက ကျားတစ်ကောင်လို အစင်းအကျားတွေ ဖြစ်ချင်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်မရဲ့အသက်က ကိုးနှစ်ပဲရှိပါ သေးတယ်။ ငယ်စဉ်က ဂျပန်မှာ နေထိုင်ခဲ့လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိပေမယ့် အမေဖြစ်သူက အသက် (၁၈) နှစ်ရောက် မှ လုပ်သွားဖို့ ပြောခဲ့ပါ တယ် လို့ဆိုခဲ့ပါတယ်။
ဟော့ဘက်စ်ဟာ အသက် (၁၈)နှစ် ကနေ (၂၈)နှစ် အထိ ဆေးမင်ကြောင် အများအပြား ထိုးခဲ့ပြီး အဲဒီအချိန်မှာ မတူညီတဲ့ ဆေးမင်ကြောင် ထိုးဆရာ (၂၂၇) ဦးအထိ အသုံးပြုခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ဟော့ဘက်စ်ဟာ ဆေးမင်ကြောင် ထိုးသူအဖြစ် လုပ်ကိုင်နေပြီး သူ့အနေနဲ့ အရေပြားပေး မှာ အစင်းအကျားတွေနဲ့ ပုံဖော်ခြင်းကို လှပမှုအဖြစ် ယူဆထားပါတယ်။



































No comments:
Post a Comment