Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 1, 2014

၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်


၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများအတွက် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်

အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။


  http://www.topup.com.mm/ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ 
ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား 
အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပါ ဝန်ဆောင်မှု ရရှိဦးမည် မဟုတ်ကြောင်း၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ ငွေပေးချေရန်အတွက် Myan Pay Online Payment Gateway အသုံးပြုထားကြောင်း Myan Pay ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင် တစ်ခါတစ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ မိမိအသုံးပြုသောဖုန်းသည် ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်းမှ ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Top Up Card အချက်အလက်ကို ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ဖြစ်ကြောင်းhttp://www.topup.com.mm/ တွင် ဖော်ပြထားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ