Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်း



Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်းထားပါတယ်။

ပရိသတ်တွေအထင်လွဲမှာဆိုးလို့ ရှင်းပြပါ ရစေရှင်....Patricia ဘက်က camp သွင်းထားတဲ့ နေ့ ရက်တွေမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်..ပရိသတ်တွေ Voting လုပ်ဖို့ photo shoot ရိုက်ကူးတဲ့နေ့ မှာ တောင်အဖျား
တွေအရမ်းတက်ပြီးဘယ်လိုမှ နေလို့ မရတော့တဲ့အခြေအနေမှာတောင်အားမွေးပြီးသေသေချာချာဓာတ် ပုံရော၊ဗွီဒီယိုပါရိုက်ကူးပေးခဲ့ပါတယ်...

အခု Miss Myanmar World page ကတင်ထားတဲ့ status က Patricia ကိုပြိုင်ပွဲတစ်လျှောက် အားပေးနေတဲ့ပ ရိသတ်တွေနဲ့ Patricia ကြားမှာအထင်လွဲစေပါတယ်...Patricia ဟာဒီပြိုင်ပွဲကိုမပြိုင်ခင်ကတည်းက ပရိသတ်ရဲ့ အားပေးမှုနဲ့ အနုပညာလုပ်ငန်း တွေကိုကျောင်းတစ်ဖက်နဲ့ ကြိုးစားလုပ် ဆောင်နေသူပါ...

အခုလည်းပဲပြိုင်ပွဲတစ်ဖက် နဲ့ ကြေငြာတွေ music video တွေနဲ့ တခြား မဂ္ဂဇင်းတွေလည်းမပျက်ကွက်ရိုက် ကူးနေရပါ တယ်.နားရက်ပေးရင်လည်းတခြားပြိုင်ပွဲဝင် အမတွေအနားယူနေရတဲ့အချိန်မှာ Patricia ကအ လုပ်တွေဆက်တိုက်လုပ်ရပါတယ်.. Camp ကနေပြန်တဲ့အချိန်ဟာဘယ်လောက် ပဲမိုးချုပ်နေပါစေ..Patricia မှာအိမ်ကို တည့်တည့်မတ်မတ်မပြန်ရပဲ Shooting တွေနေ့ တိုင်းရိုက်ရပါတယ်...

အခုဆိုရင် ကျောင်းလည်းဆက်မတက်ရပဲပြိုင်ပွဲနဲ့  အနုပညာလုပ်ငန်းတွေကိုလုပ်နေရပါတယ်... Patricia ကိုယ်တိုင်အထက်ကလူကြီးကိုတင် ပြပြီးဘယ်နေ့ဘယ်ရက်မှာကြေငြာရိုက်ဖို့ ခွင့် ရက်ရမလဲဆိုတာသေချာ ခွင့်တောင်းပြီးမှသာ လျှင်ကြေငြာတွေကိုလက်ခံရိုက်ကူးရတာပါ ရှင်.အထက်ကလူကြီးက(၉)ရက်နဲ့(၁၀)ရက် ၂ရက်ခွင့်ပေးပါတယ်..အထက်ကခွင့်ပြုတဲ့ ရက်ကိုသာ Patricia တို့ ကအလုပ်လုပ်ခွင့် ရှိတာပါရှင်.. Miss Myanmar World အထက်ကလူကြီးကခွင့်မပေးပဲ Patricia ဘက်ကကြေငြာတွေလက်ခံလို့ မရပါ..

ဘယ်အလုပ်မဆိုနှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်နေ့ ရက်မျိုးကိုကြိုတင်ညှိနှိုင်းပြီးမှသာ လုပ်ဆောင်ရတာပါ. Patricia မနေ့ က training ဆင်းတဲ့နေ့ မှာပျက်ကွက်တာ မဟုတ်ပါ.Miss Myanmar World ကဒိုင်လူကြီးတစ် ဦးရဲ့ခွင့်ပေးတဲ့ရက် မှသာကြေငြာရိုက်တာပါ.. ပြီးကျတော့ Patricia ကြေငြာရိုက်နေတဲ့အချိန်မှာ Patricia ကို "ဒီနေ့ ဘာကြောင့်မလာတာလဲ" ဆိုပြီး ဂယက်တွေရိုက်ပါတယ်. Patricia မနေ့ က ရိုက်ကူးနေတဲ့ကြေငြာ မှာလည်း professional တွေအားလုံးနဲ့ အလုပ်လုပ် နေရတာပါ..Patricia စိတ်တွေအရမ်းညစ် လာပြီးအာရုံ
နောက်လို့ ဆက်မပြိုင်ဖြစ်တော့ကြောင်းအသိပေးခဲ့တာပါ..

Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့စကားကို လုံးဝလက်မခံနိုင်ပါ..ဒီပြိုင်ပွဲဆိုတာလည်း Patricia ရဲ့ ပရိသတ်တွေရဲ့ အားပေးတိုက် တွန်းမှုကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာပါ..ပြိုင်ပွဲ တစ်လျှောက် Patricia ကိုအားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုကျေးဇူးလည်းတင် တယ်..အခုလိုတွေဖြစ်ရတော့အားလည်း အရမ်းနာတယ်....Patricia နဲ့ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ပြိုင်ပွဲကိုမပြိုင်ဖြစ် တော့ပေမယ့်အားပေးနေ တဲ့ပရိသတ်တွေအတွက် Patricia ဝါသနာပါတဲ့အနုပညာ အလုပ်တွေကိုဆက်လက်လုပ်ဆောင်သွား ပြီးကြိုးစားသွားမှာပါရှင်....



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ