Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

C++ Programming ( Lesson 4 )


မင်္ဂလာပါ..။ အရင် C++ သင်ခန်းစာတွေရကြမယ်လို့..ထင်ပါတယ်.။ မရရင်လည်း..ပြောကြပါနော်..။ ညီမ ပြန်ဖြေပေးပါ့မယ်..။ နားမလည်တာရှိလည်း.. comment box ဒါမှမဟုတ်.. facebook မှာ..မေးလို့ရပါတယ်..။ အောက်မှာလည်း.. link တွေထည့်ပေးထားပါတယ်။ မသိတာရှိရင်.. မေးလို့ရအောင်လို့ပါ.. ^_^
Increment Operator Prefix ( ++ )
++a;
eg. #include<iostream.h>
      void main( )
    {
     int a = 5;
     cout<< ++a; 
    }
Increment Operator Postfix ( ++ )
a++;
eg. #include<iostream.h>
      void main( )
    {
       int a = 5;
      cout<<a++;
      cout<<a;
   } 
- ပေးထားတဲ့.. example တွေကို.. Turbo C ထဲမှာ.ထည့် Run ကြည့်ကြပါ...။
- prefix ++a;  နဲ့ postfix a++; တို့ရဲ့အဖြေဟာ.. မတူညီကြပါဘူး..။
- prefix က..အလုပ်ကို..အရင်လုပ်ပါတယ်.။
- int a=5; cout<<++a; ရဲ့.. အဖြေက.. 6 ဖြစ်ပါတယ်.။ သူရဲ့အလုပ်လုပ်ပုံက.. အရင်ဆုံး a ထဲကို 5 ထည့်ထားပါတယ်။
- ++a; လို့ပြောလို့.. a ကို.. တစ်အရင်တိုးပါတယ်.။ ပြီးမှအဖြေထုတ်တာပါ..။ အဲ့တော့.အဖြေက. 6 ရပါတယ်.။
- postfix က. .အလုပ်ကို.. အဖြေကိုအရင်ထုတ်ပါတယ်။ အလုပ်ကိုနောက်မှလုပ်ပါတယ်။
- int a = 5; cout<<a++; cout<<a; လို့ရေးထားလို့.. အရင်ဆုံး a ထဲကို 5 ထည့်ထားပါတယ်။ 
- cout<<a++; ဆိုလို့. a ရဲ့အဖြေကိုအရင်ထုတ်ပါတယ်.။ အဖြေက 5 ပါ။ ပြီးမှ.. a ကို.. တစ်တိုးပါတယ်.။ အဖြေ 5 ထွက်ပြီးမှ.. a ရဲ့တန်ဖိုးက 6 ဖြစ်သွားပါတယ်။
- နောက်တစ်ကြောင်းမှာ.. cout<<a; ဆိုပြီးထပ်ထုတ်လိုက်တော့.. a ရဲ့အဖြေဟာ.. 6 ဖြစ်နေပါပြီ..။

prefix နဲ့... postfix ရဲ့.အဓိပါယ်ကို.. နားလည်ကြမယ်လို့ထင်ပါတယ်..။ အောက်က.. example လေးကို. Run ကြည့်လိုက်ကြနော်..။ 

Example... ,
#include<iostream.h>
void main( )
{
    int a,b,c;
    a = 10;
    b = a++;
    c = ++a;
    a = ++c;
   cout<<a;
    cout<<b;
    cout<<c;
}
- အပေါ်က. .code တွေကို.. Turbo C မှာ Run ကြည့်လိုက်ကြနော်..။
- အပေါ်က.ပုံအတိုင်းအဖြေတွေပေါ်လာပါလိမ့်မယ်..။
- run ပုံ run နည်းကိုတော့.. အရင်ကပြောပြီးပါပြီ..။
- ဒီလိုဆိုရင်. prefix postfix ကို.. နားလည်ကြလိမ်မယ်လို့.. ထင်ပါတယ်..။
Decrement Operator Prefix ( -- )
-- a;
eg.  #include<iostream.h>
      void main( )
    {
     int a = 5;
     cout<< --a; 
    }
Decrement Operator Postfix ( -- )
a--;
eg. #include<iostream.h>
      void main( )
    {
       int a = 5;
      cout<<a--;
      cout<<a;
   } 

- ပေးထားတဲ့.. example တွေကို.. Turbo C ထဲမှာ.ထည့် Run ကြည့်ကြပါ...။
- prefix --a;  နဲ့ postfix a--; တို့ရဲ့အဖြေဟာ.. မတူညီကြပါဘူး..။
- prefix က..အလုပ်ကို..အရင်လုပ်ပါတယ်.။
- int a=5; cout<<--a; ရဲ့.. အဖြေက.. 4 ဖြစ်ပါတယ်.။ သူရဲ့အလုပ်လုပ်ပုံက.. အရင်ဆုံး a ထဲကို 5 ထည့်ထားပါတယ်။
- --a; လို့ပြောလို့.. a ကို.. တစ်အရင်လျှော့ပါတယ်.။ ပြီးမှအဖြေထုတ်တာပါ..။ အဲ့တော့.အဖြေက.4ရပါတယ်.။
- postfix က. .အလုပ်ကို.. အဖြေကိုအရင်ထုတ်ပါတယ်။ အလုပ်ကိုနောက်မှလုပ်ပါတယ်။
- int a = 5; cout<<a--; cout<<a; လို့ရေးထားလို့.. အရင်ဆုံး a ထဲကို 5 ထည့်ထားပါတယ်။ 
- cout<<a--; ဆိုလို့. a ရဲ့အဖြေကိုအရင်ထုတ်ပါတယ်.။ အဖြေက 5 ပါ။ ပြီးမှ.. a ကို.. တစ်လျှော့ပါတယ်.။ အဖြေ 5 ထွက်ပြီးမှ.. a ရဲ့တန်ဖိုးက 4 ဖြစ်သွားပါတယ်။
- နောက်တစ်ကြောင်းမှာ.. cout<<a; ဆိုပြီးထပ်ထုတ်လိုက်တော့.. a ရဲ့အဖြေဟာ.. 4 ဖြစ်နေပါပြီ..။

prefix နဲ့... postfix ရဲ့.အဓိပါယ်ကို.. နားလည်ကြမယ်လို့ထင်ပါတယ်.. ^_^

အရမ်းရှုတ်သွားမှာစိုးလို့.. နည်းနည်းချင်းစီ..တင်ပေးနေတာပါ.. ။ နောက်ဆက်လက်ရေးမှာတွေလည်း.. အားပေးကြပါဦးနော်..။ စိတ်ဝင်တစားနဲ့.. လေ့လာပေးတဲ့အတွက်.. ကျေးဇူးအထူးတင်ပါတယ်..။ 



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ