Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 27, 2014

Ebola ပျံ့နှံ့မှုအတွက် ပြင်ဆင်ထားကြဖို့ အိုဘားမား တိုက်တွန်း

အာဖရိကတိုက်အနောက်ပိုင်းမှာဖြစ်နေတဲ့ အီဘိုလာကူးစက်ရောဂါလို ဇီဝခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီးတော့ အဆင်သင့်ဖြစ်ဖို့အတွက် အမေရိကန်သမ္မတ ဘရက်အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားဟာ နိုင်ငံ နဲ့ အဖွဲ့အစည်းပေါင်း ၄၀ ကျော်က ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့  ၀ါရှင်တန်မှာသောကြာနေ့က တွေ့ဆုံခဲ့ပြီး ဒီပြဿနာနဲ့ ပတ်သက်လို့ “ကာကွယ်၊ ထောက်လှမ်း၊ တုံ့ပြန်” ဆိုတဲ့ သူရဲ့ ဗျူဟာကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သောကြာနေ့မှာပဲ အာဖရိကအနောက်ပိုင်းမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၃ ထောင်ကျော်သွားပြီလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။ အဲဒီကြေညာချက်အသစ်မှာတော့ ပြီးခဲ့တဲ့ ၂ ရက်အတွင်း လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၅၀ ကျော်ရှိတယ်လို့ ပြောထားပါတယ်။

အသစ်ထွက်ပေါ်လာတဲ့ နောက်ဆုံးအချက်အလက်တွေက ရောဂါနဲ့ ပတ်သက်တဲ့ အခြေအနေတခုလုံးကို ဖော်ပြနိုင်ချင်မှ ဖော်ပြနိုင်မှာ ဖြစ်ကြောင်း၊ ဒီရောဂါပိုးကူးစက်ခံရသူဟာ ၆,၅၀၀ ထက်မနည်းရှိတယ်လို့ WHO ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ရောဂါကူးစက်ခံရသူတွေဟာ ဆေးရုံဆေးခန်းတွေကို လာရမှာကြောက်နေကြတယ်လို့လည်း ဆိုပါတယ်။


ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း အိမ်ဖြူတော်မှာ သမ္မတအိုဘားမား ပြောကြားစဉ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ