Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ပိုင်​ရှင်​ထံဖုန်းနံပတ်​​တွေပြန်​ပို့​ပေးတဲ့ iphone သူခိုး






ဖုန်းသူခိုး တစ်ယောက်သည် မိမိခိုးယူထားသော အိုင်ဖုန်းထဲမှ ဖုန်းနံပါတ်များကို လက်ရေးနှင့် ၁၁ မျက်နှာတိတိ ကူးယူပြီး ပိုင်ရှင်ထံ ပို့ပေးသည့် အဖြစ်အပျက်တစ်ခု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဇောင်ဘင်း ဆိုသူသည် တက္ကစီကား စပ်တူငှားစီးရာမှ သူ့ထံက အိုင်ဖုန်းကို အခြား တစ်ယောက်က နှိုက်သွားပြီးနောက် ယခုကဲ့သို့ ဖုန်းနံပါတ်များကို ကူးပြီး ပို့ပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဇောင်သည် သူ့အိုင်ဖုန်းထဲတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၁၀၀၀ ခန့်ကို မှတ်သားထားပြီး ထိုနံပါတ်များကို အခြား တစ်နေရာရာတွင် သိမ်းဆည်းထားခြင်းလည်း မရှိပေ။ သူက မိမိအနေနှင့် ဖုန်း ပျောက်ခြင်းထက် သိမ်းဆည်းထားသည့် အချက်အလက်များ ဆုံးရှုံးမှုကို ပိုပြီး စိတ်ပျက်မိကြောင်း သတင်းအဖွဲ့သို့ ပြောကြားသည်။

ဇောင်က သူ့အနေနှင့် အခိုးခံရသည့် ဖုန်းထံစာပို့ကာ မိမိအနေနှင့် တက္ကစီကား အတူငှားစီးစဉ်က ဖုန်းခိုးသွားသည်ကို သိကြောင်း၊ မဖြစ်မနေ ရအောင်ပြန်ရှာမည် ဖြစ်ကြောင်းကို စာပေးပို့ခဲ့သည်။ ထို့ပြင် မိမိထံ အောက်ပါလိပ်စာအတိုင်း ချက်ချင်း ပြန်ပို့ပေးရန် တောင်းဆိုရာ၌ ဖုန်းပြန်မလာဘဲ၊ လက်ရေးစာ တစ်ထပ်ကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူခိုးက အွန်လိုင်းပေါ်တွင် ထိုသို့ အရေးကြီးသည့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ပေးပို့ခြင်း အပေါ်တွင် ထောက်ခံသူများ ရှိနေကြသည်။

တရုတ်နိုင်ငံအတွင်း Twitter ကဲ့သို့ အသုံးပြုနိုင်သည့် ဆိုရှယ်ကွန်ရက် Weibo တွင် လုပ်ငန်း ကိုယ့် ကိုယ်ကျင့်တရားကို နားလည်ပြီး ယခုကဲ့သို့ ဖုန်းနံပါတ်များ ရေးပို့ပေးလိုက်သည့် သူခိုးကို ခွင့်လွှတ်ပေးရန် တောင်းပန်ထားကြောင်း တွေ့ရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ