Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

♪ Facebook ကို အသုံးပြုပြီး တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်နည်း ♫


10590692_375304152619284_6179268164115976851_n
နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကိုတော်တော်များများသိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။ဒါ့အပြင် Android / iOS ဖုန်းတွေကို ကွန်ပြူတာကနေထိန်းချုပ်ဖို့ အတွက် TeamViewer QuickSupport ဆိုတဲ့ App လည်းရှိပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့စက်တွေမှာဆို အခက်တွေ့ ပါတယ်။ ဘာဆော့ဝဲမှသုံးစရာမလိုဘဲ တစ်ယောက်ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို့ ရတဲ့ Facebook Application တစ်ခုရှိပါတယ်။ သူကတော့ Deskhop App ဖြစ်ပြီး Windows, Mac OS X(10.6) မှာသုံးနိုင်ပါတယ်။

ပထမဆုံး Deskhop App Page ကို အောက်ကလင့်ကနေသွားပါ။

http://goo.gl/xmGlEa

“Go to App” ကိုနှိပ်ပါ။


သူငယ်ချင်းတစ်ယောက်ကိုရွေးချယ်ပါ။ Chat ပိတ်ထားတဲ့သူတွေ ဆိုရင်တော့ မြင်ရမှာမဟုတ်ပါ။


ပြီးရင် မိမိ Screen ကို Share လုပ်မှာလား သူငယ်ချင်းရဲ့ Screen ကို Control လုပ်မှာလား ရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တဲ့သူငယ်ချင်းကို Facebook က Notification ပို့ ပေးမှာဖြစ်ပါတယ်။သူကလည်း သင့်ကို Grant Access လုပ်ပေးဖို့ လိုပါတယ်။


ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပေးပါ။ ဒါဟာ ခဏတာ အင်စတာလုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ဖို့ လိုပါတယ်။

ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း အလိုလို ဖျက်ပေးမှာပါ။

ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။

Myanmar Digital Life Journal

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ