Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

အီရတ်က IS စစ်သွေးကြွတွေကို ပြင်သစ် တိုက်ခိုက်

ပြင်သစ်တိုက်လေယာဉ်တွေက အီရတ်နိုင်ငံထဲမှာရှိတဲ့ IS စစ်သွေးကြွတွေ ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အကြောင်း ပြင်သစ်ကပြောပါတယ်။ အီရတ်နိုင်ငံက စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့နဲ့ အခုလအစောပိုင်းမှာ ပြင်သစ်က စတင် ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

ဒီအတောအတွင်း ပြင်သစ် သမ္မတ Francois Hollande က ကာကွယ်ရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ ပြင်သစ် နိုင်ငံသား တောင်တက် သမား တယောက်ကို IS နဲ့ ဆက်နွယ်နေတဲ့ အယ်လ်ဂျီးယားနိုင်ငံက စစ်သွေးကြွ အုပ်စုတစုက ခေါင်းဖြတ်ကွပ်မျက်လိုက်ပြီးတဲ့နောက် သမ္မတက အခုလို အစည်းအဝေးခေါ်ယူဖို့ ဆောင်ရွက်ခဲ့တာပါ။

အီရတ်နိုင်ငံအပေါ် ပြင်သစ်အနေနဲ့ လေကြောင်းက တိုက်ခိုက်နေတာတွေ ရပ်ဖို့ တောင်းဆိုအပြီး အသက် ၅၅ နှစ်အရွယ် Herve Gourdel ကို စစ်သွေးကြွတွေက ကွပ်မျက်ခဲ့တာပါ။ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုအပြီး IS စစ်သွေးကြွတွေအနေနဲ့ စစ်ပွဲကနေ ဆုတ်ခွါလို့ရချိန်မှာ ဆုတ်ခွါလိုက်ပါလို့ အမေရိကန်သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

IS စစ်သွေးကြွတွေအတွက် အကြမ်းဖက်သမားတွေ စုဆောင်းလို့ရအောင် ကမ္ဘာတ၀ှမ်းအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ဖန်တီးနေတာတွေကို နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း သမ္မတ အိုဘားမားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

"ဒီလိုအကြမ်းဖက်သမားတွေနဲ့ စေ့စပ်ဆွေးနွေးစရာ ဘာအကြောင်းပြချက်မှ ရှိစရာမလိုပါဘူး။ လူသတ်သမားတွေ နားလည်တဲ့ဘာသာစကားဟာ အင်အားသုံး ချေမှုန်းတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်အမေရိကန်အနေနဲ့ ဒီ သေမင်းတမန် ကွန်ယက်ကို ချေမှုန်းဖို့ နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်သွားပါမယ်"

သမ္မတ အိုဘားမားက ပြောတာပါ။ ညီလာခံစဖွင့်ဖွင့်ခြင်း အစောပိုင်းမှာတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဒေသတွင်းက အစွန်းရောက်အဖွဲ့တွေအကြောင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လွန်ခဲ့တဲ့အပါတ်ထဲမှာပဲ ဆီးရီးယားမြောက်ပိုင်းက လူပေါင်း ၁၃၀၀၀၀ ကျော်ကို နေရပ်ကနေ အိုးအိမ်စွန့်ခွါထွက်ပြေးအောင် IS စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့ကြပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ