
အွန်လိုင်းပေါ်တွင် ချိန်းဆိုမှုများပြုလုပ်နိုင်သည့်
online dating network မှအမည်များ၊အီးမေးလ်လိပ်စာများ၊encrypt မ
လုပ်ထားသည့် password များ၊မွေးနေ့သက္ကရာဇ်များအပါအ၀င် သုံးစွဲသူ
၄၂သန်း၏အချက်အလက်များခိုးယူခံခဲ့ရ
ကြောင်း လုံခြုံရေးသုတေသီပညာရှင် Brain
Kerbs ၏အစီရင်ခံစာအရသိရသည်။
Asiadating.com နှင့် BrazilinCupid.com
အပါအ၀င် datingsite ၃၀ကျော်ကိုပိုင်ဆိုင်
သည့်သြစတေးလျအခြေစိုက် Cupid Media
ကအထက်ပါကိန်းဂဏန်းအရေအတွက်ကို
ငြင်းဆိုခဲ့သော်လည်း ၂၀၁၃ခုနှစ် ဇန်န၀ါရီလ
ကအချက်အလက်များချိုးဖောက်ခံခဲ့ရကြောင်း
Kerbs ထံဝန်ခံပြောကြားခဲ့သည်။
Cupid Media သုံးစွဲသူ ၃၄သန်းသည်Yahoo,
Hotmail နှင့် Gmailတို့ဖြင့်မှတ်ပုံတင်ကာအ
သုံးပြုကြကြောင်း၊ခိုးယူခံရသည့် account
၁.၉သန်းကျော်သည်ရိုးရှင်းသည့် password
"123456"ကိုအသုံးပြုကြကြောင်း၊အခြား၁.၂
သန်းခန့်သည် "111111"ကိုအသုံးပြုကြ
ကြောင်း၊ကိန်းဂဏန်းမပါသည့် password
များအဖြစ်"iloveyou","lovely",qwerty",
"password"တို့ကိုအသုံးပြုကြကြောင်းKerbs
ကပြောကြားခဲ့သည်။
Cupid Media တွင်အသုံးပြုသူဦးရေ ၃၄သန်း
သာရှိပြီး၎င်းအရေအတွက်သည် ချိုးဖောက်ခံ
ရသည့် account ၄၂သန်းနှင့်အလွန်ကွာဟ
လျက်ရှိသော်လည်းကွာဟနေသည့် account
အရေအတွက်မှာ ဆက်လက်အသုံးပြုခြင်းမရှိ
တော့သည့်သူများ၏ accountများဖြစ်ဖွယ်ရှိ
ကြောင်းသိရသည်။



































No comments:
Post a Comment