Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

သော့တံမလိုတဲ့ Bluetooth သော့အိမ်

Bluetoothစနစ် အသုံးပြုထားပြီးသော့တံ မလိုတဲ့ သော့အိမ်တစ်မျိုးကို အမေရိကန်နိုင်ငံ၊ ယူတက်မြို့ အခြေ စိုက် Fuz ကုမ္ပဏီက ဖန်တီးခဲ့ပါတယ်။ သာမန်သော့အိမ်တွေလို သော့တံနဲ့ ဖွင့်စရာ မလိုတဲ့အတွက် Fuz ကုမ္ပဏီက သူတို့ရဲ့ သော့အိမ်ကို Noke (No key) လို့ နာမည်ပေးထားပါတယ်။ သာမန်သော့တွေက အပျောက်အရှ များတတ်ပြီး သော့ပွားရ ခက်ခဲပေမယ့် Noke သော့တွေကတော့ Bluetoothစနစ် အသုံးပြု ထားလို့ အဲဒီဒုက္ခ ကင်းဝေးပါလိမ့်မယ်။



Bluetoothစနစ် အသုံးပြုထားတဲ့ Noke သော့အိမ်တွေကို iOs ဒါမှမဟုတ် Android app သုံး ပစ္စည်းတစ်ခုခုနဲ့ ဖွင့်ရမှာဖြစ်ပါတယ်။ Noke သော့အိမ် အသုံးပြုချင်တဲ့သူအနေနဲ့ Fuz ကုမ္ပဏီရဲ့ appကို သော့နဲ့ တွဲသုံးမယ့် iOs ဒါမှမဟုတ် Android ပစ္စည်းထဲ ထည့်သွင်းရမှာပါ။

ပြီးရင် သော့အိမ်ထဲက Bluetoothကို ကြိုက်နှစ်သက် ရာ နာမည် တစ်ခုခု ပေးလိုက်ရုံပါပဲ။ သော့အိမ်တစ်ခု တည်းကို နှစ်ယောက်သုံးချင်ရင် သူတို့ရဲ့ Bluetoothတွေကို သော့နာမည်အတိုင်း ပေးထားရမှာပါ။သော့
ဖွင့်ချင်တဲ့အခါ သော့အိမ်ခေါင်းကို လက်နဲ့ထိလိုက်ရင် သော့အိမ်ထဲမှာ ထည့်သွင်းထားတဲ့ ဆင်ဆာက သော့ ပိုင်ရှင် ဟုတ်၊ မဟုတ် စစ်ဆေးမှာဖြစ်ပြီး ကြိုးမဲ့ဆက်သွယ်မှု စနစ်အတွင်း သော့ပိုင်ရှင်ရှိမှ အလိုအလျောက်
သော့ပွင့်သွားမှာပါ။ Bluetooth 4.0 စနစ် အသုံးပြုထားတယ်လို့ သိရပါတယ်။

Noke သော့အိမ်တွေကို မာကျောမှု မြင့်မားတဲ့စတီးနဲ့ ပြုလုပ်ထားပြီး ဘက်ထရီမဖြည့်ဘဲ အမြဲသုံးနေရင်
တောင် တစ်နှစ်ကြာ အသုံးပြုနိုင်တယ်လို့ Fuz ကုမ္ပဏီက ပြောပါတယ်။ သော့အိမ်နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်း ပဲဖြစ်ဖြစ် သော့အိမ်ပဲဖြစ်ဖြစ် ဘက်ထရီ ကုန်သွားတဲ့အခါ သော့အိမ်ခေါင်းကို လက်နဲ့ဘယ်နှစ်ချက်ဆက် တိုက်နှိပ်ရင် သော့ပွင့်သွားမယ်ဆိုတဲ့ လျှို့ဝှက်စနစ် ပါဝင်ပါတယ်။

ဖေဖော်ဝါရီလမှာ ဈေးကွက်ထဲရောက်လာမယ့် Noke သော့အိမ်တွေ ကြိုတင်မှာယူမယ်ဆိုရင် ၃၇ပေါင်
ပေးချေရ မှာဖြစ်ပြီး ထွက်မှဝယ်မယ်ဆိုရင် ၅၅ပေါင်လောက် ကုန်ကျမှာပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ